☆ ဤအရှင်သည် မိမိနားလည်သလို မိမိကိုယ်ကို မိမိ ပြန်၍ ဆုံးမနေမိသည်။
● လောကကို စိတ်နာရမယ်။
● ကိုယ့်ဘ၀ကို ကိုယ် ကယ်တင်ရမယ်။
● လူဟာ မိမိကိုယ်ကို ကောင်းအောင်လည်း ပြုတတ်တယ်။ ဆိုးအောင်
လည်း ပြုတတ်တယ်။ ဒါပေမယ့် မကောင်းမှုတွေထဲမှာ နစ်သွားကြတဲ့သူက
များတယ်။ အဲဒီလို လူတွေထဲမှာ ငါမပါရဘူး။
☆ “စိတ်ကို ပိုင်အောင် နှိပ်ကွပ်ဆုံးမနိုင်ဖို့ လိုတယ်။ စိတ်ဆိုတာ တောမျောက်
လိုပဲ။ အငြိမ်မနေဘူး။ ဟိုခုန် ဒီကူးအမြဲလုပ်နေတတ်တာ။ အဲဒီစိတ်ကို သတိ
လေးကပ်ပြီး ထိန်းချုပ်ပေးရမယ်။ သတိလွတ်တာနဲ့ ကိလေသာခြုံထဲ ၀င်ချင်
တတ်တယ်။ ဒါကြောင့် ဘုရားရှင်က “စိတ္တေနနိယတော လောကော” လော
ကမှာ စိတ်သာလျှင် ခေါင်းဆောင်တဲ့။ ပြီးတော့ “စိတ္တဒဏ္ဍံ သုခါဝဟံ” စိတ်
ကို ဆုံးမ၍ရသူသည် ချမ်းသာသည်တဲ့။ ရှေးရှေး အရိယာ သူတော်စင်တွေ
ဟာ စိတ်ကို ပြုပြင်ဆုံးမနိုင်ကြလို့ ရဟန္တာအထိ ဖြစ်ကြ ရောက်ကြရတယ်”
စိတ်ကိုဆုံးမ၊ ချမ်းသာရ
စိတ်တစ်လုံးထိန်း၊ အားလုံးငြိမ်း
စိတ်တစ်လုံးပိုင်၊ မသေနိုင်
စိတ်ကိုပြုပြင်၊ နိဗ္ဗာန်ဝင် တဲ့။ ဤအတိုင်း ဘုရားရှင်က ဟောကြားခဲ့သည်။
☆ တရားနှလုံး ကိန်းသွား၍ပဲလား မသိ။ ဤအရှင်သည် တစ်နေ့ထက်တစ်
နေ့ မှတ်အား ပိုကောင်းလာ၏။ အချိန်တိုး၍ တိုး၍လည်း မှတ်နေမိသည်။ မှတ်အားကောင်းသလောက် ချမ်းသာမှုကိုလည်း တိုး၍တိုး၍ ခံစားနေရ
သည်။
☆ ဒုက္ခဝေဒနာတွေက ခဏသာပေါ်လာပြီး ပျောက်သွားသည်။ သဒ္ဓါတရားက
အားကောင်းနေ၍လားမသိ၊ ငြိမ်းပြီးချမ်းသာနေသည်။ စာပေအတွေ့အကြုံ မ
ရှိ၍ မည်သို့ဖြစ်မှန်း မသိခဲ့။ နောက်မှ သိရသည်မှာ သမာဓိအား ကောင်းပြီး
ချမ်းသာမှုကို ခံစားနေရခြင်း ဖြစ်သည်။
☆ ဤအရှင် တရားမှတ်ကောင်းနေလျှင် သုံးရက်မြောက်နေ့မှာ အပင်ပေါ်က
မည်းမည်း အကောင်ကြီးတစ်ကောင် လျောဆင်းလာပြီး ဤအရှင်၏ ကျော
ကုန်းပေါ်ပြုတ်ကျလာသည်။ မျက်စိဖွင့်ကြည့်တော့ ဘာမျှမရှိ၊ ဆက်ထိုင်သည့်
အခါ ကြက်သီးမွေးညင်းထပြီး တရားမှတ်မရအောင် ဖြစ်ခဲ့ရသည်။ ညနေ
ဘက်တွင် ဆရာတော်ကို ဤအကြောင်း လျှောက်မိသည်။
☆ ဆရာတော်က ထူးထူးထွေထွေ မိန့်ကြားခြင်းမရှိ-
☆ “မင်း တရားမထိုင်နဲ့၊ ပုတီးစိပ်၊ တရားထိုင်ရင် ရူးတတ်တယ်” ဟူ၍သာ မိန့်
