VARနည်းပညာအကူအညီနဲ့အနီကတ်ထိခဲ့ရတဲ့အီဗရာဟီမိုဗစ်
မကြာသေးခင်ကပဲ အီဗရာဟီမိုဗစ်ဟာ သူလက်ရှိကစားနေတဲ့ အယ်လ်အေ ဂလက်ဆီ အသင်း နဲ့ မွန်ထရီရယ်အင်းပတ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ကို လက်နဲ့ရိုက်ခဲ့တဲ့ အတွက် အနီကဒ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ အီဗရာဟီမိုဗစ်ဟာ အဆိုပါ ပွဲစဉ် အတွင်း ပထမပိုင်းပြီးခါနီးမှာ ပြိုင်ဘက်အသင်းနောက်ခံလူ မစ်ချယ်ပီထရာဆိုက သူ့ကို နင်းမိလို့ဆိုပြီး နောက်စေ့ကို လက်နဲ့ရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ အလွနါလျှင်မြန်စွာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတဲ့အတွက် ကွင်းလယ်ဒိုင်ဟာ VAR နည်းပညာရဲ့ အကူအညီကိုရယူခဲ့ပြီး အီဗရာဟီမိုဗစ်ကို အနီကဒ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ဒါ့အပြင် တစ်ဖက် ကစားသမား ပီထရာဆိုကိုလည်း သတိပေးခဲ့ပါတယ်။
အယ်လ်အေဂလက်ဆီ အသင်းဟာ လက်ရှိချိန်မှာ မေဂျာလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် (၇)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက စပို့တင်းကန်းဆက်စီးတီး အသင်းနဲ့ (၁၁) မှတ် ကွာဟနေပါတယ်။
အီဗရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်ဆီအသင်းအတွက် ပထမဆုံးပါဝင်ကစားခဲ့တဲ့ ပွဲစဉ် (၃)ပွဲမှာ (၃)ဂိုး သွင်းယူပြီးနောက်ပိုင်း ကစားခဲ့တဲ့ (၅)ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။
photos credit to google and image source.
ref ; The Guardian