အခုကျွန်တော်ရေးမယ့်အကြောင်းအရာကတော့တစ်အားကြီးထွေထွေထူးထူးခက်ခက်ခဲခဲမဟုတ်ပါဘူးတချို့လဲသိကြမှာပါ၊ တချို့ကလဲသိပေမဲ့ကျွန်တော့်လိုပဲသတိမထားမိတာမျိုးရှိပါလိမ့်မယ်၊ Steemit လုပ်နေတဲ့သူတွေအကုန်လုံး Crypto Currency ကိုင်တွယ်သုံးစွဲတတ်သလိုနည်းပညာနဲ့အလှမ်းဝေးတဲ့သူတွေမပါဘူးထင်ပါတယ်အနည်းဆုံးအခြေခံလောက်တော့တီးမိခေါက်မိရှိတဲ့အတွက်တအားကြီးတော့အသေးစိတ်ပြီးမရေးတော့ပါဘူး၊ အဆင်မပြေတာရှိရင်တော့ FB Chat Box ကနေဖြစ်ဖြစ်ပိုစ့်အောက်က Comment မှာဖြစ်ဖြစ်မေးလို့ရပါတယ်။
ကျွန်တော်တို့ Steemit ကနေ SBD တို့ Steem Coin တို့ပြန်ထုတ်ရောင်းတဲ့အခါ Steemit နဲ့ချိတ်ထားတဲ့ Block Trade ကနေ Bitcoin ပြန်ချိန်းရင် Fees အရမ်းများပါတယ်၊ တခြား changelly.com လို Exchanger တွေသုံးမယ်ဆိုလဲ Fees အတန်အသင့်များတဲ့အပြင် Limit တွေရှိလို့သိပ်အဆင်မပြေပါဘူး။ ဥပမာ၊ changelly.com မှာဆို Exchange လုပ်ဖို့ 19 Steem သို့ 19 SBD လောက်အနည်းဆုံးရှိမှလုပ်လို့ရပါတယ်။ ပမာဏနည်းနည်းပဲထုတ်ချင်ရင်လုံးဝအဆင်မပြေပါဘူး၊ အဲဒီအတွက် Crypto Currency Trading Market တွေကနေထုတ်လို့တော့ရပါတယ်ဒါပေမဲ့ Bitcoin နဲ့ချိန်းပြီးထုတ်မယ်ဆိုအခု Bitcoin ဈေးတက်နေတဲ့အတွက် Fees အရမ်းများသလို Pending လဲကြာပါတယ်၊ အဲဒီအတွက်ဈေးချိုတဲ့ Crypto Currency တစ်ခုအနေနဲ့ပြောင်းပြီးထုတ်ပါမယ်၊ Crypto Currency Trading Market တွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့က Verify ဖြစ်မှငွေထုတ်လို့ရတာတွေ Fees များတာတွေရှိပါတယ်၊ ကျွန်တော်ကတော့ Bittrex ကိုသုံးပါတယ်။ ကျွန်တော်လဲ Market အကုန်လုံးတော့မသိပါဘူးသူ့ထက်ကောင်းတာလဲရှိနိုင်ပါတယ် bittrex.com ကတော့ Verify ဖြစ်စရာမလိုသလို Fees လဲသက်သာပါတယ်(တခြားသူ့ထက်ကောင်းတာရှိရင်လဲ Comment ထဲမှာအကြံပြုခဲ့ပါ)။
ပထမဆုံး bittrex.com မှာအကောင့်ဖွင့်လိုက်ပါ၊ ပြီးရင်အပ်ါဘားက Wallet ဆိုတဲ့နေရာကိုနှိပ်ပါ၊ ပြီးရင် Search Box ကနေကိုယ် Deposit လုပ်မယ့် Currency ကိုရှာပါ၊ SBD, Steem စသည်ဖြင့်အတိုကောက်နဲ့ရှာလို့ရပါတယ်၊ အောက်ကပုံကိုကြည့်ပါ…
ကျွန်တော်က Steem Dollar ထုတ်မှာဖြစ်တဲ့အတွက် Steem ကိုရွေးလိုက်ပါတယ်။ အထက်ကပုံမှာမြင်ရတဲ့အတိုင်း Wallet တွေရဲ့ဘယ်ဘက်အစွန်ဆုံးမှာ (+) နဲ့ (-) ဆိုတဲ့သင်္ကေတနှစ်ခုရှိပါတယ်၊ Wallet ထဲကို Deposit လုပ်မယ်ဆို (+) နဲ့ Wallet ကနေ Withdraw လုပ်ဖို့အတွက် (-) ကိုနှိပ်ရပါတယ်။ Steem Deposit လုပ်မှာဖြစ်လိှု့Steem Wallet က (+) ကိုနှိပ်လိုက်ပါ၊ လွှဲရမယ့် Address နဲ့ Memo တစ်ခုပေးပါလိမ့်မယ်၊ Memo ကိုသေချာ Copy ကူးပါပြီးရင်အောက်ကပုံအတိုင်း bittrex ကို Amount ထည့်သူပေးတဲ့ Memo ထည့်ပြီးလွှဲလိုက်ပါ၊ လွှဲပြီး 1 မိနစ်လောက်နေရင် Bittrex Wallet ထဲကိုရောက်ပါလိမ့်မယ်။
