Ae Dil Hai Mushkil (2016)
အချစ်ဒရာမာဇာတ်ကားကြည့်ပြီး
မျက်ရည်ကျမိတဲ့အခိုက်အတန့်ဆိုတာ
ကျနော်တို့လိုယောက်ျားလေးတွေအတွက်
(အထူးသဖြင့်ကိုယ့်အတွက်)အတော့်ကိုရှားပါးတဲ့ဖြစ်ရပ်
ဒါပေမယ့် ဒီဇာတ်ကားမှာဘယ်လိုမှ
ဟန်မဆောင်နိုင်လောက်အောင်ထိုင်ငိုမိခဲ့တယ်လို့
့ပြောရင် ခင်များတို့ယုံကြည်ဖို့ခက်မယ် ထက်ပြောရရင်
တစ်လုံးမှ နားမလည်တဲ့ ဇာတ်ဝင်တေးအခန်းမှာ
မင်းသားအဖြစ်ကိုကြည့်ပြီး မျက်ရည်တွေထိန်းမရအောင်
ကျခဲ့တာဆိုရင်နဲနဲတော့များတယ်ဆိုကြမလားပဲ
ကိုယ်တိုင်ကိုယ်ကျ ခံစားသက်ဝင်ကြည့်တဲ့အခါမှ
ကျနော်ပြောနေတာထက်
လေးနက်တဲ့ခံစားမှုတွေကို မြင်တွေ့လာရပါလိမ့်မယ်
ဒီဇာတ်ကားကိုရိုက်တဲ့သူကလည်း ကျနော်တို့
ငယ်ငယ်ထဲကလူမျိုးမရွေးအသည်းစွဲနစ်ခြိုက်
အားပေးခဲ့ရတဲ့Kuch Kuch Hota Hai လို သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးအသားပေးရိုက်တတ်တဲ့
Karan Joharလက်ရာပါပဲ
ဒီကားမှာ နောက်ထပ် Hit scene လို့ပြောရမယ့်
အခန်းတစ်ခုကတော့ ဧည့်သည်သရုပ်ဆောင်အနေနဲ့
တစ်ခန်းမျှသာပါဝင်ခဲ့ပေမယ့် ကြက်သီးထစေလောက်တဲ့
Dialogue တစ်ခုနဲ့တင် တစ်ဖက်သတ်အချစ်နဲ့
ကြိတ်ခံစားနေရတဲ့သူတွေအတွက်အားဆေးတစ်ခွက်ပါပဲ
သူပြောသွားတာဇာတ်ဝင်ခန်းကိုပြန်ကောက်နှုတ်ပြရရင်
"- အဲ့ဒါကမခက်ခဲဘူးလား
ဘာကလဲ ?
ခများကိုပြန်မချစ်လာနိုင်တော့တဲ့သူကို
ချစ်နေရတာကလေအဲ့ဒါက ကမ္ဘာပေါ်မှာ အလှပဆုံးသောခံစားချက်ပဲလေ
စိတ်အားငယ်ရတာမျိုးရောမရှိဘူးလား ?
ဘယ်ဟုတ်ပါ့လဲ
တစ်ဖက်သတ်ချစ်နေရတဲ့အချစ်လောက်
စွမ်းအားကြီးမားတဲ့အရာမရှိတော့ဘူး
အဲ့တာဟာလည်း နှလုံးသားထဲမှာ တစ်ယောက်ထဲပဲသိတယ် " တဲ့
ချစ်သူနှစ်ဦးရဲ့ Relationship အချစ်ပုံစံမျိုးထက်
သူငယ်ချင်းကောင်းတွေရဲ့စိတ်ဓာတ်မျိုးနဲ့
အပြန်အလှန်ဖေးမသွားရင်းဖြစ်လာတဲ့သံယောဇဉ်က
ပိုမိုခိုင်မြဲပြီး ဖြူစင်တယ်ဆိုတာပုံဖော်သွားတော့
တော်ရုံအချစ်ဇာတ်လမ်းလောက်နဲ့ရင်ထဲမရောက်တဲ့
ကျနော့်အတွက်တောင် ပြောစမှတ်ကျန်ခဲ့မယ့်
ရုပ်ရှင်ကောင်းတစ်ခုပါပဲ
PS. နားမလည်ပဲ မျက်ရည်ကျမိလောက်တဲ့သီချင်းကို
Down ပြီး ခူထိနားထောင်နေတုန်းပဲ
#Romantic_Drama_week
Photo from FB