ဥတုသုံးလီရာသီ စက်ဝန်းသည် ဖန်ခါခါ သံသရာလည်တက်ချေသည်။ ယခုမှာမူ နွေနှောင်း ရက်ကျန် မို ဝဿန်သို့ ရောက်ဆဲကာလ ဖြစ်ပေသည်။ နယုန် မိုးသေး မြက်သားမွေး ဆို သည့်အတိုင်း မိုးသေးမိုးဖွဲများ မစဲပဲ ရွာနေမြဲ ဖြစ်ပေသည်။ နယုန်လသည် မြန်မာ ဆယ့်နှစ်လတွင် တတိယမြောက်လ ဖြစ်သည်။ နယုန်ကို ပုဂံခေတ်ထိုးကျောက်စာတို့ တွင် နယုန ဟုရေးသားကြသည်ကို တွေ့ရပေသည်။ နယုန်တွင် န၏ အဓိပါယ်မှာ အချိန်ကာလ ဖြစ်သည်။ ယုန်၏အဓိပါယ်မှာ စီးကျခြင်း ယိုကျခြင်း ရွာကျခြင်း ဖြစ်၏ ။ ထိုကြောင့်နယုန်ဆိုသည်မှာ မိုရွာသောအချိန်ကာလဖြစ်သည်။နယုန်လ၏ ရာသီပွဲမှာ စာပြန်ပွဲဖြစ်ပြီ ရာသီပန်းမှာ မြတ်လေးပန်း စံပယ်ပန်းတို့ ဖြစ်ပေသည်။