ကိုယ့်စိတ်နဲ့နှိုင်းတော့ မရိုင်းဘူးပေါ့

တစ်ခါက
ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့
ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။
သူခိုးကလည်း ကြံရာမရဖြစ်ပြီး
မနီးမဝေးမှာ ရှိနေတဲ့
သချုင်္ိင်းထဲကို ကမန်းကတမ်းနဲ့ ဝင်ပြေးပြီး
ပုန်းနေခဲ့ရကာ...
ရွာသားတွေ ပြန်ထွက်သွားတော့မှ
ပုန်းနေရာကနေ ခေါင်းကလေးပြူ ပြီး
ဟိုဟို ဒီဒီ ကြည့်လိုက်တော့
သူနဲ့ မလှမ်းမကမ်းမှာ
ရသေ့တစ်ပါးထိုင်နေတာကို မြင်တယ်...
ဒီတော့ သူခိုး တွေးလိုက်တာက...
"သြော်..လက်စသတ်တော့ ဒီသချုင်္ိင်းထဲမှာ
ငါ တစ်ယောက်တည်းမှ မဟုတ်ပဲ
ဟိုဖက်မှာလည်း...
သူခိုးတစ်ယောက် ပုန်းနေပါလား"
လို့ တွေးမိပါသတဲ့။
ရသေ့ကြီးကလည်း လူသံကြားတာနဲ့
ဘာတွေများပါလိမ့်လို့
ခေါင်းကလေး မော့ပြီးကြည့်လို်က်တော့
မလှမ်းမကန်းမှာရှိနေတဲ့ သူခိုးကို မြင်ပြီး
ရသေ့ကြီးက တွေးပါသတဲ့...
"သြော်... ဒီသချုင်္ိင်းထဲမှာ ငါတစ်ယောက်တည်း
တရားအားထုတ်နေတယ်လို့ ထင်နေတာ
ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက်
တရား အားထုတ်နေပါလား"
လို့ တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိသတဲ့။
လူတွေဟာ မိမိစိတ်အတိုင်း သူတပါးကို
မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ
စိတ်ထားမကောင်းသူက
သူတစ်ပါးကိုလည်း
မကောင်း မြင်တတ်တယ်
မကောင်း ပြောတတ်ကြတယ်
မကောင်း ကြံတတ်ကြတယ်။
စိတ်ထားကောင်းသူများကတော့
မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး
အကောင်း ပြောတတ်ကြပါတယ်
အကောင်း မြင်တတ်ကြပါတယ် ။
ပြောချ င်တာကတော့...
ကိုယ့်စိတ်နဲ့နှိုင်းတော့ မရိုင်းဘူးပေါ့ဗျာ။