ညီအစ်ကို (သို့)သူငယ်ချင်း (သို့)BFF
ညီအစ်ကိုဆိုတဲ့ဝေါဟာရကတော့ အထူးပြောစရာမလိုပါဘူး..
လိုတိုင်းသိပါတယ်...
တစ်ဖအေ တစ်မအေတည်းကမွေးတဲ့ ညီအစ်ကိုတွေကိုပြောတာ..ပြောရရင်ညီအစ်ကိုအရင်းတွေကိုပြောတာပါ..
အဲ့ဒီမအေတွေ ဖအေတွေရဲ့မောင်တွေ အမတွေ အစ်ကိုတွေ
ညီတွေကမွေးတဲ့ယေကျာ်းလေးနဲ့ဆိုရင်လည်း ညီအစ်ကို
ပါဘဲ..ဒါပေမယ့် အာ့တာက ၀မ်းကွဲပေါ့နော်...ထားပါတော့
ကျွန်တော်ပြောချင်တာက ညီအစ်ကိုအရင်းတွေပါ..
ညီအစ်ကိုဆိုတာတော့ပြောစရာမလိုပါဘူး.. တစ်ယောက်
နဲ့တစ်ယောက် ချစ်ပြီးသား.. စည်းလုံးမှု ရှိပြီးသား..
တစ်ခါတစ်လေတော့ မတည့်တာလေးတွေရှိမှာပေါ့..
တစ်ခုခုဖြစ်ပြီဆို အများပြောနေကြတာတော့သွေးက စကားပြောတယ်ပေါ့...ဘယ်လိုပြောလဲတော့မသိဘူး..
အဲ..နောက်တစ်ခုက သူငယ်ချင်း
သူငယ်ချင်းဆိုတာမှာ အမျိုးမျိုးကွဲသွားပြီ...
ပိုက်ဆံကိုကြည့်ပြီးပေါင်းတဲ့သူငယ်ချင်း...
တစ်နည်းပြောရရင်...
ကိုယ်က ပိုက်ဆံရှိလို့... သူတို့ကိုပေးနိုင်ကျွေးနိုင်မှပေါင်းတဲ့
သူငယ်ချင်း...ကိုယ့်မှာ အကူအညီလိုတဲ့အချိန် လှည့်မကြည့်တတ်တဲ့ သူမျိုးပေါ.
စိတ်ဓါတ်ကို အခြေခံပြီးပေါင်းတဲ့ သူုယ်ချင်း..
တစ်နည်းဆိုရရင်...
ကိုယ်က သူ့အကူအညီလိုရင်ငွေအားဖြင့်ဖြစ်စေ..
လူအားဖြင့်ဖြစ်စေ..သူစိတ်ဓါတ်ကျနေတဲ့အချိန်
အားပေးတာ..နှစ်သိမ့်တာ..လက်တွဲခေါ်တာ..ဖေးမတာ..
သူ့ကလည်းကိုယ့်ကို အဲ့ဒီလိုမျိုး ပြန်ဆက်ဆံတဲ့သူမျိုးကို
ဆိုလိုချင်တာပါ..တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့
သွားတာပေါ့...နောက်တစ်ခုက...
အပေးအယူနဲ့ပေါင်းတဲ့သူငယ်ချင်း..
ကိုယ်က သူ့ကို ၁၀၀ပေးလိုက်ရင် သူ့ဘက်ကလည်း
ကိုယ့်ကို၁၀၀ပြန်ပေးမှ ကြိုက်တဲ့သူမျိုး...
အာ့မှာကျွန်တော်ပြောချင်တာက BFFပေါ့ အရှည်ကောက်
ဆိုရင် Best Friend Foreverပေါ့...
ညီအစ်ကိုလိုလည်း...ဟုတ်တယ်....
သူငယ်ချင်းဆိုလည်း မမှားဘူး...
လူတော်တော်များများ ကျွန်တော်အပါအ၀င်ပေါ့...
