......Johan Von Roekeghem (Belgium) သုတေသန
ပြုခဲ့သည့် ကြေးပတ် ကယန်းအမျိုးသမီးများ၏ လည်ပင်းရှည်
ခြင်းဆိုင်ရာ လျို့ဝှက်ချက်များ.......
......အောက်ဖော်ပြပါ ဓါတ်မှန်ပုံများသည် အသက်(43)နှစ်ရှိ
ကယန်းအမျိုးသမီးတစ်ဦးကို ရိုက်ယူခဲ့ရာမှ ရရှိလာခြင်းဖြင့်
သည် ဤအမျိုးသမီးသည် နှစ်ပေါင်း(38)နှစ် ကြေးပတ်လာခဲ့
သော အမျိုးသမီးဖြင့်သည် ဤပုံများသည်လည်း သုတေသန
ပြုလုပ်သူကိုယ်တိုင် မယ်ဟောင်ဆောင် ဆေးရုံကြီးတွင် ရယူခဲ့
သော ဓါတ်မှန်ပုံများဖြစ်သည် ဤပုံများကိုလည်း ဘယ်လဂျီယံ
ပြည်ရှိ သိပ္ပံပညာရှင်များက စီစစ်ကာ အောက်ဖော်ပြပါ အချက်
များကို အတည်ပြုခဲ့သည် အောက်ပါဖေါ်ပြပါပုံသည် ရှုထောင့်
နှစ်မျိုးမှ ဖေါ်ပြထားသောပုံများဖြစ်သည် လက်ဝဲဘက်တွင်
ဖေါ်ပြထားသောပုံသည် ကယန်းအမျိုးသမီး၏ ညှပ်ရိုးနှင့်
နံရိုး၏ ပုံကိုဖေါ်ပြထားပါသည် ထိုအချိန်သည် ကယန်းအမျိုး
သမီးကြီးမှာ ကြေးဖြုတ်ထားသော အချိန်ဖြင့်သည် ညာဖက်
တွင်ဖေါ်ပြထားသော ပုံသည် အရိုးများ၏ အဆင့်ဆင့်ဖြစ်ပေါ်
လာပုံပင်ဖြစ်သည် အဆင့်ဆင့်ဟု ဆိုရာတွင် ကယန်းအမျိုးသမီး
ကြီး မကြာခဏတပ်ဆင်ခဲ့ရသော အဆင့်များအရ အရိုးများ၏
ပြောင်းလဲလာပုံ အဆင့်ဆင့်ဖြစ့်သည် အရိုးများမှာ ပင်မ ကြော
ရိုးနှင့် ဆက်နွယ်လျက်ပင်ရှိသည် လူအတော်များများသည်
လည်ပင်းရိုးကို ကြေးပတ်ခြင်းဖြင့် ဆန့်ထုတ်ရှည်သည်ဟု ထင်
မှတ်ခဲ့ကြသည် သိုသော် ထိုအထင်အမြင်မှာ မဖြစ်နိုင်သော
ထင်မြင်ချက်ဖြစ့်သည် အကယ်၍ လည်ပင်းရိုးကို ဆန့်စေလျှင်
အကြောများကိုသေစေကာ ကိုယ်တဖက်ကို အကြောသေသွား
စေနိုင်သည် လည်ပင်းရှည်လာစေသော အကြောင်းမှာ ထို
ကြေးကွင်းများက ညှပ်ရိုးကို အောက်သို့ ဖိချသောကြောင့်
လည်ပင်းရှည်သယောင်ထင်ရခြင်းဖြင်သည် လက်ဝဲဘက်တွင်
ဖေါ်ပြထားသောပုံကိုကြည့်လျှင် နံရိုးများသည် သာမန်လူများ
ကဲ့သို့ပင်ကြီးထွားသည်ကို တွေ့ရသည် လက်ယာဘက်တွင်
ဖေါ်ပြထားဓါတ်ပုံကို ကြည့်သော် ကယန်းအမျိုးသမီး၏ နံရိုး
သည် (45)ဒီဂရီ စောင်းကြသည်ကို တွေ့ရမည်ဖြစ်သည်
ကြေးချောင်းများသည် ပုခုံးရိုးပေါ်တွင်အများထင်သလို
မရှိနေဘဲနံရိုးများပေါ်တွင်ရှိနေသည်သာ ဖြစ်သည် ကယန်း
အမျိုးသမီးများသည် အမြဲးတမ်းလိုလို အဖိခံထားရသော
အနေအထားတွင်ရှိသည် ဤသို့ဖြစ်သည်မှာလည်း ကြေးချောင်း
များ၏အလေးချိန်ကြောင့်ဖြစ့်သည် အခြားအကြောင်းတခုမှာ
