လူတို၏ စရိုက် သဘာဝ အရ အပေါင်းအသင်း မိတ်ဆွေကို ခင်မင်တွယ်တာတက်ကြသည့် သဘာဝရှိပါသည်။သဘာဝမတူသော အပေါင်းအသင်းကို ပေါင်းမိ၍ ဒုက္ခ ရောက်ရသည့် သာဓက များစွာ ရှိသလို ဘဝအတွက် ကောင်းကောင်းမွန်မွန် ညွှန်ပြနိုင်သော အပေါင်းအသင်းကြောင့် ထူးချွန်သွားသော သာဓကများစွာရှိပါသည်။မိသားစုတစ်စုတွင် ထိုမိသားစုမှပေါက်ဖွားလာသော အသိုက်အဝန်းကို ဆွေမျိုးဟု သတ်မှတ်ကြပါသည်။
ဆွေမျိုးသည် အပေါင်းအသင်းထက်ပင် ပြောမနာ ဆိုမနာ ဖြစ်ကြသည့် သဘောရှိသည်။ မိတ်ဆွေများမှာလည်း လွန်စွာရင်းနှီးလာပါက ဆွေမျိုး သားချင်းများကဲ့သို့ပင် ဖြစ်လာကြ၍ ခင်ရာဆွေမျိုး ဟုပင်သတ်မှတ်ကြသည်။ တစနည်းအားဖြင့် မိမိခင်မင်ရာ ပတ်ဝန်းကျင် တွယ်တာရာ အဝန်းအဝိုင်းသည် ဆွေမျိုးထက်ပင် အကူညီ အထောက်အပံ ရသည့် အခါမျိုးမှာလဲ သတ်မှတ်ကြသည်။
လောက၌ တံငါနားနီး တံငါ |မုဆိုးနားနီး မုဆိုး ဆိုသကဲ့သို့ ကောင်းသောမိတ်ဆွေရန် အလွန်အရေးကြီးသည်။ ထိုမိတ်ဆွေ သည် မိမိဘဝ တိုးတက်မှုကို ထောက်ကူပေးသူ ပံ့ပိုးပေးသူလည်းဖြစ်က မိမိခင်မင်ရာသည် ဆွေမျိုးကဲ့သို့ ပေါင်းသင်းရပေမည်။လောက၌ မိတ်ဆွေကောင်းသည် မရှိ မဖြစ်လိုအပ်လှပါသည်။ ထိုမိတ်ကောင်းဆွေကောင်းကိုပင် အခြား လူမှုကိစ္စများဖြစ်သော ခင်ရာဆွေမျိုး ဆိုသလို မြိန်ရာ
ဟင်းကောင်း ဆိုသလို တင်းစား၍လည်း သုံးနှန်း
ခဲ့ကြပါသည်။