ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်
နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်ကို ဒီနေ့ ဇူလိုင်လ ၂၀ ရက်က သွားရောက်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ စာကြည့်တိုက်ရှေ့မှာ ၄င်းအား တွေ့ဆုံဖို့ လာရောက်စောင့်ဆိုင်းနေကြတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုလည်း 'စာဖတ်ကြဦး' အမှာစကား ပြောခဲ့ပါတယ်။