ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ လှုပ်ရှားနေကြရပါတယ်။တစ်ယောက်နဲ့တစ်ယောက်ကတော့မတူကြပါဘူး။ဒါပေမဲ့ တစ်ယောက်ထဲကတော့တူပါတယ်။ဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့တွေဟာ မိုးလင်းရင် မျက်နှာသစ်မယ် မုန့်စားမယ် အလုပ်သွားမယ် အလုပ်ပြန်မယ် ညကျရင်အားသွားပြီဆိုတော့ စိတ်အပန်းဖြေကြပါတယ်။နေ့စဉ်တသတ်မတ်တည်းသွားနေသလိုပါဘဲ။အနဲငယ်သာကွာခြားသွားပါလိမ့်မယ်။ဥပမာဆိုရင် သံပတ်ပေးထားတဲ့အရုပ်တစ်ခုလိုပါဘဲ။
အလုပ်ကြိုးစားတာဟာကောင်းပါတယ်။မိသားစုကိုလဲမမေ့ပါနဲ့။အသက် ၂၅ကျော်လာပြီဆိုရင် လူ့လောကကြီးမှာ လူဖြစ်ရကျိုးနပ်အောင်နေသင့်ပါတယ်။
၁။စာများများဖတ်ပါ။
၂။ဘုရားတရားလဲလုပ်ပါ။
၃။ခရီးတွေသွားပါ။
၎။မိသားစုကိုဂရုစိုက်ပါ။
၅။လောကကြီးကို အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်ကျိုးစားပါ။
၁။စာဖတ်ပါ
လူတွေဟာ ဝမ်းစာတွက် အစာဖြည့်ကြသလို ဦးနှောက်ကိုလဲ စာပေအစာဖြည့်ုကြရပါမယ်။စာဖတ်မှ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိမှာပါ။မိမိအတွက်အကျိုးရှိမဲ့စာတွေကိုရွေးချယ်ဖတ်သင့်ပါတယ်။စာတော်တိုင်းလဲ စာမတတ်ပါဘူး။စာတော်တိုင်းလဲ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိပါဘူး။လောကကြီးမှာနေ့စဉ်တွေ့မြင်နေကြရတာကသက်သေပါဘဲ။
၂။ဘုရားတရားလုပ်ပါ
ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအယူအဆအရဘဲပြောပါမယ်။ဘုရားတရားဆိုတာ လူတိုင်းနေ့စဉ်ပြုလုပ်သင့်ပါတယ်။လူတွေကပြောကြပါတယ်။သေရင်ကိုယ့်နောက်ပါတာ ဘာမှမရှိဘူးတဲ့။မှားပါတယ် ကိုယ့်နောက်ပါနိုင်တာ ကုသိုလ်တစ်ခုဘဲရှိပါတယ်။ဘုရားတရားဆိုတာ အသက် ၅၀ကျော် ၆၀ကျော်မှလုပ်ကတဲ့အရာလို့မသတ်မှတ်ပါဘူး။သင့်ရဲ့ သက်တမ်းကလဲ ဘယ်အသက်ထိနေရမယ်ဆိုတာ သတ်မှတ်ထားကို သင်လဲမသိပါဘူး။အသက်ကြီးမှသေတာမဟုတ်ပါဘူး အချိန်မရွေးသေနိုင်ပါတယ်။ဒါကိုအမြဲနှလုံးသွင်းထားသင့်ပါတယ်။
၃။ခရီးတွေသွားပါ
အသက်၂၀ကျော်လာပြီဆိုရင်တော့ တစ်ယောက်ထဲ သို့ မိသားစု သို့ သူငယ်ချင်းတွေနဲ့စုပြီး ခရီးတွေထွက်သင့်ပါတယ်။အသက်ကြီးလာရင် ဒါတွေကလုပ်ဖို့မလွယ်ကူတော့ပါဘူး။လုပ်လို့ရတုန်းလုပ်ကြပါလို့အကြံပြုပါရစေ။
၎။မိသားစုကိုဂရုစိုက်ပါ။
မိသားစုဆိုတာကိုယ်ရဲ့တစ်ခုထဲသော မှီခိုရာ အားကိုးရာ တစ်ခုဖြစ်ပါတယ်။ကိုယ့်အပေါ်ကိုနွေးထွေးမှုအပေးနိုင်ဆုံးဟာမိသားစုပါ။အဓိကကတော့ဘမိဘတွေကိုဂရုစိုက်ပါ။မရှိတော့မှနောင်တမရပါစေနဲ့။ပြန်လိုချင်လို့လဲမရပါဘူး။ရှိနေတုန်းဂရုစိုက်ပါ။မရှိတဲ့အချိန်မှ နောင်တရလို့ ငိုနေလဲအလကားပါဘဲ။
၅။လောကကြီးကိုအကျိုးပြုနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကျိုးစားပါ
လူတစ်ယောက်ဟာ ကိုယ်နေထိုင်ရာလောကကြီးအတွက် မြူတစ်မှုန် သဲတစ်ပွင့် အုတ်တစ်ချပ် လောက်တော့ အကျိုးပြုသင့်ပါတယ်။အကျိုးမပြုနိုင်ဘဲနေရင်တော့ လူပိုဘဲဖြစ်နေပါလိမ့်မယ်။အကျိုးမပြုတဲ့အပြင် အကျိုးပြုတဲ့သူတွေကိုနှောက့ယှက်ရင်တော့ ပိုဆိုးသွားပါပြီ။ဆရာဇော်ဂျီကလဲ လောကကြီးကိုအကျိုးပြုဖို့ ကဗျာတစ်ပုဒ်နဲ့သတိပေးသွားပါတယ်
သြော် ... လူ့ဘောင်လောက လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်တို့မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ စေတီသာလည်း
သစ္စာအရောင် ဥာဏ်တန်ဆောင်သည်
.ေပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ရေးသူ-ဆရာဇော်ဂျီ
အင်မတန်မှကောင်းမွန်တဲ့ကဗျာတစ်ခုဘဲဖစ်ပါတယ်။ကျွန်တော်တို့တွေဟာလဲ ကဗျာလေးထဲကအတိုင်း ကျင့်ကြံနေထိုင်ရင်းဘကမ္ဘာကြီးကို အကျိုးပြုတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားကြရပါမည်။
google image credit
Writer-Kaung Set Zaya