သူရဲကောင်းတို့သွေး မြေခခဲ့ရတဲ့နေ့
ဂျူလိုင် ၁၉ရက်နေ့ဟာဆိုရင်တော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေကို အမှတ်ရစေတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် နိုင်ငံတော်အဆင့်အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ရက်ဖြစ်ပြီး ၁၉၄၇ ခုနှစ်ဂျူလိုင်လ ၁၉ရက်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင် (၉)ဦး လုပ်ကြံခံရပြီး ကျဆုံးခဲ့တဲ့နေ့ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအတွက် အကြီးအမားဆုံး ဆုံးရှုံးမှုကြီး တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရရုံးတွေ၊ ဆိုင်တွေပိတ်ပြီး နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူပြီး ဝမ်းနည်းကြောင်းပြသကြပါတယ်။
၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်မှာ မနက် ၁၀နာရီ ၃၇မိနစ် ရန်ကုန်မြို့မှာရှိတဲ့ ဝန်ကြီးများရုံးမှာ ခေါင်း ဆောင်ကြီး တွေ အစည်းအဝေးလုပ်နေချိန် သေနတ်ကိုင်ထားတဲ့ လူတစ်စုဟာ ဝန်ကြီးများရုံးအတွင်း ဝင် ရောက်လာပြီး ပစ်ခတ်လုပ်ကြံခဲ့ကြပါတယ်။
အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းက လုပ်ကြံခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် ဂဠုန်ဦးစောကို ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ပြစ်မှုကျူးလွန်သူ အပေါင်းအပါတွေကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။
တရားခံတွေဘက်က အယူခံအဆင့်ဆင့်တင်သွင်းခဲ့သော်လည်း တရားလွှတ်တော်ချုပ်က ၁၉၄၈ခုနှစ် ဧပြီလ ၂၇ ရက်မှာ အယူခံကို ပယ်ချခဲ့ပါတယ်။ သမ္မတရုံးထိ အသနားခံစာ တင်ခဲ့ရာက ခင်မောင်ရင်၊ သုတနဲ့ မောင်နီတို့ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဂဠုန်ဦးစောနဲ့ အခြားအပေါင်းအပါတွေကိုတော့ ၁၉၄၈ ခုနှစ် မေလ (၈) ရက်မှာ တစ်ချိန်တည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ ခေါင်းဆောင်ကြီး (၉)ဦးကတော့…
(၁) ဦးအောင်ဆန်း (ဝန်ကြီးချုပ်)
(၂) ဦးဘချို (ပြန်ကြားရေးဝန်ကြီှးဌာနဝန်ကြီး)
(၃) မန်းဘခိုင် (အလုပ်သမားရေးဝန်ကြီးဌာနဝန်ကြီး)
(၄) ဦးဘဝင်း (ထောက်ပံ့ရေးဌာနဝန်ကြီး)
(၅) သခင်မြ (ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး)
(၆) ဦးအဗ္ဗဒူရာဇာတ် ( ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
(၇) စပ်စံထွန်း (နယ်ခြားဒေသဆိုင်ရာဝန်ကြီး)
(၈) ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)
(၉) ရဲဘော်ကိုထွေး ( သက်တော်စောင့်) စတဲ့ ခေါင်းဆောင်ကြီးတွေပဲဖြစ်ပါတယ်။
လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နောင်လာနောင်သား တွေ မမေ့အပ်ဘဲ ရင်ထဲကနေ ဂုဏ်ပြုသင့်ပါတယ်။
ref wow box