မြစ်ချောင်းအင်းအိုင်ရှိ ရေများသည်လည်း နွေအရှိန်ကြောင့် ခန်းခြောက်ကြရသဖြင့် ထိုအချိန်တွင် သဲသောင်ဖွေးဖွေးတို့ ကို တွေ့မြင်ကြရပါသည်။ မြစ်တွင်းဝယ် လှေငယ်များဖြင့်စုန်ချည်ဆန်ချည် သွားလာကာ ဝမ်းစာရှာဖွေ နေကြသော လူသားတို့ ကိုလည်း တွေမြင်နိုင်ပါသည်။ တစ်ချိန်က မြစ်ကမ်ယံ တစ်လျှောက်တွင် မိုးရေတက်ရေ တို့ဖြင့် ရေတဖွေးဖွေးရှိခဲ့ရာမှ နွေဦးသို့ ရောက်လျှင် ရေများလျော့နည်းကာ မြစ်ရေပြင်သည် ပကတိ ကြည်လင်လျက် ရှိလေတော့သည်။ သဲသောင်ပြင်တို့ ပေါ်၌ ဟသာင်္ သောင်တင်း ပိန်ညင်းငှက်များ ပျော်မြူးစွာ အစာရှာဖွေနေသည်ကိုလည်း တွေ့ မြင်ရလေသည်။ မြစ်ပြင်တစ်လျှောက် ရေနည်းသွားသဖြင့် အချို့သော ငါးထွေ ငါးမြင်း ငါးပူတင်း တို့ သောင်စပ်သို့ တိုးဝင်လျက် အချို့ သော ငါးတန်တို့ မှာမူ ဝဲခိုလျက် နောက်ဆုံး ရေလုပ်သား တို့၏ ပိုက်တွင်းသို့ ဆင်းသက်ကြရလေသည်။