Photo;Credit
Tetanus Vaccine (မေးခိုင်ရောဂါ ကာကွယ်ဆေး)
ဆေးအသုံးပြုရန်
မေးခိုင်ရောဂါပိုး အဆိပ်အတောက်ကိုပြယ်စေရန် ထုတ်လုပ်ထားသော ဆေးဖြစ်ပါသည်။
မေးခိုင်ရောဂါ ကာကွယ်ရာတွင် အသုံးပြုသည်။ဆုံဆို့ ကြက်ညှာ မေးခိုင်ရောဂါ သုံးမျိုးပေါင်း ကာကွယ်ဆေးအဖြစ် ကလေးများကို အသက် တစ်လခွဲ နှစ်လခွဲ သုံးလခွဲတို့တွင် ထိုးပေးသည်။
အသက် ၁၅ နှစ်မှ ၄၅ နှစ်အကြား အမျိုးသမီးများကို မွေးကင်းစကလေး မေးခိုင်ရောဂါပပျောက်စေရန် မေးခိုင်ရောဂါကာကွယ်ဆေး ငါးကြိမ်ထိုးပေးသည်။ပထမတစ်ကြိမ်ထိုးပြီးနောက် လေးပါတ်အကြာတွင်ဒုတိယအကြိမ် ခြောလအကြာတွင်တတိယအကြိမ် တစ်နှစ်ခြားတစ်ကြိမ်နှစ်ခါ စုစုပေါင်းငါးကြိမ်ထိုးပေးရသည်။အထက်ပါအတိုင်း ငါးကြိမ်ထိုးပါက မေးခိုင်ရောဂါကာကွယ်ပေးသည်။ထိခိုက်ရှနာအတွက်တစ်ကြိမ်ဟုဆိုသော်လည်း ထပ်ထိုးသင့်သည်ဟု ဆိုထားပါသည်။
ဆေးအသုံးပြုရန်
သုံးမျိုးပေါင်းကာကွယ်ဆေးဖြစ်စေ မေးခိုင်ရောဂါကာကွယ်ဆေးဖြစ်စေ ၀.၅စီစီကို တင်ပါး သို့မဟုတ် လက်မောင်းတွင် ထိုးနိုင်သည်။
ဘေးထွက်ဆိုးကျိုး
ဆေးအပြစ်အထွေအထူးမရှိပါ။ထိုးသွင်းသည့်နေရာ အနည်းငယ်နာကျင်ခြင်း တစ်ခါတစ်ရံဖျားခြင်းတို့သာ ဖြစ်နိုင်ပါသည်။
MSU
NO;017