ဇင်န်ဒဂီဘဝသက်တမ်းထဲက
စိတ်သောကပူပင်စရာတွေကို ဖယ်ရှားစေမယ့်
တစ်ခုတည်းသော နည်းလမ်းကတော့ …
” အလ္လာဟ်အရှင်မြတ်နဲ့ စကားပြောနေပါ ”
” အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တောင်းခံနေပါ ”
” အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်လိုက်ပါ ”
” အလ္လာဟ်အရှင်မြတ်အပေါ် ယုံပုံအားကိုးလိုက်ပါ ”
” ပြောဆို တင်ပြနေပါ ၊ ပြီးရင် ထပ်ပြော ထပ်တင်ပြပါ ”
” ပြောဆိုတင်ပြလျက် တောင်းခံလျက်နေပါ ”
ဘေယှပ်က် ( ဧကန်မုချ )
အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ မဖြစ်နိုင်စရာဆိုတာ
ဘာတစ်ခုမှ မရှိပါ … လုံးဝ လုံးဝ မရှိပါ …
ဒါ့ကြောင့် မျှော်လင့်ချက် မကင်းမဲ့လိုက်ပါနဲ့ …
ကြာသပတေးနေ့တိုင်းတင်ပြနေသည့် မွစ်လင်မ်တချို့၏ အလွဲလေးများ အပိုင်း (22)
အိမ်ခြံမြေ ဝယ်တဲ့အခါ စရံပေးကြတယ်၊ကျန်ငွေကို
ရက်သတ်မှတ်တယ်၊ အကယ်၍ ကျန်ငွေကို
သတ်မှတ်ရက်အတွင်း မချေနိုင်ရင်၊ ဒါမှမဟုတ် အရောင်းဝယ် ပျက်သွားရင် စရံ အရှူံးခံရမယ်ဆိုပြိး
စည်းကမ်းချက် ထားကာ ဝယ်ကြရောင်းကြပါတယ်
ဤပုံစံစည်းကမ်းချက် ထားခြင်း မပြုပိုင်ပေ၊ အလွန်လွဲသော အများကျူးလွန်နေသည့် ကိစ္စ
ဖြစ်သည်။
သတ်မှတ်ရက်အတွင်း ငွေအပြည့်ချေဖို့ ၊ ဝယ်သူထံ အရေးကြိး တာဝန်ဖြစ်သည်။
မချေ နိုင်ဘူး ထင်လျှင် ဝယ်သည့် မြေ ပြန်ပေးရ
မည်။
သို့သော် ရောင်းသူမှ ဝယ်သူသည်
သတ်မှတ်ရက်အတွင်း မချေနိုင်၍
စရံပေးထားငွေအား ရောင်းသူမှ တစ်ကျပ်မှ
ယူခွင့်မရှိချေ။ မိမိရောင်းထားသော အရာသာ ပြန်ယူနိုင်သည်။ စရံအားလည်း ယူထားသမျှ
အပြည့်အဝ ပြန်ပေးရမည်။
ပြန်မပေးဘဲ စရံစားလိုက်ပါက ဟရာမ်အတိုးငွေ
စားခြင်းသာ ဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် မိမိယူလိုက်သော စရံငွေသည် မည်သည့် အစား
မှ မဟုတ်ဘဲ ဒီတိုင်းယူလိုက်သော ကြောင့် ဖြစ်
သည်။
ဝယ်သူဘက်မှ နစ်နာသည် ထင်လျှင်
အရောင်းအဝယ် လည်း ဖြစ်ပြိး မပျက်ရန် ပုံစံ နှစ်
မျိုးလုပ်ဆောင်နိုင်သည်၊
(1)ရောင်းသူဝယ်သူကြား ဝယ်သူဘက်မှ အာမခံပေးမည်သူ ထားနိုင်သတ်မှတ်နိုင်သည်။
ထိုသူမှငွေပေးချေရန် ကတိပေးရမည်။
(2)ဝယ်သူဆီမှ ပိုက်ဆံမချေခင် ကာလအတွင်း အပေါင်ပစ္စည်း ယူထားနိုင်သည်။ ထိုသူပိုက်ဆံမချေနိုင်ပါက သူထားထားသော ပစ္စည်းကို ရောင်း၍ မိမိငွေကို ယူနိုင်သည်။
ဤသည် ရှရိအသ်မှပြထားသော နည်းလမ်းဖြစ်
သည်၊ စရံအရှူံးခံရမည်ဆိုသည်မှာ ရှရိအသ်မှ
လက်မခံထားသော အထမမြောက်သော စည်းကမ်းသာ ဖြစ်သည်။
ကိုးကား/ဟေဒါယာကျမ်း ၊ အရောင်းအဝယ်အခန်း အတွဲ၃စာ ၂၁၊ ဖသ်ဝါကာစီမီယာ အတွဲ ၁၉ စာ ၃၉၄
Psမသိနားမလည်သူများ စောဒကများ တတ်လာနိုင်သဖြင့်အထောက်ထားဖြင့် မဖြေနိုင်သူများ ဤပို့စ်အား copyမယူပါ နှင့်၊ share ပဲ လုပ်ပေးကြပါ။