ဦးခေါင်းနှင့် ပခုံးအကြားရှိ ဆန့်တက်လာမှုဖြင်သည် နံရိုးသည်
ကြေားရိုးမကြီးနှင့်အဆက်ငယ်လေးများ ကြောရိုးမကြီးနှင့်
ဆက်နေမှုကြောင့် အပေါ်မှအလေးချိန်သည် အောက်ဖက်သို့
စောင်းဆင်းသွားရသည် ဤတွင် တဖြေးဖြေးနံရိုးများပေါ်သို့
ကြေးကွင်းများသည် ဖိဆင်းသွားရခြင်းဖြစ်သည် ကြေးကွင်းများ
လည်ပင်းအောက်နေရာ ပိုယူလာသောအခါ ပို၍ရှည်လာလေ
တောသည် ထို့နောက် အခြားပိုရှည်သောပိုလေးသောကြေးတစုံ
ကို ထပ်မံထည့်သောအခါ နံရိုးများကို ပို၍လေးသောအရာနှင့်
ထပ်၍ဖိချသည်နှင့် တူလာလေတောသည် ဤကဲ့သို့ ဖြစ်သည်
မှာ ရိုးရိုးသဘေားတရားသာဖြစ်၍ ခန္ဓာကိုယ်တွင်းရှိ အရိုးများကို
ထိခိုက်စေခြင်းမျိုး မဖြစ်စေခဲ့ပါ နံရိုးများကို ဖိချခြင်းအားဖြင့်
လည်ပင်းကိုပို၍ ရှည်လာသည်ဟု ထင်ရအောင် မြင်သာစေသော်
လည်း ကြွက်သားများကိုပါ ပုခုံးထဲတွင်ပို၍ ပေါ်လာစေကာ
လည်ပင်းပိုရှည်သယောင်မြင်စေနိုင်သည် ဤအရာကပင်အများ
ကို လည်ပင်းရှည်လာသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည်
လက်ယာဖက်တွင် ဖေါ်ပြထားသောပုံရှိအစက်ကြီး၏ ပုံသည်
သာမန်အမျိုးသမီးများ၏ ကြွက်သားပုံဖြစ်သည် ခန္ဓာကိုယ်
အစိတ်အပိုင်းများကို ကြည့်သော်ကြွက်သားများမည်ကဲ့သို့
အဖိချခံရသည်ကို တွေ့ရမည်ဖြစ်သည် တချိန်တည်းတွင် အမြင်
အားဖြင့် လည်ပင်းကိုရှည်စေသည်ဟုထင်စေနိုင်ခဲ့သည်
ကယန်းအမျိုးသမီး၏လည်ပင်းမှ ကြေးများကို ဖယ်ရှားလိုက်
သောအခါ အဖိချခံရသော ကြွက်သားများသည်နဂိုလ်နေရာသို့
ပင်ပြန်၍တက်လာသည်ကို တွေ့ရသည် ဤတွင် နဂိုလ်နေရာမှ
လည်ပင်းအနေအထားမှာပြန်၍ ပုံပေါ်လာသည် ဤကဲ့သို့
ဖြစ်ရသည်မှာ ကြေးကွင်းကိုဖြုတ်ပြီးမကြာမှိ အတောအတွင်း
ပင်ပုံမှန်ပြန်ဖြစ်လာခြင်းဖြစ်သည် နကိုယ်အရပြေားရပါက
လည်ပင်းရှည်သည်ဟု ထင်မြင်ချက်မှာ မျက်စိမှားကာ
ရှည်သည်ဟုထင်ယောင်ထင်မှားဖြစ့်ခြင်းသာ ဖြစ်သည်
.....ကြေးစတင်ပတ်သော(4)နှစ်အရွယ်မှာ ကြေးကွင်းနှင့် ရင်းနှီး ကျင့်သားဖြစ်စေသော မိတ်ဆက်အဆင့်ဖြစ်သည်
အသက်(5)နှစ်ကျော်နောက်ပိုင်း ကြေးခွေအရစ်တိုးပတ်သော
အခါ အမျိုးသမီးငယ်တို့မှာ ဒုက္ခဖြင့်ရင်ဆိုင်ရသည် ကြေးကွင်း
တွန့်ဆန့်ဖိချသော နေရာတွင် ပုခုံးသားမှာပွန်ပက်အနာအဆာ
များ(3)လအတွင်း ခံစားရပြီး အမာရွတ်အဖြင့် ကျန်ရှိနေခြင်းကို
အမျိုးသမီးတိုင်းတွေ့ရှိရသည် ထိုနည်းတူ ခြေထောက်တွင်
