Steemit မှာ Steem သို့ Steem Power ကို Bitcoin နဲ့ ဝယ်နည်း (အကောင့်ပါဝါတင်နည်း)
ယခုမြင်နေရတာတော့ကျွန်တော့အကောင့်ပါ။ ဒီတစ်ခေါက်တော့ Steemit မှာ Bitcoin နဲ့ Steem သို့ SteemPower ထပ်တိုးဝယ်နည်းကိုပြောပြပေးပါမယ်။ ပထမဦးစွာ အောက်ဖော်ပြပါအတိုင်း မိမိအကောင့်ကို ဝင်ပြီး မိမိ Profile Picture ကိုနှိပ်ပြီးတော့ အနီရောင်အဝိုင်းလေးပြထားတဲ့ Wallet ဆိုတာလေးကို နှိပ်ရပါမယ်။
ထိုနောက်တွင် Steem အရင်ဝယ်ပါမည်။ ထိုသို့ဝယ်ယူရန် အောက်ပါအတိုင်း မိမိ၏ Steemit Account Wallet ရဲ့ အပေါ်ဆုံးက STEEM ဆိုတဲ့ Balance နေရာမှာ ဝိုင်းပြထားတဲ့ အတိုင်း နှိပ်ပြီး 'Buy' ကိုနှိပ်ပါ။
ထို့နောက်တွင် အောက်ဖော်ပြပါအတိုင်း Window အသစ်တစ်ခုပေါ်လာပြီးမိမိဝယ်ယူမည့် Bitcoin သို့ Steem ပမာဏအားဖြည့်ခိုင်းပါလိမ့်မည်။ ထိုအခါ မိမိတွင်ရှိသော Bitcoin ပမာဏ သို့ ဝယ်ယူလိုသောပမာဏ ထည့်သွင်းရပါမည်။ Bitcoin ပမာဏ ထည့်သွင်းလိုက်သည်နှင့် ဘေးတွင် Automatic ယနေ့ပေါက်ဈေးနှင့် သင်ပြန်ရမည့် Steem ပမာဏပေါ်လာပါမည်။ထိုသို့ ဖြည့်ပြီးပါက မိမိလက်ခံမည့် အကောင့်နာမည်ကို 'Your receive address' မှာဖြည့်ရပါမည်။ သင့်၏ လက်ခံမည့် အကောင့်လိပ်စာသည် သင်၏ SteemAccount Username ဖြစ်ပါသည်။ ထိုကွက်လပ်တွင်မိမိသည် Username မှားဖြည့်ခဲ့သည်ရှိသော် မိမိဖြည့်သွင်းလိုက်သော Bitcoin များမှာအခြားသူတစ်ယောက်ဆီရောက်သွားနိုင်သဖြင့် ဂရုစိုက်ရန်လိုအပ်ပါသည်။ အားလုံးစုံလင်စွာဖြည့်ပြီးပါက ဝိုင်းပြထားသော 'Get Deposit Addresa' ကိုနှိပ်ပါ။
ထိုအခါအောက်တွင်ပြထားသည့်အတိုင်း မိမိ Bitcoin Deposit လုပ်ရမည့် ကုဒ် ၃၄ လုံးပါ အကောင့်နံပါတ်တစ်ခုပေးပါလိမ့်မည်။ သင်သည် ထိုအကောင့်ထဲသို့ Bitcoin အားပို့ပေးရမည်ဖြစ်သောကြောင့် ထိုအကောင့်နံပါတ် အား Copy ကူးယူရပါမည်။ ထိုသို့ပို့ပေးရာတွင်မိမိအဆင်ပြေသည် Bitcoin Wallet မှပေးပို့နိုင်သော်လည်း Coinbase Wallet သုံးစွဲသူများသောကြောင့်Coinbase ဖြင့် Deposit လုပ်ပြပါမည်။QR Code ဖြင့်လည်းပေးပို့နိုင်ပါသည်။
စတင်၍ပေးချေရန် မိမိ၏ Coinbase Wallet အကောင့်ထဲသို့ဝင်ပါမိမိအကောင့် ထဲတွင် မိမိပေးချေလိုသော Bitcoin ပမာဏရှိနေရပါမည်။ ထိုနောက်တွင်အောက်တွင်ပြထားသော ပုံများအတိုင်း တစ်ဆင့်ချင်းလုပ်သွားရပါမည်။ အရေးကြီးသည်မှာ လက်ခံမည့်သူ Recipient ကွက်လပ်တွင် မိမိ Steemit အကောင့်မှ ကူးယူလာသော ကုဒ် 34 လုံးကို Paste လုပ်ရပါမည်။ စာရိုက်ထည့်လိုလည်းမမှားစေရန်အထူးဂရုစိုက်ရပါမည်။ မှားခဲ့လျှင်မိမိ Bitcoin များဆုံးရှုံးပါမည်။ Amount တွင် မိမိပေးလိုသော ပမာဏကိုထည့်ပါ။ Note တွင် Steemit Payment ဟုဖြည့်ပါ။ အားလုံးဖြည့်ပြီးပါက အောက်တွင်ဝိုင်းပြထားသော 'Send Funds' ကိုနှိပ်ပါ။
