မိုရာတာရဲ့ အသည်းတစ်ခြမ်း
WAGs ကဏ္ဍမှာတော့ ချဲလ်ဆီးအသင်းရဲ့ စပိန်တိုက်စစ်မှူး မိုရာတာရဲ့ အသည်းတစ်ခြမ်းအကြောင်း တင်ပြပေးချင်ပါတယ်။
မိုရာတာရဲ့ ချစ်သူ အသည်းတစ်ခြမ်းကတော့ အီတလီမော်ဒယ် Alice Campello ဖြစ်ပါတယ်။ သူမဟာ အီတလီလူမျိုးဖြစ်ပြီး ၁၉၉၅ ခုနှစ် မတ်လမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး မိုရာတာထက် အသက် ၂ နှစ်ငယ်ပါတယ်။ သူမဟာ မော်ဒယ်တစ်ဦးဖြစ်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။
သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်လိုဝါလုပ်ထားသူ ၁ သန်းကျော်ရှိသလို သူမဟာ Good Vibration Group ကိုလည်း တည်ထောင်ထားပါတယ်။ သူမအင်စတာဂရမ်ကို စတင်သုံးစွဲခဲ့တာကတော့ ၂၀၁၆ ခုနှစ်မှာဖြစ်ပြီး ဒူဘိုင်းမှာအပန်းဖြေနေတဲ့ သူမရဲ့ ဓာတ်ပုံတွေကို စတင်ဖော်ပြရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
သူမဟာ တွစ်တာလူမှုကွန်ရက်မှာလည်း ဖော်လိုဝါ ၂ သောင်းကျော်ရှိပါတယ်။ သူမဟာ မော်ဒယ်အဖြစ်လုပ်ကိုင်ရင်း စပိန်တိုက်စစ်မှူးချော မိုရာတာနဲ့ ချစ်ကြိုးသွယ်ခဲ့တာဖြစ်ပါတယ်။
စပိန်တိုက်စစ်မှူးချောဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် မိုရာတာနဲ့ Alice Campello တို့ စုံတွဲကတော့ ဒီအခက်အခဲတွေကို တွေးပူမနေပဲ ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။