အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဟူသော ဤဆောင်ပုဒ်ကလေးသည်ကျောင်းသားနှင့် စည်းကမ်းဒွန်တွဲနေကြောင်းဖော်ပြနေပါသည်။ ကျောင်းသားတိုင်း စည်းကမ်းကျနသူဖြစ်ရန် လိုအပ်ပါသည်။ ယနေ့လူငယ်သည် နောင်အခါတွင် နိုင်ငံတာဝန်ကို ထမ်းဆောင်ရမည့်ူကြီးများ ဖြစ်လာမည်မှာ မလွဲပါချေ။
ယနေ့ လူငယ်များ စည်းကမ်းရှိပါမှနိုင်ငံတော်လည်း ထွန်းကား စည်ပင်လာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုဆုတ်ယုတ်မှုမှာ ထိုနိုင်ငံရှိ လူငယ်များအပေါ်တွင် မူတည်နေသောကြောင့် ဖြစ်ပါသည်။
အစကောင်းမှ အနှောင်းသေချာရန် လိုသလို ယနေ့လူငယ်တို့ သည် နောင်ဝယ်လူကြီးများ ဖြစ်ကြသည်။ဤသို့ ဖြင့် လူတော် လူကောင်းများ အရည်အချင်းပြည့်ဝသော လူများဖြစ်လာစေရန် လူငယ်ဘဝကပင် ကြိုးစားရသည်။ အနာဂတ်၏ ကြယ်ပွင့်ကလေးများ သည် အဖက်ဖက်မှ တိုးတက် ကောင်းမွန်စေရန် စံပြဖြစ်ရေးအတွက် စည်းကမ်းရှိမှုသည် အဓိကဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့ ဦးဆောာင်သော နိုင်ငံတော်သည်သာ တိုးတက်မြင့်မားလာနိုင်သည်။ လူတော်လူကောင်းမြောက်များစွာစုစည်းသော နိုင်ငံတော်သည်သာ စည်းရိုးစုစည်းနေသည့် ခေါင်းဆောင်ကောင်း ဖြစ်ရေး တိုင်းသူပြည်သားကောင်း ဖြစ်ရေးအတွက် လူငယ်ကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ သို့ ဖြစ်ပါ၍ ကြိုးစားရိုးသားစည်းကမ်းရှိသော လူငယ်များ ဖြစ်လာစေရန် ထာ ဝစဉ် လေ့ကျင့် တည်ဆောက်ပေးရပါမည်။