ကျွန်တော် ဒီ အကောင့်ကနေ ပြီးတော့ အခိျု့သော သူတွေကို ကူညီပေးနေခဲ့တာကို သိပြီးသားဖြစ်လိမ့်မယ်ထင်ပါတယ်။ အထူးအဖြင့် ပိုစ့်တင်တဲ့ အခါမှာ ရတာနည်းနေတဲ့သူတွေကိုပေါ့။
ဒီတစ်ခါ တင်ပြမယ့်အကြောင်းအရာကတော့ Steem-plus ရဲ့ collaboration အကြောင်းပါ။ Steem-plus ဆိုတာက browser extension တစ်ခုပါ။ အသေးစိတ်သိချင်ရင်တော့ ဒီအောက်ကလင့်မှာ ဖတ်ကြည့်လို့ရပါတယ်။
သူနဲ့ collaboration လုပ်ဖို့ဆိုရင်တော့ steem-plus extension ကို ကိုယ့်ရဲ့ browser မှာ install လုပ်ထားပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာကတော့ steem-plus extension မှာ log-in လုပ်ထားပေးရမှာဖြစ်ပါတယ်။
Collaboration လုပ်လို့ရတဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ post and support button ကိုနှိပ်ပြီး ပိုစ့်တင်တာပါ။ ဒီလိုလုပ်မယ်ဆိုရင်တော့ သူ့ကို ၅% ပေးရမှာဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ boost button ကို နှိပ်ပြီးတော့ boost လုပ်တာပါ။ ဒီနည်းကတော့ သူ့ကို ဘာမှပေးစရာမလိုပါဘူး။
Boost button ကိုနှိပ်ပြီး boost လုပ်မယ်ဆိုရင် ရွေးစရာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ minnow booster ဖြစ်ပြီး နောက်တစ်ခုကတော့ postpromoter ဖြစ်ပါတယ်။
အောက်မှာပုံတွေနဲ့ ပြထားပေးပါတယ်။ သူနဲ့ collaboration လုပ်ထားတဲ့သူတွေကို steem-plus က upvote ပေးသွားမှာ ဖြစ်ပါတယ်။ ၉ လပိုင်းကနေ စပေးမှာဖြစ်ပေမဲ့ အခုအချိန်ကထဲကနေ steem-plus points တွေ စစုဆောင်းနိုင်နေပြီဖြစ်ပါတယ်။