ကြားသည်။ နောက်နေ့ အမေ ဆွမ်းလာပို့သည့်အခါ ဆရာတော်က အမေ့ကို
ပြောပြနေသည်။
☆ “ဟဲ့- ညီမ၊ မင်းသားက တရားထိုင်နေတယ်။ မနေ့က ဟိုသပြေပင်ကြီး
အောက်မှာ သွားထိုင်တော့ မည်းမည်းအကောင်ကြီးတစ်ကောင် သူ့ကျော
ပေါ်ခုန်ချသတဲ့။ လန့်ပြီး ငါ့ဆီလာတယ်။ ငါကတော့ တရားမထိုင်နဲ့၊ ရူးလိမ့်
မယ်လို့ ပြောလိုက်တယ်။ နင့်သားက တဇွတ်ကန်း၊ ပြောလို့ရမှာ မဟုတ်ဘူး၊
တရား အားထုတ်ဖို့ပဲ ပြောနေတယ်။ အားယားနေရင် တရားချည်း ထိုင်နေ
တာပဲ၊ ဝေယျာဝစ္စလုပ်ဖို့တောင် စိတ်ကူးမရှိဘူး”
☆ ဆရာတော့် စကားကြောင့် ဖြစ်မည်။ အမေက ဤအရှင်နား ကပ်ပြီး-
☆ “ဦးပဉ္စင်း၊ တရားထိုင်တယ်ဆိုတာ အရမ်းလုပ်လို့ မရဘူးလို့ ပြောသံကြား
ဘူးတယ်။ ဆရာသမားနဲ့ စနစ်တကျ သင်ယူပြီးမှ ထိုင်ရတယ်တဲ့၊ အဲသလို
မဟုတ်ရင် ရူးတတ်တယ်တဲ့” ဟူ၍ပြောသည်။
☆ “ဦးပဉ္ဇင်း အသက်ငယ်ပါသေးတယ်။ ဘုန်းကြီးဝတ်နဲ့ ပျင်းရင်ပြော၊ လူ
ထွက်မယ်ဆိုရင် အမေ အင်္ကျီလုံချည် ပို့ပေးလိုက်မယ်” ဟုလည်း ပြောသည်။
☆ ဤအရှင်က-
☆ “လူထွက်ဖို့ မရှိဘူး ဒကာမကြီး၊ ဦးပဉ္ဇင်းပိုင်တဲ့ ပစ္စည်းတွေ ဒကာမကြီးတို့ ထုခွဲရောင်းစားပစ်ကြပါ။ ဦးပဉ္ဇင်းအတွက် ဘာမှ မလိုဘူး။ ဘာကိုမှလည်း မလိုချင်ဘူး။ နောက်ပြီး ရွာထဲက ကောင်မလေးတွေ ကိုလည်း ကျောင်းကို
ခဏခဏ မလာခိုင်းနဲ့၊ ဒကာမကြီး ငရဲကြီးလိမ့်မယ်” ဟူ၍ ပြောလိုက်သည်။
▬▬▬▬▬▬▬▬▬▬▬▬▬
☆ ပရိယတ္တိအလုပ် စ၍လုပ် ☆
▬▬▬▬▬▬▬▬▬▬▬▬▬
☆ သည့်နောက်မှာတော့ ဤအရှင်သည် ပရိယတ္တိစာပေကို သင်ယူဖို့ ဆုံးဖြတ်
လိုက်သည်။ ပရိယတ္တိ စာပေ အခြေခံရှိမှ ဖြစ်မည်။ ပရိယတ္တိစာပေ အခြေခံ
ရှိမှ အကျင့်ပိုင်းဆိုင်ရာ၌ ပိုင်းခြားစိတ်ဖြာ နားလည်နိုင်မည် မဟုတ်လား။
☆ ထို့ကြောင့် ပရိယတ္တိစာပေ သင်ယူရန်အတွက် ဤအရှင်သည် ဦးပဉ္ဇင်း
တစ်ပါးနှင့် ရန်ကုန်ကို လိုက်လာခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဓကျောင်း
ကို ရောက်ပြီး ပရိယတ္တိစာပေများကို အခြေခံမှစ၍ လေ့လာခဲ့သည်။ တစ်နှစ်
ပဲ နေရသည်။ အမေက လွမ်းသည်ဆိုပြီး ပြန်ခေါ်သဖြင့် ရွာကို ပြန်ခဲ့ရသည်။
သည့်နောက်တော့ ကျောက်ဖြူ မြို့၊ ယပ်လှဲပရိယတ္တိစာသင်တိုက်မှာ ပရိယတ္တိ
စာပေများကို ဆက်လက်သင်ကြားခဲ့သည်။
