ဒီနေ့တော့ ဆုတို့ပတ်ဝန်းကျင်မှာ အလွယ်တကူမြင်တွေရပီး ဆေးဘက်ဝင်တဲ့ ကံ့ကော်ပင်လေးအကြောင်းလေ့လာထားမိသလောက်ပြန်လည်မျှဝေချင်လို့ပါ professional ဆန်ဆန်လေ့လာထားတာမဟုတ်လို့အမှားပါရင်ခွင့်လွှတ်စေချင်ပါတယ်
ကံကော်ပင်ကို သိပ္ပံလို Mesua ferrea လို့ခေါ်ပီးသူ့ကိုအာရှတိုက်မှာတွေ့ရများပါတယ် အိန္ဒိယ ၊သီရိလင်ကာ နီပေါတောင်ပိုင်း၊ မြန်မာ၊ ထိုင်း၊မလေးရှား၊ဆူမားတြားကျွန်းဆွယ်တွေ မှာတွေ့ရများပါတယ်။ကံကော်ပင်မှာ fatty acidလည်းကြွယ်ဝစွာပါဝင်ပါတယ်။
ကံကော်ပင်က အဓိကအားဖြင့် bleeding disorder တွေကိုကုသပေးပါတယ်။ူ့ ကံ့ကော်ရွက်မှာပါဝင်တဲ့ haemostatic နဲ့ anti-inflammatory ဓာတ်တွေကြောင့်လိပ်ခေါင်းကြောင့်သွေးယိုစီးမှုဖြစ်ခြင်း ၊အမျိုးသမီးများဓမ္မတာလာစဉ် သွေးအလွန်အကျွံဆင်းခြင်း ၊blood capillaries လေးတွေမှာ သွေးယိုစီးမှုဖြစ်ခြင်း၊ ဆီးလမ်းကြောင်းမှာသွေးပါခြင်း စသည့် ရောဂါတွေကိုကုသရာမှာအစွမ်းထက်လှပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေတွက် လတ်ဆတ်လှတဲ့ကံ့ကော်ရွက်လေးဟာ အလွန်အသုံးဝင်လှပါတယ်။အရွက်ကိုခြေပီး ဒဏ်ရာပေါ်အုံခြင်း အရွက်ကိုပြုတ်သောက်ခြင်းဖြင့်သက်သာနိုင်ပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေဆိုအိမ်မှာကံ့ကော်ပင်စိုက်ထားသင့်နော် 😁။ source from google
ဒါ့အပြင် သာမန်ချောင်းဆိုးနှာစေးခြင်း၊လေပွခြင်း၊ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းများကိုလည်းကုသပေးပါတယ်။ဦးနှောက်ပင်ပန်းခြင်း စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းတွေမှာ ကံကော်ရွက်ကိုပြုတ်တိုက်ရင် သက်သာကောင်းမွန်နိုင်ပါတယ်။
ကံ့ကော်ပင်ကို အရွက်၊အပွင့်၊ အဖူး၊အခေါက်နဲ့ stamenလို့ခေါ်တဲ့အပွင့်မှာပါတဲ့ ဖိုအဂါင်္ လေးတွေကို ဆေးအဖြစ်ထုတ်လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆို ဆုတို့လူကြီးမိဘတွေကတော့ ကံ့ကော်ရွက်ကို ပြုတ်သောက်ခြင်း၊အခေါက်ကိုသွေးလိမ်းခြင်း သောက်ခြင်း၊ အရွက်ကိုချေ ပြီး သွေးထွက်တဲ့ဒဏ်ရာပေါ် လိမ်းခြင်းစသည့်ရိုးရာနည်းလမ်းလေးတွေကို
သုံးလေ့ရှိကြပါတယ်။
ကဲဒီလောက်ဆို အမြင်လည်းလှ ရနံလည်းမွှေးတဲ့ ကံကော်ပင်လေးရဲ့ အသုံးဝင်ပုံနဲ့ ဆေးဘက်ဝင်မှုတွေကြမ်းဖြင်းသိလောက်ပြီပေါ့နော် 😁။ရေးသားခဲ့တဲ့ထဲအမှားပါရင် နားလည်ပေးပြီး ထောက်ပြစေချင်ပါတယ်။အားလုံးကိုချစ်ခင်လေးစားလျက်
SuMyintMyatHtun