ရင်ကွဲနာ
နင့်ကို ငါမမုန်းပါဘူး..
မဆုံနိုင်မှန်းသိရဲ့သားနဲ့
ဆုံဆည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကြီးကိုပဲ
ငါ.... အပြစ်ဆိုချင်ခဲ့တာပါ။
နင့်ကို ငါသတိရတိုင်း လွမ်းနေခဲ့တာပါ..
ကျေးဇူးပြုပြီး ငါ့စကားတွေကို...
မယုံချင်နေပါ ပြက်ရယ်မပြုပါနဲ့
မယုံချင်နေပါ မလှောင်ပါနဲ့။
အရင်လို မင်းနဲ့ငါနဲ့က
ရှေ့ဆက်သွားနေတုန်းပါပဲ..
ဒါပေမဲ့ တယောက်တလမ်းစီ
ဖြစ်သွားခဲ့ပြီ ဆိုတာ နောက်မှငါသိခဲ့ရတယ်။
18+ဆိုလို့  လိင်မှုကိုပဲ ရည်ရွယ်တာမဟုတ်ဘူးပေါ့ကွယ်
ဒါကြောင့်လည်း ရင့်ကျက်တဲ့စိတ်နဲ့  ငါမင်းကိုချစ်တယ်....
မင်းရဲ့အပြုံး မင်းရဲ့ကိုယ်လုံးထက်
မင်းအကျင့် မင်းသိက္ခာကို ချစ်နေရသူပါ...
သဘောထားကြီးတာလေးကို လေးစားတယ်
ကလေးလို ရစ်တာလေးကို အသဲယားတယ်...
မင်းကိုယ်ကျင့်သိက္ခာမင်းအလှ မင်းအပြုံး
ဒါတွေအားလုံးဟာ
ချစ်မြတ်လေးစားရခြင်းမှာ
အကျုံးဝင်လေရဲ့...
အကြိုက်မတူ
အသိမတူ
ဖြတ်သန်းခဲ့ပုံတွေမတူလို့ 
အတွေ့ အကြုံတွေလည်း မတူကြဘူး
မင်းမြင်သလို ကိုယ်မမြင်တဲ့အခါ ကိုယ့်ကိုနားလည်ပေးပါ
ကိုယ်အမြင်ကို့ မင်းသဘောမတူတဲ့အခါလည်း
လိုက်လျောနားလည်ပေးမယ်
ဒါဟာ အချစ်ရဲ့ ညီမျှခြင်းပေါ့ကွယ်
မဖြစ်နိုင်မှန်းသိပေမဲ့
ဖြစ်နိုင်ရင် အချိန်တွေနောက်ပြန်ဆုတ်ချင်တယ်..။
သေချာတယ်..
လူတိုင်းမှာ ငါ့လိုပဲ
နောက်ပြန်ဆုတ်ချင်ခဲ့တဲ့.. နေ့တရက်ရက်တော့
ရှိနေလိမ့်မယ်..။
Writer by@onlinehunter
Thank esteem & good-karma