အညာဒေသ အညာကျေးလက်ဆိုရင် မသိသူမရှိ ကြားရုံးဖြင့် လွမ်းမိ သလိုလို တမာရနဲ့လေးများရခဲ့ရင် ဒါမှမဟုတ် မိုးဦးအစ မြေသင်းနံ့လေးများရခဲ့ရင် အညာအနံ အညာလေဆိုပြီး တမ်းတမိတတ်ကြတာ အမှန်ပါ အညာဒေသဟာ တမာ ထနှောင်း မန်းကျီး စတဲ့ ပင်ကြီးမျိုးတွေပေါက်ရောက်လေ့ရှိပါတယ် ပူပြင်းသောရာသီဥတုရှိတာကြောင့်နွေရာသီမှာ အပူဒဏ်ကိုခံရပီး ဆောင်းဥတုဆိုရင် အအေးဒဏ်ကိုအများဆုံးခံစားရလေ့ရှိပါတယ်
အညာသူအညာသားတွေဟာ ရိုးသားကြတယ် စိတ်ထားကောင်းကြတယ် မြန်မာ့စိတ်ရင်းဆိုတာ ရှာဖွေကြည့်နိုင်ပါတယ်
ကျွန်တော်အညာမြေသွားတုန်းကပေါ့ ရန်ကုန်ကနေ ရထားစီးရတာတညတာကုန်ဆုံးခဲ့ပါတယ် ရထားပ်ါမှာပဲတညတာကုန်ဆုံးရင်း နေက်နေ့မိုးသောက်ချိန်ကိုလည်းရထားပေါ်မှာဖြတ်သန်းရပါတယ် အရှေ့ဖျားကရောင်နီဟာ သန်းလာတဲ့အချိန်မှာတော့ ငြိမ်သက်နေတဲ့ရထားကြီးလူပ်ရှားခဲ့ပြေီလေ အိပ်ပျော်နေတဲ့ကျွန်တော်လန့်နိုးသွားခဲ့တယ် ဘာဖြစ်တာလဲကြည့်လိုက်တော့ ကုန်တွေအပြည့်နဲ့အမျိုးသမီးကြီးတွေ အမျိုးသားတွေ ဟာ ခြင်းတွေ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်နဲ့ ရပ်မယ့်ဘူတာမရောက်ခင်ပြင်ဆင်နေကြ တာကိုတွေ့ရပါတယ် ဘဝဆိုတာရုန်းကန်ရတာပဲလို့ ကြားပဲကြားခဲ့ဖူးတာလက်တွေ့မှာတော့ ရင်ဆိုင်ရတာမလွယ်လှပါဘူး ငရုတ်သီးခြင်းတွေ ကြက်သွန်နီအိတ်တွေ အပြင် မျစ်တွေစတဲ့ အရာတွေ အများကြီးရထားအပေါက်ဝနားထိအောင်သယ်နေကြတယ် အစကတော့ကျွန်တော်လည်းမမြင်မိဘူး လူတွေထိုင်တဲ့အောက်တွေမှာ ထားကြတာ ကျွန်တော်သက်ပြင်းတခုချမိလိုက်တယ် တိုးတိတ်စွာနဲ့ပေါ့... ဘြော်ဘဝဆိုတာ ပင်လယ်ပြင်လိုပါပဲလားပေါ့........
