Incest
Incest ကို အစောဆုံးတွေ့ရတာက Zeus နဲ့ Hera နဲ့မှာပါ။ သူတို့ကနေ သားသမီး ခုနှစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ အဲ့ဒိအချိန်တုန်းကတော့ လူသားတွေတောင် စပြီး ဖြစ်မလာသေးပါဘူး။ သူတို့တွေချည့်ပဲ ရှိတယ်ဆိုတောလဲ ဒီလိုပဲ ဖြစ်မှာပေါ့လေ။
Hephaestusက Aphrodite နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အဖေတူ မအေကွဲပါ။ ဒါပေမဲ့ Aphrodite က Ares နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ Ares ကလဲ ဇုစ် ရဲ့ သားပါပဲ။
မြန်မာ ဗုဒ္ဓဝင်မှာတော့ သာကီဝင်မျိုးတွေကတော့ Incest တွေပါပဲ။ သူတို့ အမျိုးအချင်းချင်းပဲ ယူပါတယ်။ ဒီနေရာမှာ တွေ့မြင်ရတာက သူတို့မျိုးနွယ်ထဲကို သူစိမ်း အဝင်မခံတဲ့ ကိစ္စပါ။ ဒါကတော့ မျိုးနွယ်ကိုစောင့်ထိန်းတဲ့ အနေနဲ့ ဆွေမျိုးတွေ အချင်းချင်းပြန်ယူပါတယ်။
နောက်တစ်မျိုးတွေ့နိုင်တဲ့ပုံစံက အာဏာအတွက်အိမ်ထောင်ပြုတာပါ။ သီပေါမင်းကို ကြိုးကိုင်ထားနိုင်ဖို့ စုဖုရားကြီးနဲ့ ပေးစားသလိုမျိုးပါ။ နောက်ပိုင်းမှာတော့ စုဖုရားလတ်က သူ့အမနေရာကို ဝင်ယူသွားပါတယ်။ စုဖုရားလတ်က အလယ်နန်းမတော် မိဖုရားကနေ မွေးဖွားခဲ့ပြီး သီပေါမင်းကတော့ လောင်းရှည် မိဖုရားကနေ မွေးဖွားခဲ့ပါတယ်။
Incest ကို လူ့အသိုင်းအဝိုင်းက ဆန့်ကျင်ပါတယ်။ ဘုရင်တွေ လက်ထပ်တာကို ဘာမှ မပြောပေမဲ့ သာမန်လူတွေ လက်ထပ်ရင်တော့ အပြစ်ဆိုပါတယ်။

Media appearance
If there be thorn
Crimson Peak
The Lodgers
Crimson Peak မှာကတော့ "marriage and murder scheme" ကို သုံးသွားပါတယ်။ အခြားချမ်းသာတဲ့ မိန်းမတွေကို လက်ထပ်တယ်။ ပြီးတာနဲ့ သတ်ပစ်ပါတယ်။ အဲ့ဒိအတွက် မိန်းကလေးရဲ့ ပိုင်ဆိုင်မှုတွေကို ရှိပါတယ်။ အဲ့ဒိငွေကို သူ့ရဲ့ တီထွင်မှုတွေ အတွက်သုံးပါတယ်။
The Lodgers မှာတော့ ပိုဆိုးပါတယ်။ အမွာ အချင်းချင်းပြန်ယူတာပါ။ သားသမီးတွေ မွေးလာတော့လဲ အမွာပဲ မွေးပါတယ်။ အဲ့ဒိ အမွာတွေကလဲ အချင်းချင်းပြန်ယူပါတယ်။ သူတို့မှာ စည်းမျည်း သုံးခုရှိပါတယ်။
၁။ သန်းခေါင်ယံအချိန်မှာ အိပ်ရာထဲမှာ ရှိရမယ်။
၂။သူစိမ်းတွေကို အိမ်ထဲကို အဝင်မခံရဘူး။
၃။ တစ်ယေက်ယောက်က စွန့်ပစ်သွားခဲ့ရင် ကျန်တဲ့ တစ်ယောက်က သေလိမ့်မယ်။
ဒီစည်းမျည်းသုံးခုကို မျိုးရိုးစဉ်ဆက် လိုက်နာခဲ့ကြတယ်။ဒီဇာတ်လမ်းကတော့ သရဲကားပါ။ ညသန်းခေါင်ရောက်ရင် သေပြီးသား ဝိညာဉ် တွေက အိမ်ထဲကို ဝင်လာပါတယ်။
Incest နဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေကတော့
၁။ စိတ်ဝင်စားရမဲ့သူနည်းပါးတာ။(ပတ်ဝန်းကျင်မှာ သူတို့တွေပဲရှိတယ်)
၂။ပတ်ဝန်းကျင်နဲ့ မဆက်စပ်ပဲ သီးခြားနေထိုင်တာ
၃။မျိုးနွယ်ကို စောင့်ရှောက်ချင်တာ
Incest ကိုတော့ ဒီနေ့ လူ့ပတ်ဝန်းကျင် က ရှုံ့ချပါတယ်။ တရုတ်တွေဆို မျိုးနွယ်တူ (ရှေ့စာလုံးတူ) ယူတာကို တောင်မှ ဝိုင်းပယ်ပါတယ်။ မြန်မာတွေကြားမှာတော့ တစ်ဝမ်းကွဲလောက်ဆိုယူကြပါတယ်။