Photo Crd
ဒီတစ်ခါတော့မိမိအကောင့်ထဲက Steem Coin နဲ့ Steem Dollar ကိုဒီအတိုင်းမထားဘဲဈေးကွက်အပြောင်းအလဲပေါ်မှာလိုက်ပြီးအကျိုးအမြတ်ရယူနိုင်တယ်ဆိုတာပြောပြချင်ပါတယ်။ အခုအကြောင်းအရာကိုတော့ Steemit ရဲ့ Market ကိုကြည့်ပြီးအတွေ့အကြုံမရှိသူတွေအရင်းအနှီးအများကြီးမတတ်နိုင်တဲ့သူတွေလွယ်လွယ်ကူကူနဲ့ Trade နိုင်တာကိုသတိထားမိလို့အခုလိုပိုစ့်တစ်ခုအနေနဲ့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ (Crypto Currency ကိုပြင်ပ Market တွေမှာ Trade နေတဲ့ Professional သမားတွေအတွက်မရည်ရွယ်ပါ) ကျွန်တော်တို့ Crypto Currency တွေ Currency Pair တွေကိုပြင်ပ Market တွေမှာ Trade မယ်ဆို Site အလိုက် Deposit/Withdraw Fees တွေ Spread ဖြတ်တာတွေနဲ့ဆိုတော့တော်ရုံအတွေ့အကြုံမရှိသူအရင်းနှီးမရှိသူတွေအတွက်သိပ်ပြီးအဆင်မပြေလှပါဘူး၊ ဒီကြားထဲဆိုဒ်တစ်ခုနဲ့တစ်ခုချိန်းပြီးဝယ်ရောင်းလုပ်မယ်ဆိုတချို့ဆိုဒ်တွေမှာ Verify မဖြစ်လို့ထုတ်မရတာမျိုးတွေရှိတတ်ပါတယ်။ အခုဟာက Steemit ရဲ့ကိုယ်ပိုင် Market ဖြစ်လို့စိတ်ချရသလို Internal Transition ဖြစ်လို့ Transition Fees သက်သာမယ်၊ Steem နဲ့ SBD နှစ်မျိုးထဲ Trade ရတာဖြစ်လို့ခုမှစလုပ်မယ့်သူတွေအတွက်အာရုံနောက်သက်သာမှာပါ၊ သူတို့နှစ်ခုရဲ့ဈေးနုန်းကလဲကျွန်တော်တို့အတွက်အစိမ်းသက်သက်ကြီးမဟုတ်တဲ့အတွက်အမှားပိုနည်းပါလိမ့်မယ်၊ ပြင်ပ Market တွေမှာ Trade သလောက်အမြတ်မကြမ်းနိုင်ပေမဲ့ဒီအတိုင်းအကောင့်ထဲမှာအသေကြီးထားရတာနဲ့စာရင်တော့ပိုအကျိုးရှိမှာပါ။
နိဒါန်းပျိုးတာလဲလုံလောက်ပြီထင်ပါတယ်၊ အခု Trade ပုံလေးကိုကျွန်တော့်အကောင့်နဲ့လက်တွေ့ပြပါမယ်၊ ကျွန်တော့်အကောင့်မှာလောလောဆယ် Steem Dollar (SBD) 20 ရှိပါတယ် Steem ကတော့ 0 ပဲရှိလို့အရင်ဆုံး Steem ၀ယ်ပါမယ်၊ အဲဒီအတွက် Market ကိုသွားရပါမယ် Market ကိုသွားဖို့ဒီလင့်ကိုနှိပ်ပါ=>
https://steemit.com/market (သို့) အောက်ပါပုံအတိုင်း “STEEM DOLLARS” ဆိုတဲ့နေရာကအောက်မြှားလေးကိုနှိပ်ပြီး Market ကိုရွေးပါ…
Market ကိုရောက်ပြီဆို Steem ၀ယ်မှာဖြစ်လို့ဘယ်ဘက်က Buy Steem ဆိုတဲ့အကွက်ထဲမှာ Order ဖွင့်ရပါမယ်၊
