Hello Steemit,
အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
ကျမအခု introduce ရေးမှာပါ။အရင်ဆုံး အမှားပါရင် တောင်းပန်ပါတယ်။လိုအပ်တာတွေရှိခဲ့ရင် ဖြည့်ပြီးဖတ်ပေးကြပါနော်။ Steem မှာအကိုတယောက်ကလုပ်နေတာတွေ့လို့ စိတ်ဝင်စားပြီး သူလုပ်သလို လုပ်ချင်တာနဲ့အကောင့်ဖွင့်ပြစ်သွားတာပါ။အဲ့ဒီအကိုနဲ့ကအလုပ်မှာအမြဲ ဆုံနေကြမို့ သင်ယူရင်လုပ်မယ်လို့...။
နေ့တိုင်း post တင်နေတာကိုတွေ့ပြီးစိတ်ဝင်စားလာလို့ပါ။
ကျွန်မ ရဲ့နာမည်က ဆုဝေ ပါချစ်တဲ့လူတွေကဆု လို့ခေါ်ကြတယ်။မေမေနဲ့ဖေဖေက သဲ လို့အိမ်ခေါ်နာမည် ခေါ်ကြပါတယ်။ နေတာကရန်ကုန်မှာပါ။နယ်ကနေရန်ကုန်မှာအလုပ်လာလုပ်နေတာပါ။
Marking Company တခုမှာ Sale အပိုင်ကိုတာဝန်ယူရပါတယ်။အလုပ်လုပ်ရင်း ဒါကိုလဲသုံးကြည့်မလို့ပါ။အဆင်မပြေမှာတော့စိုးရိမ်မိပါတယ်။ကူညီပေးကြပါဦးနော်။အကိုတယောက်လုပ်လို့လိုက်လုပ်တာပါနားမလည်ပါဘူး။သူကတော့ပိုက်ဆံအများကြီးရနေတာပဲ။အားကျမိလို့ပါ။
Steem အကောင့်ဖွင့်ရတာအတော်ကြာတာပဲနော်။စောင့်လိုက်ရတာ လွန်ခဲ့တဲ့တပတ်ကျော်လောက်ကတည်းကနေဖွင့်ပေးထားတာ အခုမနက်မှရတယ်။
အကောင့်ရပြီး introduce ရေးပါတဲ့။ဘယ်လိုရေးရမှာလဲမေးတော့ အခုအဲ့အကိုပြောပြသလိုပဲရေးလိုက်တာ။
အမှားပါရင်ခွင့်လွတ်ပေးကြပါနော်။ကျမကို ကူညီပေးကြပါဦးနော်။သင်ယူချင်ပါတယ်။စိတ်ဝင်စားလို့ပါ။
ကျေးဇူးတင်ပါတယ်ရှင်။
#My photo and writing.
Thank you.