စပားမျိုးသန့်ကိုသာ ရွေးချယ်စိုက်ပျိုးပါ။စပါးမျိုးသန့်တွေကို စိုက်ပျိုးရေးရုံးတွေမှာ ရရှိနိုင်ပါတယ်။ဘာကြောင့်မျိုးစေ့ကောင်းကို ရွေးချယ်စိုက်ပျိုးရမလဲဆိုတော့ မျိုးစေ့နှုန်းကိုလျော့ချနိုင်တယ်။မျိုးစေ့ကောင်းတာကြောင့် ၁၀၀ မှာ ၈၀ အပင်ပေါက်တယ်။ကျင်းပျောက် ပင်ပျောက် ဖာထေးရသက်သာတယ်။အပင်ညီညာတယ်။ကြီးထွားမှုမြန်တယ်။
စပားအထွက်တိုးဖို့ဆိုတာ မြေယာနဲ့လဲဆိုင်တယ်။မြေယာပြုပြင်မှုမကောင်းရင် စပါးအထွက်မကောင်းဘူး။သမန်းပြင်ကို ညီအောင်၊ပုတ်အောင်၊ညက်အောင်၊ကောက်မစိုက်မီသမန်းအိပ်အောင် လုပ်ကမယ်။
မြေပြင်ကိုအခံကောင်းအောင် ဂျစ်ဆန် မြေပြင်မှုန့်(ကျောက်မှုန့်)ကို မြေခံအဖြစ်သုံးပေးသင့်တယ်။
စပါးပင်ပွားထွက်ခါနီး(၂၅ရက်နဲ့၃၀)ကြားမှာ ပထမအစာ မြေဆီ(ပုလဲ)ကိုစကျွေးရတယ်။Nitrogen များများပါတဲ့ဟာကျွေးမှ ပင်ပွားကောင်းမယ်။ပုလဲအစားထိုး(သို့)ပုလဲကိုကျွေးရပါမယ်။
၅၅ရက်နဲ့၆၅ရက်ကြားမှာ Potassium(K) ပိုများတဲ့ဟာကို ကျွေးရပါမယ်။Phosphorus(P)လဲလိုအပ်တယ်။16:16:16/16:16:8/15:15:15/18:7:7 စသည်အချိုးမျိုးစုံရှိတယ်။အစာကျွေးရင် ရေကိုမြေပြင်မြုပ်ရုံလောက်ထားပေးရတယ်။ဒါမှသာအစာပျော်ဝင်မှုရှိမှာဖြစ်တယ်။ဒါမှမဟုတ်အစာကိုရေနဲ့ဖျော်ပြီး သွင်းပေးလဲရတယ်။
ဒါကတော့ စပါးစိုက်ဖို့အတွက်နဲ့အထွက်ကောင်းဖို့အတွက် အကြမ်းဖျင်းအချက်အလက်လောက်သာဖော်ပြရုံဖြစ်ပါတယ်။
Writer-Kaung Set Zaya
Ref-စပါးစိုက်နည်း pdf