နည်းစနစ်မရှိသော် မည်သည့် အလုပ်အကိုင်မျှ မအောင်မြင်နိုင်ပေ။ ထို့ အတူ စည်းကမ်းမရှိသောလူသည် မည်သို့မျှ မတိုးတက်နိုင်ပါ။ အကွပ်မဲ့သောကြမ်းသည် ပရမ်းပတာသာဖြစ်ပါမည်။ အအုပ်အထိန်းမရှိသော သားသမီးတို့ သည် ပျက်စီးရသည်။ ထို့ ကြောင့် ယနေလူငယ် များသည် မည့်သည့် အလုပ်ကိုမဆို စည်းကမ်းဖြင့် စနစ်တကျ လုပ်ကိုင်သင့်ကြပါသည်။ယနေ့ကမ္ဘာကို လှမ်းမှော်ကြည့်လိုက်လျှင် လူငယ်တို့၏ စည်းကမ်းရှိခြင်းမရှိခြင်းတို့ နှင့် နိုင်ငံ တစ်ခု၏ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတို့ ကို ထာဝရဒွန်တွဲ တည်ရှိနေကြောင်း လောကသစ္စာ တရားဆန်ဆန် တွေ့ ဆနရပါသည်။
ကမ္ဘာ ပေါ် ရှိ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို လေ့လာကြည့်လျှင် လူငယ်တို့၏ စည်းကမ်းရှိမှုနှင့် နိုင်ငံ၏ဘက်စုံ ဖွံဖြိုးတိုးတက်မှုတို့က ထာဝရ ဒွန်တွဲနေကြောင်း လေ့လာတွေ့ရှိရပါသည်။ နိုင်ငံကြီးသားတိုင်းသည် စည်းကမ်းကို ရိုသေလေးစား ယုံကြည်ကာ လိုက်နာကျင့်သုံးကြပါသည်။ ထို့ကြောင့်လည်း တိုးတက်ကြသည်။ စည်းကမ်းရှိသော အိမ်ထောင်နှင့် စည်းကမ်းမဲ့သော အိမ်ထောင် ကွာခြားသကဲ့သို့  စည်းကမ်းရှိသော တိုင်းပြည်နှင့် စည်းကမ်းမဲ့သော တိုင်ပြည် ကွာခြားလွန်းလှပါသည်။ စည်းကမ်းရှိခြင်းသည် လူတိုင်း စနစ်တိုင်း အဖွဲအစည်းတိုင်း အိမ်ထောင်စုတိုင်း မြို့ ရွာနိုင်ငံတိုင်း အတွက် အကျိုးသာလျှင်ဖြစ်စေပါသည်။