မနက်၈နာရီမထိုးခင်မှာတော့အိပ်ပျော်နေရာမှနိုးလာပြီးပြတင်းပေါက်ကကြည့်လိုက်တဲ့အခါ သဘာဝတရား ကပေးတဲ့အလှတရား...တောတောင် ရူခင်း တွေရယ်လတ်ဆတ်တဲ့လေရယ် တခါမှမကြုံဖူးသူအဖို့အထူးအဆန်းပင်ဖြစိနေတော့သည် ဒီလောက်ကျယ်ပြောတဲ့ကွင်းပြင်တွေနဲ့ ရူခင်းတွေဟာတခြားလူတွေအတွက်ထူးဆန်းမှုမဟုတ်ပေမယ့် ကျွန်တော့အတွက်တော့ အံဘြမှုတွေဖြစ်ခဲ့ရတယ် အနားကလူတယောက်ပြောတာကြားလိုက်ရတယ် ပုပ္ပါးတောင်မကြီးကိုမြင်နေရတာတဲ့ ..မြန်မာနိုင်ငံမှာတော့ပုပ္ပါးတောင်ဟာမီးငြိမ်တောင်တခုပဲလေ... ကျွန်တော်ဆိုတာ ပျေိာလို့ပေါ့ ဒါနဲ့ကျောက်ပန်းတောင်းမရောက်ခင်ကြားကဘူးတာမှာခဏရပ်တော့ အနားကို လာရောင်းတဲ့ ဈေးသည်မိန်းကလေးတစုကိုကြည့်ရင်းအံအား သင့်ခဲ့ရတယ်.... အညာသူတွေပီပီ ထဘီကိုတိုတိုဝတ်ပြီး ရှပ်အကျီလက်ရှည်ကိုဝတ်ဆင်ကာ ခေါင်းပေါ်မှာဗန်းအကြီးတခုရွက်ပြီး ရောင်းချနေလေရဲ့ သေချာကြည့်မိတော့ဆီထမင်း .....ကောက်ညှင်းကို.. နနွင်းမူန့်နဲ့လုပ်ထားပြီးအုန်းသီးဆံလေးတွေအပေါ်တင်ထားတဲ့မုန့်..... အညာသူဆိုတာကြားဖူး၏ မမြင်ဖူး ယခုတော့မျက်မြင်ကိုယ်တွေ့ မြင်ရပီလေ.... မြို့သူတွေနဲ့မတူတဲ့အချက် ပါးကွက်အကြားကြီးနှစ်ဘက်ကွက်ပြီး ဆံပင်ကိုကျစ်ဆံမီးကျစ်ပြီးနှစ်ဘက်ခွဲထားကာ
နုတ်ခမ်းနီဆိုးထားသည်မှာလည်း ကျွန်တော်ရီချင်လို ဖြစ်မိ၏ အညာကတောသူဆိုတော့ မိတ်ကပ်ဆိုတာမသိ သနခါးလောက်သာသိ၏ နုတ်ခမ်းနီဆိုတာကလည်းမိန်းကလေးမို့ကြိုက်သည်ကိုသိသော်လည်း ဈေးရောင်းရန်မနက်စောကြီးလာရ၍ နုတ်ခမ်းနီများက နုတ်ခမ်းအပြင်မှာကိုပင်ရောကိနေလေ၏ နဖူးပြင်၌ ချွေးများစိုနေသော်လညိး ရထားကိုသာအားကိုးရသည့်အတွက် မမေနိုင်မပန်းနိုင် ရောင်းချသည်ကား လူ့ဘဝဇတ်ခုံမှာ ကပြနေသည့်အလား....... ထိုမှတဆင့် ရထားကြီးထွက်ခွာရင်း ထန်းပင်ဆိုတာလက်ညိုးထိုးမလွဲမြင်နေရတာပေါ့ မေးကြည့်တော့ ကျောက်ပန်းတောင်းရောက်ပြီတဲ့ရှေ့ဘူတာဆို အာ့ကြောင့်ထန်းပင်တွေများနေတာတဲ့.... ကျောက်ပန်းတောင်းကထန်းလျက်ထွက်တယ်လေတဲ့ အနားကဦးလေးကြီးတယောက်ကပြောပြရင်း ထူးဆန်းမိသည်က ပြောင်းဖူးအခွံတွေနဲ့လိပ်ထားတဲ့ဆေးလိပ်ကြီးသောက်လို့. ဘြော်.... မမြင်ဖူးသည့်ဆေးလိပ် အခုတွေ့တော့ ကိုယ်ကပဲမြို့သားမို့ အနေသယောင်ယောင်...........စိတ်ထဲ၌ ကျိတ်၍ပြုံးမိသည်......ငါ့တူလေးကဘယ်သွားမို့တုန်း မေးတဲ့စကားကြောင့်သတိပြန်လည်လာရင်းပုပ္ပါးကိုအလည်လာတာပါဟုပြန်လည်ဖြေကြားမိလိုက်သည်.....တကယ်တော့ကျွန်တော်အိမ်နှင့်စိတ်ဆိုးကာ ဘုရားဖူးထွက်လာခြင်းဖြစ်သည်....
တကယ်တော့စိတ်ထဲမှာ ဝမ်းနည်းမိတယိ ဒါပေမယ့် လည်းပျော်မိနေသယောင်........
ရာသီအပြောင်း နွေအနှောင်းဝယ် ပင်ပျိုရွက်ဝါ ပင်လုံးဖြာ၍ နွေ၏အလှသဘာဝတွင်တရွက်ချင်းကြွေ ရိုးတံဝေသည် တောင်လေအဝှေ့ ရွက်ဝါလွင့်သည် မြေ၌သက်ဆင်းကြလေသတည်း......
ဒုတိယပိုင်းဆက်လက်ကြိုးစားပေးပါမည်
....... မေတ္တာဖြင့်....chitminthu......