ကံတရားက ဘယ်လိုဖြစ်စေချင်တာလဲမသိဘူးဗျ လိုချင်တာက အကောင်တွေလေ
အခုရနေတာက ဆေးပုလင်းတွေ
ဆေးပုလင်းတွေကလည်း တစ်ခု နှစ်ခုတောင်မဟုတ်ပါဘူး အားလုံးခြောက်ပုလင်း
ဆေးပုလင်းများများရှိရင် ကါဒ်ကောင်းတွေရဖို့ မျှော်လင့်ချက် ပိုများတယ်လို့တော့ သိထားတယ် ဒါကြောင့် အခုကါဒ်တွေ မရသေးတာကလည်း နောက်ဆို ရလာဖို့အခွင့်အရေး ပိုများလာစေတယ်လို့ဘဲ ယူဆရတော့မယ်
အခုကါဒ်တွေက ဈေးအရမ်းတန်နေတော့ ပေးတာလည်း နည်းလာတယ် အရင်တုန်းကဆိုရင် ကါဒ်တွေချည့်ဘဲ လှိမ့်ပေးတာ အဲ့တုန်းက တန်ဖိုးထားရမှန်းမသိဘူး
ရတာနဲ့တန်းရောင်းခဲ့တာဘဲ အခုတော့ လိုက်လို့ကိုမမှီတော့ဘူး အခြေအနေက အရမ်းကွာသွားပြီ
ကါဒ်တွေလိုချင်လို့ ငွေပေးပြီး ဖွင့်ခဲ့ပေမယ့် အရင်းတောင် မကျေလိုက်ပါဘူး နောက်တစ်ခါတော့ မဝယ်တော့ဘူး
သူပေးတာလေးတွေဘဲ စောင့်ယူတော့မယ် လောဘကြီးတော့ သိပ်မကောင်းဘူး
ကစားသမားအသစ်တွေနဲ့ လေဗယ်နိမ့်ကစားသမားတွေအတွက် အခွင့်အရေးက အရမ်းနည်းလွန်းပါတယ် စိတ်မပျက်ဘဲ ဆက်ကစားရပါမယ် နောက်ပိုင်းအပြောင်းအလဲတွေမှာ ထူးခြားလာနိုင်တယ်လို့ထင်တယ်လေ
အခုတော့ အခွင့်အရေးနည်းပေမယ့် အားတင်းထားရလိမ့်မယ်
ဘာဘဲရရ ရတာလေးတွေကို ယူထားရမယ် နောက်ပိုင်း တန်ဖိုးရှိလာနိုင်တယ်ဆိုတာ လက်တွေ့ပါဘဲ
ဂိမ်းတွေက မထင်မှတ်ထားတာတွေ လုပ်ပြလေ့ရှိတယ်ဆိုတာ ခဏတမ်းကြုံရပါတယ် ကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင် ရသမျှ စုဆောင်းသိမ်းဆည်းထားရမှာပါဘဲ