နောက်ထပ် ပွဲတစ်ပွဲမှာ မြင်တွေ့ရမယ့် မေဝယ်သာ
ကမ္ဘာ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အားကစားတစ်ခုဖြစ်တဲ့ ဘောက်ဆင်လောကမှာတော့ ဘုရင်တစ်ပါးအဖြစ် ရှုံးပွဲမရှိ စံချိန်နဲ့ ရပ်တည်နေတာကတော့ အားလုံးသိကြတဲ့အတိုင်း မေဝယ်သာလို့ ဆိုရမှာပါ။
စိန်ခေါ်လာတဲ့ သူတိုင်းကို ပြန်လည် တုံ့ပြန်ဖို့ အဆင်သင့်ရှိနေတဲ့ သူဖြစ်တဲ့အတိုင်း လာမယ့် ဒီဇင်ဘာလအတွင်းမှာတော့ မေဝယ်သာရဲ့ ပွဲတစ်ပွဲကို ပရိတ်သတ်တို့ အနေနဲ့ စောင့်မျှော်ကြည့်ရှုရတော့မှာပါ။
လွန်ခဲ့တဲ့ နှစ်မှာတော့ MMA ကစားသမား မက်ဂရီဂေါက စိန်ခေါ်ထိုးသတ်ရမှာတော့ မေဝယ်သာက အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ မေဝယ်သာအနေနဲ့ ဆိုရှယ်မီဒီယာပေါ် ဘောက်ဆင်လက်အိတ်နဲ့ MMA လက်အိတ် ဝတ်ဆင်ထားတဲ့ ပုံကို တင်ခဲ့လို့ ရှေ့ဆက်ပြီး ပွဲတစ်ပွဲဖြစ်လာဖို့ ထင်ကြေးတွေ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ဂျပန်နိုင်ငံ တိုကျို မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဒီ သတင်းစာ ရှင်းလင်းပွဲမှာတော့ အသက် ၄၁ နှစ်အရွယ် မေဝယ်သာအနေနဲ့ အသက် ၂၀ နှစ်အရွယ် ဂျပန် Kick ဘောက်ဆင် ကစားသမား Tenshin Nasukawa နဲ့အတူ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ ထိုးသတ်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲကိုတော့ Rizin Fighting Federation (ဂျပန်) MMA အဖွဲ့အစည်းကနေ နှစ်သစ်ကူးအစီအစဉ်နဲ့ အတူ ကျင်းပဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး ဂျပန် MMA ကတော့ ၂၀၁၅ ခုနှစ်လောက်က စတင်ခဲ့တာပါ။ မေဝယ်သာအနေနဲ့ ပြောကြားရမှာတော့ ဘယ်လို အားကစားနည်းနဲ့ ယှဉ်ပြိုင်မလဲ ဆိုတာကိုတော့ အခုလောလောဆယ် မသိရသေးဘူးလို့ ဆိုပါတယ်။
ရှုံးပွဲမရှိ ပွဲပေါင်း ၅၀ အနိုင်ရထားသူ မေဝယ်သာကတော့ ယခုလာမယ့် ပွဲကတော့ မေဝယ်သာအတွက် US နိုင်ငံအပြင်ဖက်မှာ ထိုးသတ်မယ့် ပထမဦးဆုံး ပွဲတစ်ပွဲလည်း ဖြစ်လာမှာပါ။ ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေကတော့ အခုလို ကြေညာမှုကို စိတ်ဝင်တစားနဲ့ အံသြမှု အပြည့်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
Credit photo, news.com.au