တစ်ခုခုကို အရမ်းဆွဲလန်းသွားရင်
အဲ့ဒီလူဟာ ထိုနေရာမှာ ပိတ်လှောင်ခံနေရပါပြီ။
သူရဲ့ဘဝထိုနေရာမှာ ပဲအဆုံးစသတ်နေပါပြီ။
စွဲလန်းတယ်ဆိုပြီး မူးယစ်ဆေးဝါး
တစ်ခုထဲမထင်လိုက်ပါနဲ့မိတ်ဆွေ။
အခြားသော ဆွဲလန်းခြင်းတွေ များစွာရှိပါတယ်။
ဥပမာ ဂိမ်းဆော့ရတာ စွဲလန်းနေခြင်း
လူတစ်ယောက်ကိုစွဲလန်းခြင်း အစစဘအမျိုးမျိုးရှိပါတယ်
ဒါကြောင့် စွဲတယ်ဆိုတာဘာလဲဆိုတာ အရင်ဆုံးသိရမယ်
စွဲလန်းသွားပြီဆိုကတည်းက အဲ့နေရာမှာ
စိတ်ရောကိုယ်ပါ နစ်သွားပါပြီ
အဲ့လိုနစ်သွားတဲ့ချိန်မှာ ပြန်လွတ်လမ်းကိုရှာဖို့မလွယ်တော့ပါဘူး
ဥပမာ အရက်စွဲတဲ့သူတစ်ယောက်မှာ
သူ့အတွက် အရက်ဖိုးရဖို့ ကြံနေရတာနဲ့
အရက်ဖြတ်ဖို့နည်းလမ်းရှာဖို့ အချိန်မရှိတော့ဘူး
ဘာကြောင့်လဲ ဆိုတော့
အရက်က သူ့ကိုလွမ်းမိုးနေပြီလေ။
သူ့မှာ ပိုက်ဆံရှိရင်သောက်မယ်
မရှိရင် ရနိုင်တဲ့နေရာကြံမှာပဲ။
အခြားအလုပ်နဲ့ ပတ်ဝန်းကျင်ကိုလဲ မကြည့်တော့ဘူး
သူ့အတွေးထဲမှာ အရက်သောက်မယ်ဆိုတာတစ်ခုပဲ
စဉ်းစားနေတော့တယ်။
စွဲတယ် ဆိုတာဒီလိုပါပဲ။ သူစွဲလန်းတာ မသိသေးရင်
လွတ်မြောက်ဖို့ မလွယ်တော့ပါဘူး
လောင်းကစားစွဲလန်းသူ
မူးးယစ်ဆေးစွဲလန်းသူ
ဂိမ်းဆွဲလန်းသူ ရုပ်ရှင်စွဲလန်းသူ
အားလုံး အတူတူပါပဲ။
အဲ့တာကြောင့် စွဲလန်းနေတယ်ဆိုတာ သိနိုင်အောင်ကြိုးစားပါ
ပြီးရင် ထိုစွဲလန်းမှုမှ လွတ်မြောက်နိုင်ရန်
နည်းလမ်းရှာပါ။ တစ်နေရာထဲမှာ
မိမိဘဝကိုအပိတ်လှောင်မခံပါနဲ့မိတ်ဆွေ။
ရေးသားသူ ဇင်ကိုလွင် (Play Boy Lso)
Photo are credit to Tokyo Ghoul