ရှောင်ခဲ့တယ် အချစ်ကို ကိုယ်က
ဆုံခဲ့တယ် အချစ်တို့နှင့်တကွ သူ့ကို
ိဆုံစည်းခွင့်ပေးခဲ့တဲ့ရေစက်တချို့ကြောင့်
ဆုံတွေ့ခွင့်ရရှိတဲ့အခါ
ခင်မင်နှစ်လိုမှုကို ရှည်လျားဖို့
ဆေးမှင်တစ်စက်ချဆွဲခဲ့တဲ့ သူ့ကို
သံယောဇဉ်ကြိုးတွေခိုင်မာဖို့
ချည်နှောင်ခဲ့တဲ့ရစ်ပတ်မှုမှာ ငြိမိတယ်
အချစ်ဆိုတာ ဖြစ်မလာဖို့
တားဆီးကာကွယ်ရင်း အချစ်ကို
ကိုယ့်ရှေ့မှောက်ရောက်စေခဲ့တယ်
မချစ်ဖို့ကြိုးစားရင်း
သိပ်ချစ်မိသွားခဲ့တာ သူ့ကိုမှ
မရစ်ပတ်ခင် ရုန်းထွက်ဖို့
ကြိုးစားရင်း ရစ်နွယ်မိခဲ့တာ သူ့ကိုမှ
သူ့ကိုမှ သိပ်ချစ်မိတာ အပြစ်ရှိလား
ဒါဟာ အပြစ်တခုဆိုရင်
ကြိုးမိန့်သာ ပေးပါ
ထိုက်တန်စွာ ခံယူပါ့မယ် ထိုထိုအပြစ်ကို