Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/daegu-%e1%80%a1%e1%80%9b%e1%80%95%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-mine-%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%80
https://playror.com/
အပြောင်း အရွှေ့ကိုတော့ ဒီညပိုင်းမှာ စတင်လုပ်ဆောင်ဖြစ်ပါတယ် အဓိကတော့ နေရာပြောင်းတာက အချိန်ပေးရခြင်းပါဘဲ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းရတဲ့အခါ အပြင်လောကမှာလိုဘဲ အချိန်တွေကုန်ပါတယ် ဂီမ်းထဲမှာလည်း အပြင်ကလောက်ကို အချိန်တွေကြာနေပါတယ် အခုဆိုရင် Daegu အရပ်မှာ Mine လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် နေရာပြောင်းရွှေ့လိုက်ပါတယ် Daegu ကိုရောက်ဖို့အတွက် အချိန်ခြောက်နာရီလောက် ကြာမြင့်မှာဖြစ်ပါတယ် ဒါဆိုရင်တော့ စစ်သားတွေ အားလုံးကို ဒီနေ့အတွက် ဘာမှ ခိုင်းလို့ မရတော့ပါဘူး မနက်ဖန်မှသာ သူတို့ကို မိုင်းတွင်းထဲ ပို့နိုင်တော့မှာဖြစ်ပါတယ် မိုင်းတွင်းရှိတဲ့ နေရာကတော့ ကစားသူတွေရဲ့ ဒုတိယ အကြိုက်ဆုံးနေရာဖြစ်ပါတယ် သူက တိုက်ခိုက်မှုတွေလည်း မရှိသလို မိုင်းလုပ်ငန်းကို အေးအေးဆေးဆေး လုပ်ကိုင်နိုင်ပါတယ် မိုင်းတွင်းကနေလည်း ငွေတုံးတွေ ရယူနိုင်မှာဖြစ်လို့ ရွှေနဲ့ လဲလှယ်တဲ့အခါ ရွှေအမြောက်အများကို အမြန်ဆုံးရရှိနိုင်တဲ့အတွက် အတော်ကို အဆင်ပြေတဲ့ လုပ်ကွက်တစ်ခုဖြစ်ပါတယ် မိုင်းတွင်းမှာတော့ အလုပ်ချိန်က တိုတောင်းတဲ့အတွက် တစ်ရက်ကို အကြိမ်ရေများစွာ အလုပ်ဆင်းခိုင်းလို့ရမှာပါ အကြိမ်ရေများများ မိုင်းတွင်းထဲကို ဆင်းနိုင်လေ ငွေတုံး၇ရှိမှုကလည်း များလေ ဖြစ်တာကြော်င့် ပိုပြီး လျှင်မြန်စွာ တိုးတက်ကြီးထွားမယ်လို့ မျှော်မှန်းထားပါတယ် မိုင်းတွင်းမှာ နှစ်ရက်သုံးရက်လောက် အချိန်ဖြုန်းလိုက်ပါဦးမယ် ပြီးရင်တော့ အခြားနေရာတွေထဲက ကောင်းနိုးရာရာ လေးတွေကို ဆက်လက်လေ့လာရပါမယ် ဂိမ်းက မကြာခင် အသက်ဝင်ောတ့မှာဖြစ်လို့ နေရာအနှံ့ကို ရောက်ထား သိထားမှ တကယ် အပ်ချမက်ချ ကစားရတဲ့အခါ အခက်အခဲ နည်းပါးနိုင်မှာပါ အခုချိန်ကာလကတော့ လေ့လာရေး သဘောလောက်သာ လုပ်ဆောင်နိုင်ပါသေးတယ်
https://playror.com/
Mine အလုပ်မှာ အခြား လုပ်ဆောင်နိုင်တာတွေ ရှိသေးလားဆိုတာကိုတော့ မနက်ဖန်မှဘဲ သိရပါတော့ အခုပြန်စဉ်းစားတော့ သေချာမမှတ်မိနိုင်တော့ပါဘူး မကစားဘဲ ပစ်ထားမိတာ လေးလလောက်ကြာသွားတော့ နေရာတစ်ခုမှာ ဘယ်လိုအရာတွေ လုပ်ဆောင်နိုင်တယ်ဆိုတာလောက်ထိ အသေးစိတ် မမှတ်မိနိုင်ဖြစ်နေရပါတယ် တကယ်လို့ မိုင်းတွင်းအရပ်မှာ စစ်အင်အား ဖြည့်တင်းမှု လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ရှိတဲ့ ရွှေတွေကို စစ်လက်နက် ၀ယ်တာဖြစ်ဖြစ် ရှာဖွေရရှိထားတဲ့ အရာတွေကို ရွှေနဲ့ လဲလှယ်တာဖြစ်ဖြစ် လုပ်ဆောင်ရပါလိမ့်မယ် စစ်သားအင်အားကိုလည်း ထပ်ပြီး တိုးချဲ့နိုင်ဦးမည်လား လေ့လာရပါဦးမယ်
ဂိမ်းရဲ့ နှေးကွေးလွန်းတဲ့ လုပ်ဆောင်မှုတွေက အခက်အခဲဖြစ်စေပါတယ် အခြားဂိမ်းတွေလို သွက်လက်မှု မရှိပါဘူး ဘရော်ကဇာတိုင်းနဲ့လည်း အဆင်မပြေတာတွေ့ရတယ် ဂိမ်းကို ဒီထက် ပေါ့ပါးမြန်ဆန်အောင် သူတို့ ပြုလုပ်မပေးသေးတာ ဘာကြော်င့်လဲ တွေးမရပါဘူး ဂိမ်းက စတင်ထွက်လာတည်းက အခုလို လေးနေခဲ့တာပါ အေပိပီဘက်က ဂိမ်းအသေးတွေကိုဘဲ သူတို့က ပိုပြီး အာရုံစိုက်နေတယ်လို့ ထင်မိပါတယ် နှစ်ဖက်စလုံးကိုတော့ မျှအောင် လုပ်ထားပါတယ် သူတို့က ဘယ်ဘက်ကို ဦးစားပေးလာမယ်လို့ အတိအကျ ပြောထားတာမရှိသေးတဲ့အတွက် နှစ်ခုလုံး စုံအောင် လုပ်ထားတာတော့ မမှားပါဘူး ဒီနေ့တော့ နေရာပြောင်းရွှေ့တာတစ်ခုနဲ့ဘဲ ပြီးတော့တာပါဘဲ အလုပ်က ဘာမှ မလုပ်လိုက်ရပါဘူး ပိုးထည်တော့ အနည်းငယ်ရခဲ့ပါတယ် နေရာသစ်ရောက်မှ စီစဉ်စရာတွေ သေချာ စီစဉ်ရပါဦးမယ်လေ
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/05/daegu-%e1%80%a1%e1%80%9b%e1%80%95%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-mine-%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%80