ကျိုင်းတုံမြို့ရိုး မြို့တံခါးအကြောင်း
ကျိုင်းတုံရာဇဝင် "ဆစ်ဆောက်ဖတ်တူဟိုမူယန်းခမ်း'' ဆိုတဲ့စကားနဲ့အညီ ဆစ်ဆောင်= 12 ဖတ်တူ= တံခါး ဟိုမူယန်းခမ်း=ဝက်ခေါင်းပုံ ယန်းခမ်းတံခါး ကျိုင်းတုံဆိုတာ ရှေးပဝေသဏီ စော်ဘွားလက်ထပ်ခေတ်အဆက်ဆက်မင်းလုပ်အုပ်ချုပ်လာခဲ့တဲ့ ဂုံရှမ်းလူမျိုးတို့ရဲ့ မင်းနေပြည်တော် ခေမရဌ်တိုင်းဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် မင်းနေပြည်တော်အင်္ဂါရပ်နဲ့အညီ ဟော်နန်းတော်အဆောင်ဆောင် မြို့ရိုး ကျုံး မြို့တံခါးများဖြင့်တစ်ချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့တဲ့ မြို့တော်ကြီးဖြစ်ခဲ့ပါတယ်။ မြို့တံခါးကြီး ၁၂ပေါက်နှင့်ခံတပ်နှစ်ခုရှိခဲ့သည့် မြို့ဖြစ်ပါတယ်။ ခံတပ်တစ်ခုကတော့ ယန်းခမ်းဝက်ခေါင်းပုံ တံဆိတ်ရှိ ယန်းခမ်းတံခါး ရှိပြီး ခံတပ်ရှိခဲ့ပါတယ်။ ခံတပ်နေက်တစ်ခု ကတော့ စွမ်မွန်းသစ်တစ်ပင်ကုန်းနေရာဟု ခန့်မှန်းရပေသည်။ မြို့ရိုးတည်ဆောက်တဲ့ပုံသဏ္ဌန်ဟာ အရမ်းကိုရှေးကြလှပါတယ် များသောအားဖြင့် နှောင်းပိုင်းခေတ်မှာ မြို့ရိုးမြို့တာကို လေးဒေါင့်ပုံတည်ဆောက်ကြပါတယ် လေးဒေါင့်မတိုင်ခင်ရှေးကြတဲ့မြို့ရိုးပုံစံကတော့ Lanna ယဉ်ကျေးမှုအယုံကြည့်တစ်ခုအရ မြို့ကိုမင်္ဂလာရှိစေရန် ခရုသင်း ပုံစံတည်ဆောက်တက်ကြသည့် နှစ်ပေါင်း ထောက်ကျော်ကြာမြင့်ပြီဖြစ်တဲ့ Phrae မြို့တော်မြို့ရိုးသည် ခရုသင်းပုံစံဖြစ်သည် ကျိုင်းတုံမြို့ ရိုးပုံစံသည်လည်းခရုသင်းပုံစံကဲ့သို့ ယူထားချင်းဖြစ်ပါတယ် ဤအယူအစသည် ရှမ်းလူမျိုးတို့၏ယုံကြည်ချက်တစ်ခုဖြစ်သည်။
မြို့တော်သည်တောတောင်ထူထပ်ကူကုန်းမြင့်ပေါ်တည်ရှိသောကြောက် ရေကျုံးမတူးဖော်နိုင်ဘဲ မြေကျုံးအဖြစ်သာထားရှိသည်ကိုလေ့လာမြင်တွေ့ရပေသည် ။ ရွံကျုံး ရေကျုံး ဆူးကျုံး အစရှိသည့်ကျုံးအမျိုးမျိုးရှိသည့်အနက် ကျိုင်းတုံကျုံးမှ မြေကျုံးအမျိုးစားဖြစ်ပေသည်။ ပထမဦးစွာ ကျိုင်းတုံစော်ဘွားကြီး (ကောင်ရတနဖေးရီး) လက်ထပ်တော်တွင်တည်ဆောက်ခဲ့ချင်းဖြစ်သည် သို့သော် ခေတ်အဆက်ဆက်စစ်ဘေး ဒဏ်ကိုခံနိုင်ရန်ပြုပြင်လာခဲ့ကြသည် မူလတည်ရှိသော မြို့တံခါးရှစ်ခု မှာ ကျောက်သားဖြင့်တည်ဆောက်ထားသည်
၎င်းမြို့တံခါးရှစ်ခုအမည်မှာ (1-ဖတ်တူပါလျှံ)
(2-ဖတ်တူကျိန်းလန် (3-ဖတ်တူငမ်ဖ)(4-ဖတ်တူနှောင်ဖါ) (5-ဖတ်တူကျိတ်မိန်း) (6-ဖတ်တူယန်းခမ်း) (7-ဖတ်တူနှောင်လိတ်)(8-ဖတ်တူယန်းပိမ်)တိုဖြစ်ပါတယ်။ ဖတ္တူ ခ ဖတ်တူရဲ့အဓိပ္ပါယ်ကတော့ တံခါးဖြစ်ပါတယ်။
