. ` အာဇာနည်နေ့ ကဗျာ ´
•••••••••••••••••••••••••
.
အာဇာနည်ဆိုတာ . . .
အလေးပြုရုံနဲ့ မပြီးဘူး ။
.
အာဇာနည်ဆိုတာ . . .
ပန်းခွေကို မလိုချင်ဘူး။
ပန်းတိုင်ကိုပဲ ရောက်အောင်
လျှောက်စေချင်တာ။
.
အာဇာနည်ဆိုတာ . . .
နောက်လိုက်တွေကို မွေးမထုတ်ဘူး ။
ခေါင်းဆောင်တွေကိုပဲ မွေးထုတ်ချင်တာ ။
.
အာဇာနည်ဆိုတာ . . .
သူတို့ထက်ညံ့တဲ့သူတွေရဲ့ ဦးညွှတ်မှုကို
မခံချင်ဘူး ။
သူတို့ထက်မြင့်မြတ်ထူးချွန်တဲ့
မျိုးဆက်သစ်တွေကိုပဲ တမလွန်ကနေ
ကျေကျေနပ်နပ်ကြီးဦးညွတ်ချင်တာ ။
.
လင်းသိုက်ညွန့် [ မြန်မာ့မြေ ]