Today I will write this post using burmese language. ဒီစိတ်ကူးကို ကိုမင်းစိုးနိုင်ရဲ့ ပိုစ့်ကို ဖတ်ပြီးရလာတာပါ။ ကို ရဲ့ ပိုစ့်ကို အောက်ကလင့်ခ် ဖတ်ကြည့်နိုင်ပါတယ်။
MSC Review နှင့် Steemit တွင်စာရေးနည်း
စာရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်အားသန်တဲ့ အကြောင်းအရာကို ရေးကြတာပါပဲ။ ဒီအတွက်ကိုတော့ အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ Steemit မှာစာရေးတာကို ပိုက်ဆံအတွက် သက်သက်ရေးတာကိုတော့ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒိလိုလုပ်ရင် အရမ်းပင်ပန်းပါလိမ့်မယ်။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လုပ်မှ အောင်မြင်မှာပါ။ ကိုယ်ရေးတဲ့ပိုစ့်တစ်ခုကို ကိုယ့်ဘာသာပြန်ဖတ်ကြည့်ပါ။ ငါ စာဖတ်သူကို ဘာပေးချင်တာလဲ။ ရသ တစ်ခုခုလား ဒါမှမဟုတ် သတင်းအချက်အလက် တစ်ခုခုလား ဒါမှမဟုတ် နည်းပညာတစ်ခုခုလား ဒါမှမဟုတ် motivation ပေးချင်တာလား ဒါမှမဟုတ် ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုမျှဝေချင်တာလား။ ကိုယ်ပေးချင်တဲ့ အချက် နဲ့ ကိုယ်ရေးထားတာနဲ့က ကိုက်ညီမှုရှိရဲ့လား။ ကိုယ်ကိုတိုင်တောင်မှ မဖတ်ချင်တဲ့ စာတစ်ပုဒ်ကို သူများက ဖတ်ချင်ပါ့မလား။သင်ရော ဘယ်လိုထင်ပါသလဲ။
နောက်တစ်ခုကတော့ စာဖတ်တာပါ။ လူတစ်ယောက်မှာ စိတ်ကူးဆိုတာ အမြဲတမ်းထွက်နေတာ မဟုတ်ပါဘူး။ အဲ့ဒိအတွက် စာဖတ်ပေးဖို့လိုပါတယ်။ သူများပိုစ့်တွေကို ဖတ်ဖို့လိုသလို အပြင်စာတွေလဲ ဖတ်ဖို့လိုပါတယ်။ အဲ့ဒိလိုဖတ်မှလဲ comment တွေကို မှန်မှန်ကန်ကန်ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်က သူများစာကို တလေးတစားဖတ်မှ သူများကလဲ ကိုယ့်စာကိုပြန်ဖတ်မှာပါ။ ကိုယ်ကလဲ သူများဖတ်ချင်တဲ့စာမျိုးရေးပေးဖို့လိုပါတယ်။
နောက်တစ်ခုက ပိုစ့်ရဲ့ တင်ပြပုံပါ။ Steemit မှာကတော့ blog ပေါ်မှာရေးသလို လှအောင်တော့ ရေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ javascript ကို သုံးလို့မရအောင် ပိတ်ထားလို့ပါ။ ဒါပေမဲ့ facebook ထက်တော့ လှအောင်ရေးလို့ရပါတယ်။ သူခွင့်ပြုပေးထားတဲ့ limit ထဲကနေ လှအောင်ရေးသွားရမှာပါ။ ပိုစ့်တွေကို သေသေသပ်သပ်နဲ့ ဆွဲဆောင်မှုရှိအောင်ရေးထားတယ်ဆိုရင် စာဖတ်သူတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

Promotion
ကျွန်တော် မြန်မာလိုရေးထားတဲ့ပိုစ့်တွေကို curate လုပ်ဖို့ ပြင်ဆင်နေပါတယ်။ 20-Sep-2018 လောက်မှာ စလုပ်ဖြစ်မယ်လို့ထင်ပါတယ်။ Guest curator အနေနဲ့ပါဝင်နိုင်ပါတယ်။ ဒါမှမဟုတ် အခြား အကူအညီတစ်ခုခုပေးမယ်ဆိုရင်လဲ ဝမ်းမြောက်ဝမ်းသာ လက်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင့်အသစ်တစ်ခုထပ်လုပ်ဖို့လိုမလို စဉ်းစားနေတုန်းပဲဖြစ်ပါတယ်။ တစ်ကယ်လို့ အကောင့်အသစ်လုပ်ဖြစ်မယ်ဆိုရင် ဘယ်လိုနာမည်ပေးရမလဲ ဆိုတာ စဉ်းစားပေးကြပါဦး။
Promo-steem ဆီက အကူအညီရဖို့မျှော်လင့်ချက်နဲ့ Facebook ပေစ့်တစ်ခုလုပ်ထားပါတယ်။ Steemit ပိုစ့်တွေနဲ့ steem promotion ကိစ္စတွေကို အဆိုပါ ပေစ့်ကနေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဘာဖြစ်လို့ curation program တစ်ခုလိုအပ်သလဲ။
MSC ဟာ ရဲ့ အောက်ကအဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ curation လုပ်တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အဲ့ဒိအစား promotion service တစ်ခုလို့ပဲ သုံးသပ်မိပါတယ်။ Quote the words of
.
I'm looking for curation rather than promotion services, so @cercle, @steem-myanmar, and similar are not eligible.Ref Link: https://steemit.com/curation/@tcpolymath/10-steem-bounty-tell-me-about-non-english-curation-initiatives
Universal Basic Income
Promoting Service
Building Network
https://discord.gg/RSrv669
MSU 080
Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=320