ထို့နောက် ကျိုင်းတုံစော်ဘွားကြီး (စောဝ်မဟာခနန်) ဘွဲ့တော်= စောဝ်ဖှလုံ ခေမာရဌမဟာ သီဟပဝရသုဓမ္မရာဇာ ဘူမိန္ဒဓိပတိရာဇ ဘွဲ့တော်ကို မြန်မာဘုရင် ပဒုံမင်းပေးအပ်တဲ့ ဘွဲ့တော်ဖြစ်ပါတယ်။ စောဝ်မဟာခနန်လက်ထပ်တော်မှာ စစ်ဒဏ်ကြောင့်ပျက်စီးနေသောမြို့ရိုး မြို့တံခါးများကိုပြန်လည်ပြုပြင်ပါတယ် (1819) ခုနှစ်မှာ ကျိုင်းတုံမြို့ရိုးမြို့တာကို ပြုပြင်တိုးချဲ့ပါတယ် သုံးနှစ်အကြာတည်ဆောက်ခဲ့ရပါတယ် လေးမိုင်နဲ့ တစ်ဖါလုံအရှည်ရှိမြို့ရိုးကြီးနဲ့ကျုံးကို (1833)ခုနှစ်မှာအပြီးသက်ပါတယ် နောက်ပိုင်းတိုးချဲ့တည်ဆောက်တဲ့မြို့တံခါး 4 ခုကတော့ (1-ဖတ်တူကိုင်ဟိုင်) (2-ဖတ်တူဖါယန်) (3-ဖတ်တူနမ့်ဝေါ်အွဲ ခ ယန်းကုန်း) (4-ဖတ်တူမင်္ဂလ) တို့ဖြစ်ပါတယ် ရှေးတစ်ချိန်က မြို့ရိုးများပေါ်တွင် သူရဲခိုများပါဝင်ကြောင်း သမိုင်းမှတ်တမ်းများတွင် လေ့လာမြင်တွေ့ရပါတယ်။ စုစုပေါင်း ကျိုင်းကျိုင်းတုံမြို့တံခါး 12ပေါက်မှာ
1=မင်္ဂလာတံခါ (ယခု လေယာဉ်ကွင်းလမ်း ကောင်းဆန်းရွာအနီး)
2=ပါလျှံတံခါး (ယခု အမှတ် (၃)ရပ်ကွက် လွယ်မွေလမ်းမ) 2013တွင်ပြုပြင်
3=ကျိုင်းလန်းတံခါး (ကျိုင်းလန်းရပ် တာချီလိတ်လမ်းမ)
4=ငမ်ဖတံခါး (သစ်တစ်ပင်ကုန်းရှိ စွမ်မွန်းကျောင်းနှင့်ဝါးကျောင်း)
5=ဖါယန်တံခါ (ကုန်းကျောင်းရပ်မှ ထတ်ရှဲန်မိန်းစေတီသွားလမ်း)
6=ကျိတ်မိန်းတံခါး (ကျိတ်မိန်းအခါရွာအနီး)
7=ယန်းခမ်းတံခါး (တောင်ကြီးလမ်းမစွမ်ဆတ်ကုန်း)
8=နှောင်လိတ်တံခါး (နွဲ့နောရပ်နှင့်နောင်လိတ်ရွာအကြား)
9=နောင်ဖါတံခါးကြီး (နောင်ဖါရွာ မိန်းယန်းလမ်း)
10=ကိုင်ဟိုက်တံခါးကြီး (နွဲ့နောရွာမှ ယန်းပိန်ရေတွင်းလမ်း) ကိုင်ဟိုင်အဓိပ္ပါယ်ကတော် ထွက်သွားတဲ့ကြက်တောင် ပြန်ဝင်လို့မရဘဲငိုတဲ့တံခါးလို့ အဓိပ္ပါယ်ရပါတယ်
11=ယန်းပိန်တံခါးကြီး (ခေမင်းကျေင်းအနီး) တစ်ချိန်က လူသေအလောင်းထုတ်ရာ ထွက်သည့်တံခါးဖြစ်ပါတယ်
12=ယန်းကုန်းတံခါးသို့မဟုတ် နမ့်ဝေါ်အွဲတံခါး (ယန်းကုန်းရွာ ရပ်ကွက်(၄) ရုံးနေရာ ယန်းကုန်းမှကတ်ဖရွာသွားလမ်းတို့ဖြစ်ပါတယ်။
ဒါကတော့ ကျိုင်းတုံမြို့ရိုးမြို့တာနဲ့ပတ်သက်တဲ့ သမိုင်းတစ်စိတ်တစ်ဒေသသိရှိနားလည်စေရန် ရှားပါးသမိုင်းဓါတ်ပုံများကို မူရင်းပိုင်ရှင်များထံမှ ရှာဖွေပြီး တင်ပေးလိုက်ရပါတယ်။
source - Tai History
photo from google