Bittrex Wallet ထဲကို Steem ရောက်ပြီဆိုရင် Bitcoin နဲ့ Exchange လုပ်ပါမယ်၊ Steem ကို Exchange လုပ်ဖို့အတွက် Bitcoin တစ်ခုပဲရှိတာမို့အရင်ဆုံး Bitcoin Change ရပါမယ်။ Bittrex ရဲ့ Steem Wallet က Symbol “Steem” ကိုနှိပ်လိုက်ပါ။ SteemBTC Market ကိုရောက်သွားပါလိမ့်မယ်။ Market Chart အောက်မှာ BUY STEEM နဲ့ SELL STEEM ဆိုပြီးအကွက်နှစ်ခုရှိပါလိမ့်မယ် Steem ရောင်းမှာဖြစ်လို့ Sell Steem မှာရောင်းရပါမယ်။ အဲဒီမှာဘယ်ဈေးနဲ့ရောင်းချင်လဲကိုယ်တိုင်သတ်မှတ်လို့ရပါတယ်၊ ချက်ချင်းရောင်းထွက်ချင်ရင် Price မှာ Down Arrow လေးကိုနှိပ်ပြီး Bid ဆိုတာထားပါ၊ ကိုယ်ရောင်းမယ့်ပမာဏနဲ့သတ်မှတ်ထားတဲ့ဈေးကိုလိုက်ပြီးရမယ့် Bitcoin ပမာဏကိုအောက်မှာပြထားပါတယ်ရောင်းမှာသေချာရင် Sell Steem ဆိုတဲ့အောက်ကအပြာရောင်ခလုပ်လေးကိုနှိပ်လိုက်ပါ….
Order Complete ဖြစ်ရင် Bittrex Wallet တွေထဲမှာ Bitcoin ကိုရှာကြည့်ပါရောင်းလို့ရတဲ့ Bitcoin တွေတွေ့ရပါလိမ့်မယ်၊ Wallet က (-) ကိုတစ်ချက်နှိပ်ကြည့်ပါ၊ Withdraw Fees က 0.001 BTC ဖြစ်လို့ယခု BTC ဈေးနဲ့ဆို $4.3 ကျော်ကျပါလိမ့်မယ်။ Fees များလွန်းပါတယ်အဲဒါကြောင့်တခြား Coin ပြောင်းထုတ်ပါမယ် Wallet ထဲမှာ Coin တွေလိုက်ရှာပြီးဘယ်ကွိုင်က Fees သက်သာလဲ (-) နှိပ်ကြည့်ပါ၊ ကျွန်တော်ကတော့ Dogecoin နဲ့ပြောင်းထုတ်ပြထားပါတယ် 1 Doge ကိုလက်ရှိ $0.0017 ပေါက်ဈေးရှိပြီး Withdraw Fees က 2 Doge ဆိုတော့ 0.0034$ လောက်ပဲကျမှာပါစောစောက BTC Fees $4.3 ကျော်နဲ့ယှဉ်ရင်အဆပေါင်း 1200 ကျော်ပိုသက်သာပါတယ်။ အဲဒါကြောင့်စောစောက SteemBTC ချိန်းခဲ့သလိုပဲ Bitcoin ကနေ Dogecoin ကိုချိန်းလိုက်ပါ။ Dogecoin ရလာပြီဆိုရင် Wallet ကနေ (-) Sign ကိုနှိပ်ပြီး Withdraw လုပ်လိုက်ပါ။ Withdraw Order Pending ဖြစ်နေပါလိမ့်မယ်၊ E-mail ထဲကိုဝင်ပြီးတော့ Bittrex ကပို့ထားတဲ့ Withdraw Approve Mail တစ်စောင်ဝင်လာပါလိမ့်မယ် Approve လုပ်လိုက်ပါတစ်မိနစ်အတွင်း Withdraw Complete ဖြစ်သွားပါလိမ့်မယ်။ အသေးစိတ်မရေးတော့ဘူးဆိုပေမဲ့အသေးစိတ်ပဲဖြစ်သွားပါတယ် :)
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်…
Kyawsantun