ကျွန်တော်ကတော့ SCT ကနေ အကျိုးအမြတ်သိပ်ရမယ်လို့ မထင်မိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူလဲပဲ Powerup (Steemit) တဲ့ နည်းစနစ်မျိုးသုံးရတာမို့လိုပါ။ ကျွန်တော်တို့ Steemit ကို သုံးပြီး ပိုစ့်မတင်ရခြင်းနဲ့ အကြောင်းပြချက်ချင် တူပါတယ်။ သူ့ဆီက အပ်ဗုတ်မရနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ SCT ကို သုံးရင် ဒီအခက်အခဲကို ကျော်လွှားနိုင်မလား။ Steemit ကိုသုံးတာထက်တော့ ပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ Stake holder တွေကရော ကိုယ့်ကို ဗုတ်ပေးပါ့မလား။ ကိုယ့်အချင်းချင်း ဗုတ်ပေးရင်ရော ဘယ်လောက် ပမာဏအထိ တက်လာမယ်လို့ ထင်ပါသလဲ။
သူ့ရဲ့ wallet ကို နှိပ်လိုက်တဲ့အခါမှာ Steem engine ကို ရောက်သွားပါတယ်။ ကျွန်တော့်တို့ ဒိမတိုင်ခင်မှာ scot ကို စမ်းသပ်ခဲ့ပါသေးတယ်။ SCT မှာလဲ scot funtion ကို ထည့်ထားမယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဆီမှာ SCT tokens ရှိနေမှ ဖြစ်မှာပါ။ ဒါမှမဟုတ်ရင်လဲ တိုကင်ရှိနေတဲ့သူက အပ်ဗုတ်ပေးမှ ရမှာပါ။ ကံကောင်းကျပါစေဗျာ။