ကျမနှင့် ညီအမဝမ်းကွဲများ ဆွမ်းကပ်တခုမှာ အမှတ်တရရိုက်ခဲ့သော ပုံလေးတွေပါ
လူကြီးများကအမြဲပြောလေ့ရှိကြပါတယ်
ငယ်စဉ်ဘဝလေးတွေက အမှတ်တရရှိခဲ့သောအကြောင်းအရာလေးများ နှင့်
ရိုက်ကူးခဲ့ကြသော ငယ်ဘဝအမှတ်တရဓာတ်ပုံလေးများကို သတိရ၍ပြန်လည်ကြည့်ရှုမိတယ် ဆိုသောစကားကို ကျမအိမ်မှာ အဖိုးအဖွားအဒေါ်မိဘများကအမြဲပြောလေ့ရှိခြင်းကြောင့် နားယဉ်နေပါတယ်
လူကြီးများကဲ့သို့ ကျမလည်းနောင်တချိန်အသက်အရွယ်ကြီးလာချိန်မှာ အမှတ်တရ ပြန်ကြည့်၍ကြည်နူးအောက်မေ့ရင် ဒီဓာတ်ပုံလေးတွေက အသင့်ဖြစ်နေမှာပါ
ကျမလိုဘဲ သူငယ်ချင်းလည်း စိတ်ကူးရည်စူးပြီး အမှတ်တရ ထားရှိနိုင်ပါစေရှင်