#အောက်သက်ကြေခြင်းအနုပညာ
ကားဘီးပေါက်လို့ ဘီး သွား ဖာတယ်
ကုလား ကလေးလေးတစ်ယောက်
ကိုယ့်ကားကိုဘီးဖာပေးတယ်
ကြည့်ပီးသနားနေတာပေါ့
မုန့်ဖိုးလေးဘာလေးပိုပေးခဲ့အုန်းမှဆိုပီးစဉ်းစားမိတယ်
စပ်စပ်စုစု နိုင်တဲ့ ကိုယ့်အကျင့်ကြောင့်
သူဘီး ဖာတဲ့ဘေးနားသွားပီးစကားသွားပြောတယ်
ဒီအလုပ်လုပ်တာကြာပီလားညီလေးဆိုတော့
ကိုယ့်ကို ၆ လလောက်ရှိပီိလို့ပြောတယ်
ကလေးတစ်ယောက်အနေနဲ့ ကားဘီးဖြုတ်တာတပ်တာ
သေသပ်လွန်းတဲ့အတွက် (ကိုယ့်တောင်သူ့လောက်
အသုံးကျကျ လုပ်တတ်မှာမဟုတ်ဘူး )
တော်တော်ကြွမ်းနေပီလားဆိုတော့
မြင်တဲ့အတိုင်းပဲလေတဲ့
အလုပ်ကသင်ပေးသွားတာပေါ့တဲ့
ဒီကောင်အလာကြီးပဲဆိုပီးတွေးလိုက်တယ်
ဆိုင်ရှင်နဲ့စကားထပ်ပြောရင်းနဲ့ အဲ့ကလေးလေးက
ကျောင်းမတက်တော့ဘူးလားဆိုတော့
တက်တာပေါ့ ၂ တန်းဖြေ ထားတာတဲ့
ဘယ်ကကောင်လေးလဲပေါ့
မိဘတွေကငယ်ငယ်လေးနဲ့ခိုင်းစားတယ်ပေါ့
ဆိုင်ရှင်ပြန်ပြောတဲ့စကားကြောင့်
ကိုယ့်ကိုကိုယ် သိမ်ငယ်သွားတယ်
ကျနော့်ဘောစိရဲ့သားလေးတဲ့
သူ့အဖေက ဘုရင့်နောင်မှာ ရုံသုံးရုံလောက်ပိုင်တာ တဲ့
ကိုယ့်ဘီး ဖာတဲ့ဆိုင်ရှင်တောင် ကောင်လေးအဖေရဲ့
အလုပ်သမားလုပ်ခဲ့တာ
ကိုယ်ပိုင်ဖွင့်တာ ၁နှစ်ကျော်ပဲရှိသေးတယ်
သူ့ရုံမှာဆို သူ့သားကိုသက်သာမှာစိုးလို့တဲ့
ကျနော့်ဆီမှာ တစ်လ ၇သောင်းနဲ့ လုပ်ခိုင်းထားတာတဲ့
အောက်သက်ကြေအောင်တဲ့
အသက် ၂၀ ထိ မိဘ ပိုက်ဆံလက်ဖြန့်တောင်း
မိဘဝယ်ပေးတဲ့ ကားလေးတစ်စီးနဲ့ night out ထွက်
နာမည်ကြီးကလပ်တွေ edm တွေတစ်ပွဲမှ
မလွတ်သွားခဲ့တဲ့ကိုယ် တော်တော်မျက်နှာပူသွားတယ်
ဒါတောင်မိဘကို ဘွဲ့လေးတစ်ဘွဲ့ယူပေးနိုင်တာကို
ဂုဏ်ဖော်လို့မဆုံးဖြစ်နေတယ်
မိဘဝယ်ပေးထားတဲ့ကားလေးကို အရင်းပြု
ကားမောင်းလိုက်သင်ပီး black taxi ဆွဲ ရတာလောက်ကို တော်တော်အောက်ကျ လှပီ မှတ်နေတာ
အိမ်က taxiတွေ တစ်ခါတလေ လာအပ်လို့
ညဘက် taxi ထွက်ဆွဲရင်တောင် ownerကွ
ပျင်းလို့ထွက်ဆွဲတာဆိုတဲ့မျက်နှာပေးနဲ့
ကားငှားတဲ့သူတွေကိုလဲ ကားပိုင်ရှင်မှန်းသိအောင်
ပြောရတာနဲ့ တော်တော်ရှက်မိတယ် ကိုယ့်ကို
ဒီကလေးဟာ အသက် ၂၀ မှာ ကိုယ်ပျော်ခဲ့တာတွေရဲ့
၁၀ ဆ လောက်ကို သူ့ရှာတဲ့ဝင်ငွေနဲ့ ကောင်းကောင်း
ပျော်နေလောက်ပီ
အောက်သက်ကြေဖို့တော်တော်ကြိုးစားရအုန်းမယ်
အသက် ၂၁ နှစ် အရွယ်မှ ပိုက်ဆံစရှာတတ်လာတာကို
ကိုယ့်ကိုကို စောက်ထင်ကြီးနေတဲ့ကိုယ့်ကို
အရှိုက်တည့်တည့်ထိုးလိုက်တဲ့ကလေးလေး
Salute ပါကွာ
အခုချိန်ထိုပုဆိုးလေး အကျီင်္ အဖြူ လက်ရှည်လေးနဲ့
၂သိန်းခွဲလောက် လစာလေး နဲ့
ကိုယ့်ကားနဲ့ကိုယ်အထာကျ ကျ ရုံးတက်ပီး
စောက်ပဲများနေတာကို
အလုပ်ကြီးအကိုင်ကြီးလုပ်နေတယ်မှတ်နေတာ
ဘီးပေါက်အောင်လုပ်တဲ့ သံချောင်းကို
ကျေးဇူးတင်တဲ့ အနေနဲ့ အိမ်မှာ သိမ်းထားတယ်အခုထိ
ကိုယ့်အိမ်စီးပွားရေးအခြေအနေထက်ဆိုးတဲ့သူတွေ
ွကိုယ့်လိုပိုက်ဆံတော်တော်ရှိနေပီဆိုတ
ဲ့အတွေးမျိုးဝင် ခဲ့ရင် ပြင်နိုင်ဖို့ ရေးခဲ့တယ်
စောက်ဆရာကြီးလုပ်တယ်လို့ မမြင်ပဲ
တစ်ယောက်ယောက်ဖတ်ပီးတစ်ခုခုရသွားရင်ကျေနပ်ပီ