ငယ်ငယ်တုန်းက ဆိုရင်တော့ BFF ဆိုတဲ့ သူငယ်ချင်း
မျိုး လူတိုင်းကြုံဖူးကြမှာဘဲဗျ...
ကဘေးဘ၀ ငယ်ငယ်လေးတည်းကကျောင်းတက်ရင်း..
အတူတူဆော့ကစားဖူးတဲ့သူတွေ...ဆိုးဖော်ဆိုးဖက်တွေ..တစ်ယောက်အကြောင်းတစ်ယောက်နားလည်သူတွေ..ပြောမနာ
ဆိုမနာတွေ..တစ်ယောက်ဒါလုပ်မယ်ဆို မငြင်းတဲ့သူတွေ..
အသက်အရွယ်လည်းကြီး..ကျောင်းတွေပြီး..ဘွဲ့တွေလည်းရ..
အလုပ်ခွင်ထဲဝင်...
အာ့လိုမျိုးအချိန်တွေဆို အရမ်းသတိရကြတယ်...
ငယ်သူငယ်ချင်းတွေကို...လူတိုင်းကြုံဖူးကြမှာပါ..
တစ်ခါတစ်လများ ကွဲကွာသွားတဲ့ သူငယ်ချင်းတွ ပြန်တွေ့ကြရင်ပြောစရာတွေကို မကုန်နိုင်ဘူး...
၁၀တန်းတုန်းကဆိုလည်း..ဟျောင့်တွေ ... ၁၀တုန်းကကွာငါတို့ကျောင်းပြေးပြီးတော့ ..
ဘယ်ကိုသွားတာ..ဘယ်နားမှာ ထန်းရည်သွားသောက်တာ..
ဘယ်နားမှာ ဘယ်လိုချိန်းထိုးကြတာ..
ဆရာမတွေက ဘယ်သူ့ကို ဘယ်လိုဆူတာ...
တက္ကသိုလ်ရောက်တော့လည်း..
ငါတို့တွေလေ ဘယ်လိုသောင်းကျန်းတာ..
မိဘဆီက ပိုက်ဆံတွေ ဘယ်လိုလိမ်တောင်းတာ..
ဘယ်အဆာင်ရှေ့မှာ ဘယ်ကောင်မလးကို သွားကြောင်တာ..
ဟိုကာင်ကတော့ဆော်က ပြန်မကြိုက်လို့ ဘယ်လိုကြေကွဲတာ..ပြောရမယ်ဆိုရင် အာ့လိုမျိုးတွေအချိန်..ခဏတာပြန်တွေ့ရတဲ့
သူငယ်ချင်းတွေဘ၀ ဘာနဲ့မှ မလဲနိုင်ဘူးလို့ဘဲပြောရမယ်..
အလုပ်ခွင် လဲ ၀င်ကြရော BFFဆိုတာတော်တော်ရှားသွားပြီ....
ကိုယ့်တက်လမ်းဘဲကိုယ်ကြည့်ကြတဲ့သူ...
ကိုယ့်တက်ဖို့ဆို...တစ်ပါးသူကိုလှေကားအဖြစ်
ချနင်းချင်တဲ့သူ...ခေါင်းရှောင်တဲ့သူ..
ကြီးနို်င်ငယ်ညှင်း လုပ်ချင်တဲ့သူတွေ..အစရှိသဖြင့်ပေါ့
ဒီလိုလူတွေများလာတယ်ပေါ့...ကိုယ့်အပေါ်ကောင်းတဲ့သူကတော့..ရှိတော့ရှိတယ် ရှားတယ်ပေါ့ဗျာ...
ကဲ ဒီလောက်နဲ့ကျေနပ်ကြပါလို့..
အရေးအသား သိပ်မကောင်းတဲ့အတွက် ဖြည့်စွက
်ဖတ်ပေးကြပါ....ကျေးဇူးတင်ပါတယ်..
Writer-zawmyooo1
SMT-24