☆ ကျောင်းပိတ်သည့်အခါ ရန်ကုန်မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာတို့ကို သွားပြီး လေ့လာသင်ယူသည်။ ဤသို့ဖြင့် ပရိယတ်ဘက်ကလည်း မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းစာတွေ ပြီးခဲ့သည်။ သို့သော် ပရိ
ယတ်အလုပ်ကို ဆက်မလုပ်ဖြစ်တော့၊ လုပ်လည်း မလုပ်ချင်တော့၊ ကျန်းမာ
ရေးကြောင့်ဖြစ်သည်။ နဂိုက နှလုံးက မကောင်း၊ ယခု အစာအိမ် ရောဂါပါ
ရလာသည်။
☆ နောက်ဆုံးတော့ ဤအရှင်သည် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်ချလိုက်
သည်။
☆ “သာသနာ့ဝန်ထမ်း ရဟန်းဆိုတာ ပရိယတ်၊ ဒါမှမဟုတ် ပဋိပတ် တစ်ခုခု
လုပ်ရမယ်၊ ပရိယတ်ဆက်မလုပ်နိုင်မယ့်အတူတူ ပဋိပတ်ပဲ လုပ်တော့မယ်” ဟူ၍ ဖြစ်သည်။
☆ ထိုသို့ရှိစဉ် ဖခင် (ခမည်းတော်) ဆီက စာတစ်စောင် ရောက်လာသည်။
☆ သားရဟန်း-
တပည့်တော် စာရေးလိုက်တယ်။ မိကျောင်းမင်း ရေခင်းပြလို့ မမှတ်ပါနှင့်။
လောကီအာရုံ ကာမဂုဏ်နယ်ကို စိတ်ပြန်မလည်ပါနဲ့။ တပည့်တော်ကဲ့သို့
မယားကျွန်၊ သားကျွန် ဘ၀မျိုး မဖြစ်ပါစေနဲ့။ မူလက ဦးပဉ္ဇင်းရည်ရွယ်ထား
သလို တရားအားထုတ်တဲ့ အလုပ်ကို စွမ်းစွမ်းတမံ လုပ်ပါ။ တပည့်တော် ရဟန်းပြုပေးရကျိုး နပ်ပါတယ်။
ဦးစိန်အောင်(မအီ)
☆ ဖခင် (ခမည်းတော်)၏ စာကိုဖတ်ရင်း ဤအရှင်သည် မျက်ရည်လည်ခဲ့ရ
သည်။ ထိုစာကလေးကို ဤအရှင်သည် မြတ်မြတ်နိုးနိုး သိမ်းထားသည်။
လုပ်ကိုင်ရင်း စိတ်ဓါတ်တွေ လျော့ပါးလာသည့်အခါတိုင်း ထိုစာကို ဖတ်ပြီး အားမွေးရသည်။ သဒ္ဓါတွေ ပြန်တက်အောင် နှိုးရသည်။
▬▬▬▬▬▬▬▬
☆ မခွဲနိုင် မခွါရက် ☆
▬▬▬▬▬▬▬▬
☆ ဖခင် (ခမည်းတော်)ဆီက စာရသည့်နေ့က အိမ်နှင့် လမ်းခွဲခဲ့သည့် နေ့ကို
လည်း မှတ်ဉာဏ်ထဲ ပြန်ပေါ်လာသည်။
☆ ရဟန်း ပြုတော့မည်ဟု အမေ၊ အဖေတို့၏ ခြေဖမိုးကို နဖူးနှင့်ထိအောင် ကန်တော့စဉ်က မျက်ရည်ကျကြရသည့် အဖြစ်ကို ဖြစ်သည်။ ထိုနေ့က ဤ
အရှင်သည် အမေ့ရင်ခွင်မှာ နဖူးတင်ပြီး ငိုခဲ့သည်။ ဤအရှင်ငိုတော့ အမေ
ကလည်း ငိုသည်။ သားအမိနှစ်ယောက် ဖက်ပြီး ငိုကြသည်မှာ မြင်သူတိုင်း
မျက်ရည် ကျကြသည်။
☆ ဤအရှင်သည် ညီမလေး နှစ်ယောက်ကိုလည်း သိပ်ချစ်သည်။
☆ သူတို့က အနားလာပြီး “အစ်ကိုလေး၊ နင် ဘုန်းကြီးလုပ်ရင် အိမ်ကို ပြန်
မလာတော့ ဘူးလား” ဟု မေးကြသည်။