ပတ်သောကြေးကွင်းမှာလည်းခြေမျက်စိ အနားတွင် ဖုထစ်သော
အမာရွတ်လုံးငယ်များကျန်ရစ်ပါသည် ကြေးပတ်ခြင်းမှာ
အစဉ် အလာ တရပ်ဖြစ့်သောကြောင့် ကြေးစတင်ပတ်ချိန်၌
၎င်း၏ သူငယ်ချင်းထံသို့ လှည့်၍ ဂုဏ်ယူပြသယောင် မပတ်နိုင်
သေးသော ကလေးငယ်တို့မှာ မိဘထံ ပြန်ပူဆာကြသည် အသက်အပိုင်အခြားအရ ဆင့်ကဲပြောင်းလဲပတ်တိုင်း ညအိပ်
စက်သောအခါ အနာတရကြောင့် အိပ်မရဘဲ ညီးထွားကြရ
သည် အချို့မှာ ငိုသည်အထိ(5)ရက်အတွင်းခံရသည်
...အကယ်၍ ကြေးပတ်သောအနာတရမှာ
(5)ရက်အတွင်း မသက်သာဘဲ ထမင်းမစားနိုင်သော ကလေးတို့ကို ကြေးပတ်ခြင်းမှ ရပ်နားပေးရသည် နေပြန်ကောင်းပြီးအနားများပျောက်သွားမှသာ ပြန်၍ ကြေးပတ်
ပေးကြသည် ကြေးပတ်ခြင်းကြောင့်ဖြစ်ပေါ်သော နာမကျန်းမှု
တင်မကဘဲ အခြားနာမကျန်းမှု ပြင်းထန်ပါက ကြေးကွင်းဖြုတ်
ပေးလိုက်ရသည် လဲရှိပါသည် ကြေးပတ်သော အမျိုးသမီးတို့မှာ
ကိုယ်ခန္ဓာနှင့်အမြဲးတမ်း တွယ်ကပ်နေသောအရာဖြစ်သော
ကြောင့် ၄င်းတို့အတွက် ကြေးမပတ်သော သူတို့နှင့်မခြားနေထိုင်
လှုပ်ရှားနိုင်ပါသည် ကယန်းတို့၏ ရိုးရာလုပ်ငန်ခွင်တွင် ကြေးမ
ပတ်သောအမျိုးသမီးအများတို့နှင့် အတူ ရင်ဘောင်တန်းအလုပ်
လုပ်နိုင်ကြသည် သို့သော် ဦးခေါင်းနှင့် ဆိုင်သော လှုပ်ရှားမှုနှင့်
ပြေးလွားခြင်းတို့တွင် အဟန့်အတားဖြင့်ကြသည် ကျန်းမာနေ
သောကြေးပတ်သူတစ်ဦးကို ဖြုတ်လိုက်ပါက ၄င်းမှာ ထသွားရာ
၌ တစုံတရာ ထိမ်းကွပ်မှု လွတ်သွားသကဲ့သို့ ဖြစ်သည် ၄င်းမှာ
ဖြစ်ပေါ်နေသော လည်တံရှည်ကြောင့် ရုပ်အသွင်မှာ ကြေးပတ်
သော အခါကဲ့သို့ မတင့်တယ်တော့ပါ ကြေးကွင်းပြန်ဆင်မှသာ
တင့်တယ်လာသည် တနည်းအားဖြင့် ကြေးကွင်းစွပ်သူတို့မှာ
၎င်း၏ရုပ်လွှာအား ထင်ဟပေါ်လွင်စေသော ဆင်မြန်းမှုတရပ်
ဖြစ်သည် အမျိုးသမီးကြေးပတ်သူတို့မှာ ဖြူ ။ ညို ။ ဝါ စသော
အသားအရောင်ပေါ်မူတည်၍ ကြေးကွင်းက အလိုအလျှောက်
လိုက်ဖက်ကျွမ်းဝင်သွားသည် 1960-ပြည့်နှစ် နောက်ပိုင်း
ကယန်း ကာလသား လူပျိုတို့အတွက် အိမ်ထောင်ဖက် ရွှေးရာ
၌ ၄င်း၏ဒေသအတွင်းမှ ကြေးပတ်သူကိုသာ လက်ထပ်ကြ
သည် ယနေ့တိုင် အချို့ကယန်းလူမျိုးများမှ အမျိုးသားအချို့
တို့မှာ ဤသဘေားအတိုင်းရှိကြသည် ရှေ့ကယန်းကြေးပတ်
သော အမျိုးသမီးတို့သည် သေသည့်တိုင်ကြေးကွင်းအား
အဖြုတ်မခံဘဲး သင်္ဂြုလ်သည့်တိုင် ပါသွားသည် ဖျားနေစဉ်
