ဂျော်ဂျီနဲ့ ဘေလ်ဆိုတဲ့ စစ်သားနှစ်ယောက် စခန်းတစ်ခုမှာ အတူတာဝန်ကျကြစဉ် ...
ဂျော်ဂျီက _
"မင်းမှာ စာရွက်နဲ့ စာအိတ်အလွတ် ရှိလား ဘေလ်" လို့ လှမ်းမေးတယ်။
"အင်း ... ရှိတယ်လေ" ဆိုပြီး ဘေလ်က စာရွက်နဲ့ စာအိတ် တစ်ချို့ ဂျော်ဂျီကို ပေးလိုက်တယ်။
ထပ်ပြီး ဂျော်ဂျီက _
"ငါ့မှာ ဘောပင်မပါလာဘူးကွ" လို့ပြောတယ်။
ဘေလ်က သူ့အိတ်ထဲက ဘောပင် ကမ်းပေးလိုက်တယ်။
"မင်းမှာ တံဆိပ်ခေါင်း အပိုလေးများ ရှိဦးမလား ဘေလ်" လို့ ဂျော်ဂျီက ထပ်မေးပြန်တယ်။
ဘေလ်ကလည်း တံဆိပ်ခေါင်းတစ်ခု ဂျော်ဂျီကို ထပ်ပေးလိုက်တယ်။
ပြီးတော့ ဘေလ်က ထရပ်ပြီး အပြင်ထွက်ဖို့ တံခါးနားသွားတယ်။
ဒါကို လှမ်းမြင်တဲ့ ဂျော်ဂျီက_
"ဘေလ် ... မင်း အပြင်သွားမလို့လား" လို့ မေးလိုက်တယ်။
"အေး ... ဟုတ်တယ်" လို့ ဘေလ်ကပြန်ဖြေတယ်။
"ဒါဆို ငါ့ကို ဒီစာလေး စာတိုက်ကို ပို့ပေးပါလားကွ" ဂျော်ဂျီကပြောတယ်။
"ရတယ်လေ ... ယူသွားပေးမယ်"လို့ တံခါးဖွင့်နေရင်း ဘေလ်က ပြန်ပြောတယ်။
"ငါရဲ့စာကို စာတိုက်ပုံးထဲကို ထည့်ပေး ပြီးတော့ ..." ဆိုပြီး စာအိတ်ပိတ်နေတဲ့ဂျော်ဂျီက ပြောနေရင်းရပ်သွားတယ်။
သူ့သူငယ်ချင်းအကြောင်းသိနေတဲ့ ဘေလ်က _
"ကဲ ပြော မင်း ဘာလိုပြန်ပြီလဲ" လို့ မေးလိုက်တယ်။
သူ့စာအိတ်ကို ကြည့်နေရင်း ဂျော်ဂျီက _
"မင်းကောင်မလေး လိပ်စာက ဘာလဲကွ" လို့မေးလိုက်တယ်။
ဆံထုံးလဲထုံး ဆီလည်းစိုက်ခိုင်းတဲ့ ဂျော်ဂျီပါနော်။
လူလည်ကြီး သားသမီး "ဂျော်ဂျီ" အကြောင်းဖတ်ပြီး ပြုံးရယ်နိုင်ကြပါစေ။

ရယ်မောပျော်ရွှင်စရာတွေ မျှဝေရင်းဖြင့်
Yadanar Poekyuu