လူတွေက စိတ်ကောင်းထားလိုက်ရတာ၊ သဘောထားကြီးလိုက်ရတာကို အရှုံးပေးရတယ်လို့ ထင်ကြတယ်။
ဒီအလုပ်တွေက မဟာလူသားတွေမှ လုပ်နိုင်တာ၊ သာမာန်လူ ငါတို့မလုပ်နိုင်ဘူး၊ ငါတို့အလုပ်မဟုတ်ဘူးလို့ ယူဆကြတယ်။ ကိုယ့်အတွက်ကိုယ် အယင်ဦးစားပေးတာ၊ တစ်ကိုယ်ကောင်းဆန်တာကို လူသားသဘာဝလို့ ယူဆတတတ်ကြတယ်။
အမှန်တော့ သဘောထားကြီးခြင်း၊ စိတ်ကောင်းရှိခြင်းဆိုတာ လူသားတွေမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တဲ့ အလုပ်ပါ။ မည်သူမဆို လွယ်လွယ်ကူကူနဲ့ လုပ်လို့ရတယ်။
လုပ်ကြည့်လိုက်ပါ၊ ဘာမှ မခက်ဘူးဆိုတာ သိလာလိမ့်မယ်၊ နဲနဲ ကြာလာယင် ဒီအလုပ်က အရှုံးအလုပ်မဟုတ်ဘူး၊ မြတ်တဲ့အလုပ်ဆိုတာလည်း သိလာလိမ့်မယ်။
ဘယ်လိုမြတ်သလဲ လုပ်ကြည့်ယင် သိလာလိမ့်မယ်။