"သူ့ခေတ်နှင့်သူ"
ဟိုတုန်းက ဆရာကြီးတွေအကြောင်း
ပြောသံ ကြားဖူးတယ်။
T.E.O တွေ A.T.E.O တွေ
ဘာဟိတ် ဘာဟန် ဘာမာန် မှ မရှိဖူး
စာရေးတွေ ကျောင်းအုပ်တွေ လည်း
ရိုးရိုးအေးအေး လေသံလေးတွေနဲ့
ဘာ ပညာမှမပြ သူ့နေရာနဲ့သူ နေကြပါသတဲ့
ဆရာတစ်ယောက် ရတဲ့ လခက တစ်လမှ
နှစ်ရာ့အဆိပ် (၂၂၅)ကျပ်
ရွှေတောင်ဝယ်နိုင်သေးတယ်ဆိုပဲ
Diary တွေ Lesson Plan တွေ
ဘာတစ်ခုမှ မရှိဘူးတဲ့
နောက် လခ လေးရာ့ငါးဆယ် (၄၅၀)ကျပ်
ရပြန်တော့လည်း အိုကေ ဆိုပြေ ပိုတောင်
ပိုနေသေးတယ်ဆိုပဲ
တစ်ဖြေးဖြေး လခ တွေ တိုးတိုးလာခဲ့တာ
အခု လခ တစ်သိန်းခွဲ (၁၅၀၀၀၀)ကျပ်
ရွှေကိုနောက်မှပြော စားဘို့တောင်
အနိုင်နိုင် တာဝန်ထမ်းစဉ် ဟိုကခြောက်
ဒီကငေါက် ဟိုဟာခိုင်း ဒါခိုင်း အရေး
မပါတာတွေ ဟိုရေးခိုင်း ဒီရေးခိုင်းနဲ့
ဟိုလူ့မျက်နှာက မာလိုက်
ဒီလူ့မျက်နှာက တင်းလိုက်
ဟိုလူ့မျက်နှာက မဲမဲကြီးနေလိုက်
မြင်သမျှ လူကြီးကို ပြုံးပြပြီး အောက်စည်း
က ဆက်ဆံနေရတဲ့ အချိန်
ကိုယ့်ဝမ်းကိုယ်တောင် မသထာ
ချွေတာစားသောက်ရတဲ့ အချိန်
ဆယ်နှစ်လောက် ဆုထားရင်တောင်
ရွှေမဝယ်နိုင်တဲ့ ခေတ်
သည်ခေတ် သည်အခါ
ဆရာ ဖြစ်နေသူများမှာ
ဟိုတုန်းကနဲ့ အလွန်ကွာခြားသော
ပစ္စုပ္ပန်ရဲ့ ကရုဏာရှင်တွေပါ
နောင်ဖြစ်လာမယ့် ဆရာလေးများရဲ့
သမိုင်းမှာ စံပြအဖြစ် တွင်ကျန်ရစ်မယ့်
ဆရာအစစ် အမှန် တွေရယ်
ပညာရေး