ဘဝ တစ်ဆစ်ချိုး ၂
ကျွန်တော်တိုမြိတ်ကို ပြောင်းတဲ့ အချိန်က ကားလမ်းခရီးက သိပ်အဆင်မပြေပါဘူး လမ်းကအရမ်းကြမ်းသလို ဓားမြတွေကလဲ အရမ်းပေါတဲ့ခေတ်ပါ။အဲ့ဒီတော့ မြိတ်ကို ပြောင်းဖို့အတွက် ရေလမ်းခရီးကို အားကိုးရတဲ့ အခြေအနေပါ။
မော်လမြိုင်ကနေ ရန်ကုန် ပြန်သွား ရန်ကုန်ကနေ ကြယ်ငါးပွင့် သင်္ဘော တောင်ကြီး ဟာခါး မြစ်ကြီးနား စတာတွေနဲ့ ရခိုင် ရန်ကုန် မော်လမြိုင် ထားဝယ် မြိတ် ကော့သောင်း ကိုကိုးကျွန်း ကျွန်းပတ်ခရီးစဉ်နဲ့ လိုက်ခဲ့ရပါတယ်။ ကျွန်းပတ်က မော်လမြိုင်ကို ဝင်ရောက် ဆိုက်ကပ်တာ နည်းပါတယ်။မြိတ်ကို စထွက်တဲ့နေ့ သီလဝါ ဆိပ်ကမ်းမှာ ခရီးစဉ်တွေ စစ်ဆေး လူတွေလက်မှတ်စစ် အားလုံးပီးတော့ သင်္ဘောပေါ် တက်ပီး အနားယူ ကြပါ နောက် မိနစ် သုံးဆယ် ဆို သင်္ဘောထွက်ခွါပါ့မယ်လို့ ကြေငြာ သံကြားရပါတယ်။ကိုယ့်နေရာ က်ုယ်ရှာ ပစ္စည်းတွေစုံရဲ့လား ကြည့်အားလုံး စုံပီဆိုတော့ စိတ်ထဲမှာ အားတင်းထားရပါတယ်။မိမိတစ်ခါမှ မရောက်ဘူး မနေဘူးတဲ့နေရာ မြေပုံမှာဘဲ တွေ့ဖူးတဲ့ နေရာ ဘယ်လို အနေအထားလဲ မိမိတို့မိသားစုတွေ ဘယ်လို ရုန်းကန် ရှင်သန် ရမလဲ မသိတဲ့ အခြေအနေပါ။ခဏနေတော့ သင်္ဘောဆီက အုတ်သြဆွဲတဲ့အသံ မကြားရပဲ စစ်ဆေးရေး ဂိတ်ဆီး ခရာသံတွေ ကြားရပါတယ် တစ်ခုခုတော့ ဖြစ်ပီလို့ အတွေး ဝင်လာပါတယ်။စိုရိမ်စိတ်နဲ့ အပြင်လက်ရန်း ကုန်ဘောင်ဘက် ထွက်ကြည့် လိုက်ပါတယ် အခု မြိတ်မှာ မီးလောင်နေတယ်တဲ့။ MSU. 032