အလုပ်ဆိုသည်မယ် ကာယအလုပ်ဖြစ်စေ ဥာဏအလုပ်ဖြစ်စေ အချိန်နှင့်အမျှ ပုံမှန်လေးလုပ်ဖို့ တော့ လိုအပ်ပေတယ်လေ။
computer နှင့်ဖြစ်စေ
လက်ကိုင်ဖုန်းဖြင့်ဖြစ်စေ onlineမယ် လုပ်နေကြသူတွေလည်း မနည်းလှပေ။ income ဝင်ငွေကတော့ တဦးတယောက် လုပ်ကိုင်မှုအပေါ်မူတည်နေပေမည်။ onlineမယ် ရှုံးသည်တော့ ဆိုလိုလို့မရပေ။ အတွေ့အကြုံပိုလာခြင်းဆိုတဲ့ အတွေ့အကြုံတော့ online လုပ်ဖူးကြသူများ ပိုသိကြပေမည်။
steemit မယ် photo and post တစ်ခုတင်ပြီဆို မိမိတို့ အလုပ်အားချိန် မယ် ရွေးချယ်ထားသော အတွေးအများစုကို ပုံဖော်ခြင်း မှတ်တမ်းသဖွယ် မှတ်စုသဖွယ် ရေးတတ်သောအကျင့်ရှိသူများသာ ရေးလေ့ရှိပေသည်။
နေ့စဉ်ဖတ်မိသော စာတိုစာရှည်များမှ မှတ်မိသော စာစုလေးများကို ပုံဖော်ရေးကြသူတွေလည်း ရှိတတ်ပေတော့သည်။
ငွေကြေးက လူတိုင်းမယ် အရေးကြီးပေသည်။ အရေးကြီးပေမယ့် လည်း အရေးမကြီးသလို စဉ်းစားနေရခြင်းကလည်း ဥာဏ်ပညာ လေး တခုရလာသလို တွေးထင်မိဘူးတယ်။
ပုံမှန်အလုပ်တွေ ပုံမှန်လုပ်ဖိုး တွေးတောပြီးမှ လုပ်ကြသူတွေလည်း များစွာရှိပေမည်။
အခု steemit မယ် စာရေးခြင်း ပုံတင်ခြင်းကတော့ ပုံမှန်voteပေးသော မိမိယုံကြည်သော groupရဲ့ အသိမှတ်ပြုသူကတော့ %အလိုက်ပြုလုပ်ပေးမှာမလွဲပေ။
အနည်းအများကတော့ ကိုယ့်ရဲ့ ပြုလုပ်မှုစွမ်းရည်သာဖြစ်ပေသည်မို့ ပုံမှန်လုပ်နေဖို့ အထူးလိုအပ်ပေမည်။
ယုံကြည်မှုဟာလည်း အားကိုးမှု ပါတာမပါတာထက် ကျေနပ်တတ်ဖို့ အရင် လေ့ကျင့်ထားရဦးမည်လည်း အမြတ်ထုတ်တတ်ခြင်းတခုပေ။
အရှုံး အမြတ်က နောက်မှတိုင်းတာခြင်းတခုဖြစ်ပေသည်။
လုပ်နေရမှာက ထာဝရ အမြဲပေ။
ရတာမရတာက သဘာဝရဲ့ တစိတ်တဒေသ ဖြစ်ပေမယ်။ ရေမြင့်လျင် ကြာမြင့်မှာတော့ မလွဲပေ။
ဈေးကွက်ဆိုတာ အကြောင်းအမျိုးမျိုးဖြင့် ဖန်တည်းဖောက်ယူနေသူတွေများပြားလှပေသည်။
bitcoinဈေးပေါ် မှီခိုနေကြသော coinအားလုံးသည် ယုံကြည်မှုကိုယ်စီဖြင့် လျှောက်လှမ်းနေကြပေမည်။
ယိမ်းယိုင်သွားလည်း ထိမ်းလို့ရသလို ညှိယူကြမှာမလွဲပေ။
ပျက်စီးသွားရင်တော့ ကံတရားက လက်မခံသေးဘူးလို့ ယူဆယုံသက်သက်ဘဲ ထားထားရပေမည်။
ရပ်ထားမည့်အနေအထားကို မရပ်ဘဲ ဖြေးဖြေးခြင်းသွားနေသည်က အမှန်လမ်းတော့ တွေ့ဦးမည်မဟုတ်ပါလော့။ လမ်းဆုံးမရောက်ခင် ပုံမှန်လျှောက်ပါ။ အောင်မြင်လာပါမည်။