အဲဒီမှာ Price ဆိုတာကိုယ်ဝယ်ချင်တဲ့ဈေးပါ၊ ကျွန်တော်က SBD $20 ဖိုးဝယ်ချင်တာဖြစ်လို့ Total ထဲမှာ 20 လို့ထည့်လိုက်ပါမယ်၊ အဲဒီအခါရရှိမယ့် Steem အရေအတွက်ကို Amount ဆိုတဲ့ထဲမှာပြပါလိမ့်မယ်။ တကယ်လို့ကိုယ်က Steem 20 လိုချင်တယ်ဆို Amount ဆိုတဲ့အကွက်ထဲမှာ 20 လို့ရိုက်ထည့်ပါ Total ထဲမှာပေးရမယ့် SBD ပမာဏပြပါလိမ့်မယ်။ Order ဖွင့်မှာသေချာပြီဆိုတစ်ချက်စစ်ပြီးအောက်က Buy Steem ဆိုတာကိုနှိပ်ပေးပါ။
ပြီးရင်အောက်ကပုံအတိုင်း Order List တွေရဲ့အောက်ဆုံးက Open Orders ဆိုတဲ့ခေါင်းစဉ်အောက်မှာကိုယ်ဖွင့်လိုက်တဲ့ Order လေးရောက်နေတာတွေ့ရပါလိမ့်မယ်။
တကယ်လို့ဖွင့်ထားတဲ့ Order ကို Cancel လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ ဈေးပြင်ချင်ရင်ပဲဖြစ်ဖြစ် Order ရဲ့နောက်ဆုံးမှာ Cancel ဆိုတာလေးနှိပ်ပြီးအတည်ပြုပေးရုံပါပဲအဲဒီအတွက် Fees ဖြတ်တာတွေငွေဆုံးရှုံးတာတွေလုံးဝရှိပါဘူး၊
အပေါ်ကကျွန်တော်ဖွင့်ခဲ့တဲ့ Order Complete ဖြစ်သွားပြီဆိုပါစို့၊ ကျွန်တော့်ဆီမှာ Steem ရှိတဲ့အတွက် SBD ပြန်ဝယ်ပါမယ်၊ အောက်ကပုံကိုကြည့်ပါ...
စောစောက SBD $20 နဲ့ဝယ်ထားတာ 16.67 Steem ရပါတယ်၊ အဲဒါကိုကျွန်တော်က $1.4 ဈေးနဲ့ပြန်ရောင်းမယ်ဆိုရင် $23.333 ရပါမယ်။ စောစောကလိုပဲ Order တင်လိုက်ပါအဲဒီ Order Complete ဖြစ်သွားပြီဆိုရင်ကျွန်တော့်အတွက်အမြတ် $3.333 ကျန်ပါမယ်။ ကဲ…ကျွန်တော်တို့အကောင့်ထဲမှာဒီအတိုင်းထားတာထက်စာရင်အဲလိုလေး Trade မယ်ဆိုကျွန်တော်တို့အတွက်ပိုမကောင်းဘူးလားဗျာ? တကယ်လို့ခဗျားမှာ Steem ရော SBD ရောရှိမယ်ဆို Order နှစ်ခုပြိုင်တူဖွင့်လို့လဲရပါတယ်။ ဈေးနနုးအတက်အကျကြည့်ဖို့ကတော့ Trading အခြေခံရှိတဲ့သူတွေဆိုပိုအဆင်ပြေပါလိမ့်မယ်၊ Binary တို့ Forex တို့ Trade တတ်မှမဟုတ်ပါဘူး၊ အခုဟာက Broker ခံပြီး Trade တာမဟုတ်ဘဲ Buy/Sell Trade တာဆိုတော့ Chart ကြည့်တာကလွဲရင်အဲဒီနည်းစနစ်တွေနဲ့လဲမတူပါဘူးလူတိုင်းလွယ်လွယ်ကူကူလိုက်လုပ်နိုင်မှာပါ။ Chart အတွက်အောက်မှာလင့်နှစ်ခုထည့်ပေးလိုက်ပါတယ်။ 24h, 7d, 14d, 30d, 60d, 90d, Maximum စသည်ဖြင့်Time Frame 7 မျိုးလောက်ပါလို့ဈေးနနုးကြည့်ဖို့အတွက်တော့အဆင်ပြေပါတယ်။
Steem/USD => https://www.coingecko.com/en/price_charts/steem/usd
SBD/USD => https://www.coingecko.com/en/price_charts/steem-dollars/usd
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...
Kyawsantun