☆ သူတို့၏ အမေးကို ဤအရှင် ပြန်ဖြေဖို့ ကြိုးစားသည်။ သို့သော် နှုတ်က
ထွက်မရ။ ထို့ကြောင့် ခေါင်းကိုသာ ခါပြလိုက်ရသည်။ ထိုအခါ ညီမလေး
နှစ်ယောက်က ငိုပြီး ဤအရှင်ကို ဖက်ကာ ငိုကြသည်။
☆ နောက်တော့လည်း ဘ၀ဇာတ်ခုံပေါ်က ဇာတ်လမ်းတစ်ပုဒ်အနေဖြင့် မြင်
လိုက်ပါသည်။ အဖေ၊ အမေ၊ ညီ၊ အစ်ကို၊ မောင်နှမ စသည်တို့သည် ဤ
အရှင်၏ ဘ၀ဇာတ်ခုံပေါ်က ဇာတ်လမ်းပါ။ သရုပ်ဆောင် အစိတ်အပိုင်း အနည်းစုမျှသာ ဖြစ်သည်။ ကံဇာတ်ညွှန်းဆရာ ဒါရိုက်တာက စီမံသလို ပါဝင် ကပြနေကြရခြင်း ဖြစ်သည်။ ကံဇာတ်ဆရာကြီး ဘယ်အချိန်မှာ ဘယ်သူနှင့်
တွေ့ရမည်။ လွဲရမည်။ ကံဇာတ်ဆရာ အလိုအတိုင်း တွေ့ကြရ၊ ဆုံကြရ၊ ပြီး
တော့ လွဲကြရ လုပ်နေရခြင်း မဟုတ်ပါလား။ ထို့ကြောင့် လောကီပညာရှိ
ကြီးများက ကံသာအမိ၊ ကံသာအဖဟူ၍ ဆိုကြ ပြောကြခြင်း ဖြစ်သည်။
☆ ကံကပဲ မျက်ရည်ကျအောင် လုပ်သည်။ လွမ်းအောင် ဆွေးအောင်လည်း
လုပ်သည်။ ချစ်အောင်လည်း လုပ်သည်။ မုန်းအောင်လည်း လုပ်သည်။ ထို
ကံဇာတ်ဆရာ အလိုအတိုင်း လိုက်လုပ်နေရလျှင် ဇာတ်လမ်းတစ်ပုဒ်ပြီး တစ်
ပုဒ် ဆက်နေတော့မည်။ နားရ၊ ရပ်ရမည် မဟုတ်တော့။ ထို့ကြောင့် “ကံသာ
အမိ၊ ကံသာအဖအစား၊ ဉာဏ်သာအမိ၊ ဉာဏ်သာအဖ” ဖြစ်အောင် လုပ်ရ
မည်။
☆ စာသင်နေရာမှ တောထွက်ပြီး တရားပဲကျင့်တော့မည်ဟု ပရိယတ္တိ စာသင်
ဆရာ ယပ်လှဲဆရာတော်ကြီးကို သွားရောက် လျှောက်ထားသည့်
အခါ ဆရာ
တော်ကြီးက ခွင့်မပြု။
☆ ဤအရှင် တောင်းပန်တိုင်း ဦးခေါင်းကိုသာ ယမ်းနေတော့သည်။
☆ လျှောက်လွန်းမက လျှောက်သည့်အခါ-
☆ “အေး- မင်းသွားချင်ရင် သွားပေါ့ကွာ။ မသွားခင် ငါ့ကို အရင်သတ်သွား
ကွ” ဟူ၍ မိန့်သည်။ ဆရာတော်၏ စကားကြောင့် ဤမျှလည်း တုန်လှုပ်သွား
သည်။ တော်တော်လည်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ နဂိုက စိတ်ဓါတ်
ပျော့ညံ့သူ ပီပီ မျက်ရည်လည်း ကျခဲ့ရသည်။
☆ နောက်တော့ ဆရာတော်က ငွေ ၂၀၀ ကျပ် ထုတ်ပေးပြီး-
☆ “ဆေးသွားကုပြီး ပြန်လာခဲ့”ဟု မိန့်သည်။
☆ ဤ အရှင်ကလည်း “အကြောင်း ညီညွတ်တဲ့အခါ ပြန်လာပါ့မယ် ဘုရား”
ဟု လျှောက်ခဲ့လိုက်သည်။ ထိုနေ့က သင်္ကန်း သုံးထည်၊ သပိတ်တစ်လုံး ပိုက်
ပြီး ထွက်လာခဲ့သည် ကိုလည်း မှတ်မှတ်ရရ ရှိနေသည်။
¤ မြောက်ဦးဆရာတော်ဘုရားကြီး ¤