၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီးကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး
ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟုသတ်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရကာ အမှတ်တရ
ကျင်းပလျက်ရှိသည်။
ကိုယ်တိုင်ကိုယ်ကျပစ်ခတ်လုပ်ကြံခဲ့သူများ.........
- ရန်ကြီးအောင်
(ရဲဘော် ကိုထွေးအား ကိုယ်တိုင်ကိုယ်ကျပစ်ခတ်သတ်ဖြတ်ခဲ့သလိုအစည်းအဝေးခန်းမအတွင်း ပစ်ခတ်မှုတွင်ပါဝင်သူ) - သက်နှင်း (ဦးဆောင်ပစ်ခတ်သူ)၊
- မောင်စိုး (ဦးဆောင်ပစ်ခတ်သူ)၊
- စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
- သုခ (ကားမောင်းသူ)။
အပြစ်ပေးခံရသူများ(အင်းစိန်ထောင်ကြိုးတိုက်တွင်)
- ဂဠုန်ဦးစော
- မောင်စိုး
- သက်နှင်း
- မှုံ ကြီး ခေါ် မောင်မှုန်
(လုပ်ကြံမှု အစီအစဉ်တွင် ပါဝင်ပြီး ဂဠုန်ဦးစောနေအိမ် အဝိုင်းခံရမှု တွင် လက်နက်ကိုင်ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊
ယခင် ရန်ကုန်ထောင် ကြိုးတိုက်တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် ) - စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
- ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ်မှထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းရွေ့ကျခံရသူများ....
- သုခ
- ခင်မောင်ရင်
- မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
လူမိုက်တို့သွားရာလမ်းကားသေဒဏ်၊ ကြိုးဒဏ်တို့အပြင် မြန်မာပြည်သူပြည်သား
အားလုံးတို့၏တစ်သက်တာအမုန်းများကိုရရှိသွားကြခြင်းပင်ဖြစ်ပါတော့သည်။