အရာအားလုံးကို ခင်ဗျားဟာ အကောင်းဘက်ကမြင်တဲ့အခါ အကောင်းဆုံးဆိုတာကို မျှော်လင့်နိုင်ပြီး ကောင်းတဲ့ အတွေးအမြင်တွေ ရနိုင်ပါတယ်.
လူတစ်ယောက်ယောက်က ခင်ဗျားကို အရေးကြီးတာ တစ်ခုပြောဖို့ရှိတယ် လို့ ပြောလာခဲ့ရင် ခင်ဗျား ဘယ်လိုတွေးမလဲ အဆိုးဖြစ်မယ့်အရာဆို မကြားချင်ဘူးလို့ တွေးပြီး အကောင်းဖြစ်မယ့် အရာမျိုးဆိုရင် ကြားခြင်ကြပါတယ်. အဲ့လိုနှစ်မျိုးမှာ လူတိုင်းဟာ အကောင်းကိုပဲ ကြားခြင်ကြပေမယ့် အကောင်းဘက်ကနေ တွေးနိုင်ဖို့ အကောင်းမြင်နိုင်ဖို့ဆိုတာ ခက်ပါတယ် အကောင်းကို မျှော်လင့်ထားတဲ့အခါ အကောင်းဖြစ်မလာခဲ့ရင် စိတ်ဓာတ်ကြတတ်တာ လူ့သဘာဝပါ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ စိတ်ဓာတ်မကြပဲ အကောင်းဘက်က ဆက်မြင်နိုင်ဖို့ လိုအပ်ပါတယ်. ဖြစ်မလာရတဲ့အကြောင်းအရင်းကို ရှာဖွေမှတ်သားထားသင့်ပါတယ်. အကောင်းမြင်စိတ်ကို အမြဲမွေးမြူထားဖို့လိုအပ်ပါတယ်.
အကောင်းမြင်စိတ်ကို ထားရှိခြင်းဟာ ခင်ဗျားကို နေ့စဉ်နေ့တိုင်း စိတ်ချမ်းသာစေမှာ အမှန်ပါပဲ