❤️အိုဘယ့် ချစ်သော မြန်မာပြည်❤️
အပြုသဘောဖြင့်သာဖတ်ရန်
ကျုပ်တို့နိုင်ငံက အနောက်နိုင်ငံတွေမှာ
ခေတ်စားသမျှ အကုန်လိုက်လုပ်တယ်။
ပီပြင်လားဆိုတော့ မပီပြင်ဘူး။
မြန်မာပြည် ပရိတ်သတ်ကြီးနဲ့ အနီးစပ်ဆုံးလေးတွေ ချပြရလျှင် လက်ရှိ MYANMAR IDOL Season 3
ဟိုလူကောင်းတယ်၊ ဒီလူမကောင်းဘူးဆိုပြီး
ဝိုင်းပြီး Vote ပေးကြတယ်၊
ဒီကြားထဲ ဦးသိန်းတန်ကြီးက
ဘာပြုတယ် ညာပြုတယ်နဲ့စာရေးလို့
Cele ဖြစ်သူကဖြစ်သွားသေးတယ်။
တော်တော်လည်း ရယ်ရတယ်၊
နောက်ဆုံး Winner အစစ်က
ဘယ်သူမှ မဟုတ်ဘူးဗျ၊၊ Oreedoo လေ
SMS အဆောင်ရေ အကန့်အသတ်မရှိဆိုမှတော့
ဦးနှောက်ပါရင် စဉ်းစားပေါ့ဗျာ။
နောက်တစ်ခုက Myanmar Got Talent ပြိုင်ပွဲ
အစီအစဉ်လေးက မဆိုးပါဘူး၊
လာပြိုင်တဲ့ ပြိုင်ပွဲဝင် အချို့ကို မေးချင်မိတယ်။
TALENT ရဲ့ အနက်အဓိပ္ပာယ်ကို သေချာသိလားလို့၊
ရိုးရိုးသီချင်းကို ကောင်မလေးသိစေဖို့
MYANMAR GOT TALENT မှာ လာပြိုင်တာဆိုတော့
အင်း စဉ်းစားကြည့်တော့ ဘာ Talent ကိုပြိုင်တာလဲ၊
တိရိစ္ဆာန်တွေကို အကျီင်္ဝတ်ပြတာ Talent လား
The Voice Myanmar ဆိုတာလည်း ရှိသေးဗျို့
ဒိုင်သူကြီးတွေက မဆိုးပါဘူး၊
ခက်တာလေးတစ်ခုက The Voice Myanmar လား
The Voice English လား 😁😁😁
English သီချင်းတွေ ဆိုပြတော့
Winner ဖြစ်ပြီးလို့ Series ထုတ်ရင်
မြန်မာလိုမဆိုပဲ မြန်မာပရိတ်သတ်ကြီးကို
English လိုဆိုတဲ့ သံစဉ်တွေဆိုပြမှာလား?
စီးရီးထုတ်ရောင်းတယ်ထားဦး၊
ပေါက်မယ်ထင်လား ?
ဦးနှောက်ပါရင် စဉ်းစားပေါ့ဗျာ။
ဘယ့်နှယ့် လုပ်ချင်တာတွေ
လာလုပ်ပြနေတယ် ဆိုပြနေတယ်လို့ပဲ မြင်တယ်။
🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈
Money Drop ဆိုတာရှိသေးတယ်၊
85 born လောက်ကစပြီး စာဖတ်တဲ့သူနည်းသွားတာ သတိထားမိတာကြာပြီ၊ ကျွန်တော်လည်း
85 born တစ်ယောက်ပါ
Channel 7 အစီအစဉ်တော့ သေသေချာချာ
မကြည့်ဖြစ်သေးပါဘူး။
မကြာခဏတော့ မြင်နေရသလို ကြားရတယ်။
ကြည့်လိုက်တိုင်းလည်း တလွဲတွေချည်း .........
