ကမ္ဘာကြီးတစ်ခုတည်းမှာပဲ တူညီတဲ့အရာတွေကော မတူညီတဲ့အရာတွေပါ တည်ရှိနေတယ်။လူတွေ ခန္ဓာဖွဲ့စည်းပုံတူညီနေသော်လည်း မတူညီသော စိတ်ဓါတ်၊အကျင့်စရိုက်၊အမူအကျင့် စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေတယ်။ထိုသူတို့ထံမှ သင်ယူရရှိသော သင်ခန်းစာများမှာလည်း ကွာခြားနေသည်ကို သတိမူမိလာခဲ့သည်။
တစ်နေ့တော့ ကျွန်မရဲ့အားလပ်ချိန်မှာ ကျွန်မရဲ့ ဖြတ်သန်းလာတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ပြန်လည်တွေးတောစဥ်းစားနေမိခဲ့တယ်။အဲ့ထဲကမှ ကျွန်မရဲ့အရည်အသွေးကို တိုးတက်စေတဲ့ အရာတွေကို ပြန်သတိထားမိလာခဲ့တယ်။အဲ့ဒါကတော့ ကျွန်မတက္ကသိုလ်မတက်ခင်ကြားကာလမှာ တက်ရောက်ခဲ့တဲ့ အင်္ဂလိပ်speakingသင်တန်းတွေပဲဖြစ်ပါတယ်။ကျွန်မ ထိုသင်တန်းကို နေရာ(၂)နေရာ၌ သင်ယူခဲ့တယ်။ပထမစတက်တဲ့သင်တန်းက ကျွန်မကို အင်္ဂလိပ်စာ အရေးအသားနဲ့ ဘာသာပြန်တာကို တိုးတက်စေခဲ့တယ်။အဲ့ကျေးဇူးက ကျွန်မတက္ကသိုလ်ရောက်တော့ စာလေ့လာရာမှာ အထောက်အကူအများကြီးပြုခဲ့တယ်။အရင်က အင်္ဂလိပ် သီချင်းတွေနားထောင်ရင် မှန်းပီးဆိုချင်ရာဆို အော်ချင်ရာအော်ပီး အဓိပ္ပာယ် နားမလည်ခဲ့ရာမှ ခုဆို သီချင်းရဲ့အရသာ ဆိုလိုရင်းတွေပါ သိလာခဲ့ရတယ်။
Image credit - https://pixabay.com/photos/public-speaking-mic-microphone-3926344/
ဒုတိယသင်တန်းကို ပထမနှစ်ဖြေပီး နားနေချိန်မှာ တက်ရောက်ခဲ့တယ်။ပထမနှစ်မှာ ကျွန်မအတွက် အခက်အခဲတွေ ရှိခဲ့တယ် ။ အဲ့ဒါက speakingထွက်ပြောရတာပါ။ ပတ်ဝန်းကျင်နဲ့ မရောတက်တဲ့ကျွန်မအတွက် လူရှေ့ထွက်ဖို့ ဝန်လေးခဲ့တယ်။ speaking ပြောရမှာဆိုတော့ ပိုဆိုးတာပေါ့ ။စာရပေမယ့် လူရှေ့သူရှေ့ဆိုတော့ ကြောက်ပြီး ကျွန်မ ခလုတ်တိုက်ပါလဲခဲ့တယ်။ ဒူးတုန်ရင်တုန်နဲ့ ပြောခဲ့ရတဲ့စကားတွေကလည်း အယောင်ယောင်အမှားမှား တောင်ရောက်တောရောက်တွေ အစီအစဥ်မကျဖြစ်ခဲ့ရတယ် ။ သည်လိုနဲ့ ကျွန်မရဲ့ဒုတိယမြောက်သင်တန်းမှာ ကျွန်မတို့ speakingကို စာသင်ရသလိုမဟုတ်ပဲနဲ့ communication skillsကောင်းစေဖို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုခဲ့ရတယ်။ထိုင်ပြီးစာသင်နေရတာထက် activeဖြစ်အောင် ကိုယ်မသိတဲ့သူတွေကို မိတ်ဆက်ကြ မေးမြန်းကြရတယ်။နေ့တိုင်းလိုလို အတူထိုင်ရတဲ့သူက မတူဘူး။နေ့တိုင်းနေရာတွေလဲထိုင်ရတာနဲ့ တစ်ခန်းလုံးက ကိုယ်နဲ့မိတ်ဆွေတွေ ဖြစ်သွားကြတယ်။စနေ တနင်္ဂနွေ ဖွင့်တဲ့သင်တန်းဆိုတော့ တက်တဲ့သူတွေက ကိုယ့်ထက် အသက်ကြီးတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေကြသူတွေဖြစ်တော့ သူတို့ဆီက အတွေ့အကြုံ တွေလည်း ရခဲ့တယ်။ မိတ်ဆွေ အသစ်တွေ တိုးလို့ ပျော်လည်းပျော်ခဲ့ရတယ်။အရင်က လူစိမ်းကို နှုတ်ဆက်ဖို့ဝန်လေးခဲ့တဲ့ကျွန်မလည်း ခုဆို မရင်းနှီးရင်တောင် အပြုံးလေးနဲ့ ပြုံးပြပြီး နှုတ်ဆက်တက်ခဲ့ပြီ။ အဲ့ကျေးဇူးတွေကြောင့် ကျွန်မ တက္ကသိုလ် ဒုတိယနှစ်မှာ အင်္ဂလိပ်စာ speaking ပြောရာမှာ အရမ်းကို လွတ်လပ်ပေါ့ပါးနေခဲ့တယ်။ ပထမနှစ်မှာ ထိုင်ခုံတူသူငယ်ချင်းကလွဲလို့ အခြားသူငယ်ချင်းမရှိတဲ့ကျွန်မဘဝမှာ ဒတိယနှစ်တက်တော့ တစ်ခန်းလုံးနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။ ခုဆို အဲ့အတွေ့အကြုံတွေကြောင့် ကျွန်မရှေ့ဆက်လျှောက်မယ့်ဘဝခရီးမှာ အဆင်ပြေချောမွေ့ဖို့ သေချာနေခဲ့ပြီလေ။
ဟန်နီမိုး ရေးသားသည်။
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=188