ရင်နာစရာခံစားချက်တွေကို ထပ်ခါထပ်ခါ အဖန်ဖန် ခံစားနေရရင်း ဒီခံစားမှုတွေကို မခံစားနိုင်တော့တဲ့အဆုံးမှာ ကိုယ်အရမ်းချစ်တယ်ဆိုတဲ့သူကိုလည်း သိစိတ်ကဖြစ်ဖြစ် ၊ မသိစိတ်ကဖြစ်ဖြစ် မုန်းလာတတ်ပါတယ်။ ဒီကတဆင့် မခံချင်စိတ်တွေဖြစ်ပေါ်လာနိုင်တယ်။ မုန်းတီးစိတ်ကလေးလှစ်ခနဲ ပေါ်လာချိန်နဲ့ မခံချင်စိတ်တွေ အားကောင်းချိန်မှာ ကိုယ်နာကျင်ခံစားရတဲ့ သူ့အပြုအမူ ၊ အပြောအဆိုတွေ ကြုံလာရင်တော့ ကိုယ်ချစ်တဲ့သူအပေါ် စိတ်နာသွားပါတော့တယ်။