The Money Drop Myanmar မှာ
ရခိုင်ပြည်နယ်ရဲ့မြို့တော်လို့မေးတာကို ဆရာသမား၂ ယောက်က မောင်တောကို
သိန်း၂၁၀ထည့်ပြီး စစ်တွေကို သိန်း ၄၀တဲ့ 😂
နားနှစ်ဖက်စလုံးမှာ နားပေါက်နှစ်ဖက်နဲ့
ခေတ်လူငယ်လေးနှစ်ယောက်....
ပင်လုံစာချုပ်ကို ဘယ်လမှာချုပ်ခဲ့သလဲဆိုတဲ့မေးခွန်းကို ဇန်နဝါရီမှာ ၁၃၅သိန်း၊ မတ်လမှာ ၅သိန်း၊
ဧပြီမှာ သိန်း၉၀ ပုံလောင်းလိုက်တယ်။
ဖေဖော်ဝါရီကို တစ်ပြားမှ မလောင်းထားဘူး......။
လက်ရှိတက္ကသိုလ်တက်နေဆဲ
ကျောင်းသူကျောင်းသားတွေကို 7 july က
ဘာနေ့လဲလို့ လိုက်မေးတယ်....၊
ကျောင်းသူကျောင်းသားတွေခမျာ
အာဇာနည်နေ့လိုလို ဘာလိုလိုနဲ့
ရေရေရာရာ မဖြေနိုင်ကြဘူး....။
1962 ခုနှစ် ဇုလိုင်လ ၇ရက်နေ့ကို
ကျောင်းသားသပိတ်မှန်းမသိဘူး။
တောင်သူလယ်သမားအရေးတော်ပုံကို
ဦးဆောင်ခဲ့တဲ့လူဟာ မန်းဝင်းမောင်လား
ဆရာစံလား သခင်ဖိုးလှကြီးလား ဆိုတဲ့
မေးခွန်းမှာ ဆရာစံကို မဖြေခဲ့ကြဘူး ... 😢😢😢
ကုလသမဂ္ဂအတွင်းရေးမှူချုပ်တာဝန်ကိုယူခဲ့သူဟာ
ဦးသန့်လား ဦးနေဝင်းလား ဦးနုလား
ဆိုတဲ့မေးခွန်းမှာလဲ
ဦးသန့်ခမျာ မျက်နှာငယ်ခဲ့ရရှာတယ်..... 😭😭😭
ဒေါက်တာသန်းထွန်းက သမိုင်းသင်တယ်ဆိုတာ
မ အ အောင်လို့....တဲ့.....။
အ ရုံတင်မက...
န နေကြတဲ့ တိုင်းပြည်ဖြစ်နေပြီလား ?
ဘာကိုမျှော်လင့်လို့ရမလဲ......
ဘယ်လောက်အထိ မျှော်လင့်လို့ရမလဲ.......။
🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐🤐
အားလုံးကို ခြုံကြည့်ရင်
လူအများစုက အလွယ်လမ်းကို လိုက်ချင်ကြတာ၊
ပိုက်ဆံအလွယ်ရရင် မဆိုးဘူးလေ၊
ပြိုင်ပွဲတွေလုပ်နေတယ်ဆိုတာ
တကယ်တမ်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့
စီးပွားရှာနည်းတွေထဲက နည်းတစ်နည်းပါ၊
လူတွေ စိတ်ဝင်စားအောင်လို့
Popular ဖြစ်နေတဲ့ Celebraties တွေကို ငှားတယ်
ပြီးတော့ လူတွေစိတ်ဝင်စားအောင် စွဲဆောင်တယ်၊
ပြီးရင် ကြေငြာတွေကနေ ပိုက်ဆံယူသလို
Voting တွေ ပေးခိုင်းပြီးတော့
မသိမသာရော၊ သိသိသာသာရော
ပိုက်ဆံဝင်ငွေရအောင်လုပ်တယ်၊
ဒီတော့ စဉ်းစားပါ၊
ဦးနှောက်ဆိုတာ အလုပ်လုပ်ဖို့ပါ၊
မြန်မာပြည်မှာက အင်တာနက်ဆိုတာ
Facebook နဲ့ You tube လောက်သိကြတာ၊
ဒါတောင် ခေါင်းစဉ်တပ်လိုက်တော့
Social Media Network ဆိုပဲ
တကယ်သုံးနေတော့
Entertainment news လောက်သုံးတက်ကြတယ်။
👌👌👌👌👌👌👌👌👌👌👌👌👌👌👌
ဘာတဲ့ ဒီပုံကိုမြင်ပြီး
LIKE မလုပ်ရင် SHARE မလုပ်ရင်
ကံဆိုးမယ်ဆိုတဲ့ ကြိမ်စာလိုလို ပိုစ့်တွေကတစ်မျိုး၊
ဒီပုံကို LIKE & SHARE လုပ်ပါက
ကံကောင်းမည် ငွေဝင်မည်ဆိုလို့
ဘွဲ့ရ၊ ပညာတက်ဆိုတဲ့ ............. လူတွေကပါ
SHARE တာတွေ့တော့
ဘယ်လိုသတ်မှတ်ရမလဲ၊
ကံဆိုးမှာ ကြောက်လို့ SHARE တာလား?