ဖြုတ်ထားသော ကြေးကွင်းအား သေသောအခါမှ ပြန်ပေးရ
သည် အကယ်၍ ပြန်လည်ဆင်မြန်းခြင်းမပြုသည့်တိုင် အခေါင်း
ထဲပြန်ထည့်ပေးသည် အချို့ကြေးပတ်သော အဖွားကြီးများကမူ
၎င်းသေဆုံးပါကကြေးကွင်းအား ချစ်သောမြေးမငယ်အား
ရှေ့တုန်းက မယ်တော် နဂါး၏ လုပ်ရပ်နည်းတူ မှာကြားကာ
ပေးဆောင်သွားခဲ့သည်လည်းရှိသည် သို့သော် ယနေ့ကာလ၌
ကြေးကွင်းပတ်သော ကယန်းအမျိုးသမီးတို့မှာ အလွန်ရှားပါး
လာကြပါသည်
..ကြေးပတ်မှုနည်းပါးလာခြင်း.....။
AD 1850-ပြည့်နှစ်တွင် အနောက် ဥရောပ သာသနာပြုများ
သည် လက်ရှိကယန်းတို့ နေထိုင်ရာဒေသတွင် သာသနာပြုရန်
စတင်ရောက်ရှိလာပါသည် သာသနာပြုများရောက်ရှိလာသလို
မိမိတို့ကယန်းလူမျိုးတို့လည်း လက်ရှိမိရိုးဖလာ ယုံကြည်မှုကို
စွန့်လွတ်ကာ ခရစ်ယာန်ဘာသာအားအများစုက ကိုးကွယ်လာ
ကြပါသည် ခရစ်ယာန်သာသနာကူးပြောင်းလဲသော ကယန်း
လူမျိုးတို့မှာ တွေးခေါ်မြော်မြင်မှုအရပြောင်းလဲကာ ကြေးပတ်
ခြင်းကိုစွန့်လွတ်လာကြပါသည်...1850-ပြည့်နှစ့် သာသနာပြု
နောက်သို့ ခရစ်ယာန်ဘာသာ ရှေ့ဦးစွာယုံကြည်လက်ခံသော
ကယန်းဂေခို မောင်ပလော့ရွာဒေသတို့တွင် ကြေးပတ်ခြင်း
စေားစီးစွာပပျောက်လာပါသည်
ထိုကြေးဝါစတင်ပတ်သည့် အချိန်မှာ ဗမာ
မင်း အနော်ရထာ နန်းစံပြီးသော AD-1070ခုနှစ်ပတ်ဝန်းကျင်ခန့်ဖြစ်သည် ကြေးစတင်ပတ်သော
အချိန်မှစ၍ ယနေ့အထိမျိုးဆက်သက်တမ်း(35)ဆက်ရှိသွား
ပြီးဖြစ့်ပါသည် နှစ်ပေါင်း(945)ဝန်ကျင်ခန့် ကြာညောင်းခဲ့ပြီဖြစ်
ကြောင်း ယုံကြည်သတ်မှတ်ရပါသည် ကယန်းလူမျိုးအမျိုးသမီး
တို့၏ ကြေးပတ်ရခြင်းကို အကျဉ်းချုပ်အားဖြင့် ဖော်ပြရလျှင်....
...(1)ထိုခေတ်အခါကာလ၌ ဗမာနှင့် ရှမ်းဘုရင်တို့၏ အဖြစ်အ
ပျက်ကြောင့် စိုးရိမ်စိတ်ဖြင့် ကြီးမားသောအသိအမှတ်တံဆိပ်
ခတ်နှိပ်ခြင်း အသွင်လက္ခဏာအဖြစ်ပြုလုပ်သွားရခြင်း
....(2)မိမိတို့ကယန်းမျိုးနွယ်သည် အခြားလူမျိုးစုနှင့် အသွင်
သဏ္ဍန်ရေားထွေးခြင်းမရှိစေဘဲး သတ်သတ်မှတ်မှတ်ရုပ်သွင်
ဆင်ယင်ထားသော အမျိုးသန့်သန့်တရပ်အဖြစ် ဆောင်ရွက်
သွားခြင်း
...(3)မယ်တော်နဂါးမှ ပေါက်ဖွားလာခြင်းကြောင့် မိခင်ဖြစ်
မည့် အမျိုးသမီးများကို အထွတ်အထိပ်ထားမှု ရည်စူး၍
နဂါးသဏ္ဍဆင်ယင်ထုံးဖွဲ့သွားခြင်း
...(4)အခြားသောလူမျိုးစုတို့၏ နှောက်ယှက်ခိုးယူခြင်းတို့မှ
အလိုအလျှောက်ကာကွယ်ခြင်း စသည်တို့ဖြစ်သည်
Credit Photo