အောက်ပါအတိုင်း Comfirm Send Box ကျလာပါလိမ့်မည်။ မိမိဖြည့်သွင်းထားသည်များကို မှန် မမှန်နောက်ဆုံးစစ်ပြီး မှန်ကန်ပါက 'Confirm' နှိတ်လိုက်ပါ။ ခဏလေးစောင့်လိုက်ပါက အောက်မှဒုတိယပုံအတိုင်း Send Complete ဖြစ်သွားပါလိမ့်မည်။
ထိုအခါ ငွေပေးချေခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ သို့သော် မိမိ ပေးသွင်းလိုက်သော Bitcoin Steem အကောင့်ထဲသို့ရောက်ရန် အမြန်ဆုံး 15 minutes မှ အကြာဆုံး 3 day အထိကြာနိုင်ပါသည်။ သို့သော် ပျမ်းမျှအားဖြင့် Block Chain Traffic ဆိုသောဖြစ်စဉ်မဖြစ်ခဲ့က အကြာဆုံး လေးဆယ့်ငါးမိနစ်ခန့်သာကြာနိုင်ပါသည်။ ထို့နောက်တွင်သင့် Steemit အကောင့်ထဲသို့ Payment ရောက်လာပါလိမ့်မည်။
ထိုအခါ ငွေပေးချေခြင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ သို့သော် မိမိ ပေးသွင်းလိုက်သော Bitcoin Steem အကောင့်ထဲသို့ရောက်ရန် အမြန်ဆုံး 15 minutes မှ အကြာဆုံး 3 day အထိကြာနိုင်ပါသည်။ သို့သော် ပျမ်းမျှအားဖြင့် Block Chain Traffic ဆိုသောဖြစ်စဉ်မဖြစ်ခဲ့က အကြာဆုံး လေးဆယ့်ငါးမိနစ်ခန့်သာကြာနိုင်ပါသည်။ ထို့နောက်တွင်သင့် Steemit အကောင့်ထဲသို့ Payment ရောက်လာပါလိမ့်မည်။
ယခုလက်ရှိရောက်နေသောပမာဏမှာ အကောင့်တစ်ခုနှင့် တစ်ခုပြောင်းလဲပေးအပ်နိုင်သော Steem Token ဖြစ်ပြီး STEEM POWER မဟုတ်ပါ။ မိမိ Steemit အကောင့်၏ Voting Power Up လုပ်လိုပါက ထို STEEM TOKEN များအသုံးပြုကာ PoweringUp လုပ်ရပါမည်။ အလွန်လွယ်ကူပါသည်။ အောက်ပါအဆင့်များအတိုင်းလုပ်ရပါမည်။
အဆင့် 1 ~ လက်ရှိရောက်ရှိနေသော Steem Token Balance ထောင့်ရှိမြှားကလေးအားနှိပ်ပါ။ ထို့နောက်ဝိုင်းပြထားသော ' Power Up' ကိုနှိပ်ပါ။
အဆင့် 2 ~ 'Convert to Steem Power' Box ပေါ်လာလျှင်မိမိ Power Up လုပ်ရန်အသုံးပြုလိုသော STEEM အရေအတွက်ဖြည့်သွင်းပါ။ ယခုပုံတွင်တော့ရှိသလောက်အကုန်ဖြည့်ပြထားပါသည်။ ဖြည့်ပြီးပါက ဝိုင်းပြထားသော 'Power Up' ကိုနှိပ်ပါ။
အဆင့် 3 ~ လုံခြုံရေးအတွက် မိမိ ၏ Steem Master Password ဖြည့်သွင်း၍ 'Sign In' ပြန်လုပ်ရပါမည်။
ယခု Powering Up လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။ ယခုပုံတွင်ရှိသမျှ Steem Token အားလုံးအသုံးပြုလိုက်သောကြောင့် STEEM BALANCE တွင် Zero ဖြစ်နေပါပြီ။ သို့သော် STEEM POWER များတိုးလာသည်ကိုတွေ့ရပါလိမ့်မည်။ ထိုသို့ Power မြင့်လေလေ မိမိအတွက်ရော မိမိသူငယ်ချင်းများအား Upvote လုပ်ရာတွင်ရောပိုအဆင်ပြေပါတယ်။ မိမိ၏ Powered Steemit အကောင့်နှင့် Upvote လုပ်ပေးက Vote လုပ်ပေးခံရသူလည်းပိုရပါတယ်။ မိမိရဲ့ Steem Power မြင့်သွားလို့ပါ။
နောက်လည်း Steemit နဲ့ ပတ်သတ်တဲ့အသေးစိတ်တွေ ထပ်မံရေးတင်ပေးဦးမှာမို့ ကျွန်တော့အကောင့် အား Follow လုပ်ထားပေးပါ။ Share ပေးတဲ့အကြောင်းအရာတွေ အသုံးဝင်တယ်ဆို Upvote လုပ်ပေးပါ။ အချိန်ပေးဖတ်ရှု့ပေးလို့ကျေးဇူးပါ။ အားလုံးလဲ ပိုပြီး ဗဟုသုတတွေရနိုင်ပါစေ။
Written By : Michael @ That Paing Aung