အလကားအိမ်ထိုင်နေရင်း
ငွေလိုချင်လို့ SHARE တာလား?
ထီမထိုးပဲ ထီပေါက်ပါစေ
ဆုတောင်းနေသလိုပဲနော် 😁😁😁
ဂျင်းထည့်ခံရတယ် ဆိုမလား ?
ခပ်ပိန်းပိန်းတွေဖြစ်နေလို့ လား?
ထပ်လည်း မရေးချင်သလို
ပြောလည်း မပြောချင်တော့ပါဘူးဗျာ၊
😱😱😱😱😱😱😱😱😱😱😱😱😱😱😱
ကျွန်တော့်ကို ပြိုင်ခိုင်းမယ်တော့မလုပ်နဲ့နော်၊
ဖျင်ယားလို့တောင် မကုတ်အားဘူး၊
နောက်တစ်ချက် အလကားရတဲ့ ပိုက်ဆံ
ကျွန်တော်မလိုချင်ဘူး၊
အလကားယူတာများရင် အကျင့်ပါပြီး၊
အလကားလိုချင်စိတ်တွေဝင်လာလိမ့်မယ်၊
ပြီးရင် မကြာဘူး အလကားလူဖြစ်ရော 😁😁😁
ဆုတောင်းတယ်ဆိုတာ လူညံ့တွေအလုပ်
လူရယ်လို့ဖြစ်လာရင်
ပေးဖို့ပဲစဉ်းစားတာ အကောင်းဆုံး
ဒါကြောင့် ပေးသောလက်ဖြစ်အောင်ကြိုးစားတယ်။
တစ်ချက်ပဲ
ဘာပဲလုပ်လုပ် စေတနာထားလုပ်တက်ကြပါစေ 😍
#မှတ်ချက် ၊ ၊
ဒီပိုစ့်ကိုရေးတာ မြန်မာတွေ မညံ့စေချင်လို့ပေါ့ဗျာ၊
ရင်ထဲက စေတနာပါ၊ ကျွန်တော်ရေးတာ ပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ ဆန္ဒအလျှင်းမပါပါဘူး။
မည်သူကို နစ်နာပါစေဆိုတဲ့စိတ်မရှိသလို
မလုပ်သင့်တာနဲ့ လုပ်သင့်တာကို
ဦးနှောက်နဲ့ ချင့်ချိန် ဆုံးဖြတ်လုပ်တက်စေဖို့ပါ၊
ကလေးတွေ ပြောနေတဲ့ ဗန်းစကားလို့ပေါ့ ၊
သူငယ်ချင်း ဆယ်တန်းအောင်ဖို့ မလိုဘူး၊
အလိုက်သိဖို့ပဲ လိုတာပါ၊
ကျွန်တော့်စာကြောင့် အဆိပ်မသင့်စေလိုဘူး၊
မေတ္တာဖြင့်