အချိန်ရာသီလေးကတော့ မိုးကုန်ခါနီး ဆောင်းဝင်ချင်နေတဲ့ အချိန်လေး။ နေ့ချင်းဘက်တွေ ပူသလောက် ညနေစောင်းလာရင် အအေးဓာတ်လေးတွေ ရလာတဲ့ အချိန်ပေါ့။ အောက်တိုဘာလရဲ့ ရနံလေးတွေက ကြီးဆိုးနေတဲ့ အချိန်လေး။ စာသင်ကျောင်းတွေ အားလပ်ရက်ရှည်တွေ ပိတ်ပြီး ကျောင်းသူကျောင်းသားတွေ ပျော်တဲ့ အချိန်။ ရုံးသူရုံးသား အလုပ်သမားတွေ ဌာနေပြန်တဲ့ အချိန်။ ကားတွေကြပ် ရထားတွေကြပ် လမ်းတွေကြပ် နေတယ်။ ဘာလို့လည်း ဘာကြောင့်လဲ။ အော် သိပြီ သိပြီ သီတင်းကျွတ်လ ရောက်နေတာပဲ။ ဒီလရောက်ရင် ဒီလိုလေးတွေ ဖြစ်တာ မဆန်းဘူးလေ။
သီတင်းကျွတ်လပြည့်နေ့ကို မဘိဓမ္မာအခါတော် နေ့လို့ ခေါ်ကြတယ်။ ဒီလကို ရောက်လာပြီ ဆိုရင်ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကြီးကို မြန်မာနိုင်ငံ အဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြတယ်။ လပြည့်ညနဲ့ လပြည့်ကျော်တစ်ရက်နေ့ထိ အိမ်တိုင်း ရွာတိုင်း ရပ်ကွက်တိုင်း မြို့တိုင်း နယ်တိုင်းမှာ ဆီမီးများကို ထိန်ထိန်ညီးနေအောင် ထွန်းညှိပူဇော်ကြသည်။
သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရခြင်းကို ငယ်ငယ်က လူကြီးမိဘတွေက ပြောပြခဲ့ကြတယ်။ မိုးပေါ်က ဆင်းလာတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဆီမီးထွန်းညှိပူဇော်တာတဲ့။ ကျွန်တော် ကလေးအတွေးမှာတော့ မြတ်စွာ ဘုရားရှင်လာတဲ့ လမ်းမှာ မှောက်နေမှာဆိုးလို့ ထွန်းပေးကြတာ ထင်တယ်လို့ တွေးခဲ့တယ်။ လူကြီးတွေက ပြောပြခဲ့ကြတယ်။ မြတ်စွာဘုရားရှင်ဟာ ဝါတွင်း သုံးလပတ်လုံး တာဝတိံသာ နတ်ပြည်ရှိ လူ့ဘဝက မယ်တော် ဖြစ်ခဲ့ဖူးတဲ့ အမိနတ်သားနဲ့ နတ်အပေါင်းတို့အား ကျေးဇူးဆပ်တရားဟောပြီး သီတင်းကျွတ်လပြည့်ညမှာ လူ့ပြည်လူ့ရွာသို့ ပြန်လည်ဆင်းသက်လာခဲ့တယ်။ ထိုအခါ ဘုရားရှင်အား လူသတ္တဝါအပေါင်းက ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြိုဆိုခဲ့ကြတယ်။ ထိုအခါမှစ၍ သီတင်းကျွတ် မီးထွန်းကွဲတော်ဆိုတာ ပေါ်ပေါက်လာကာ ယနေ့ချိန်ထိ အစဉ်လာမပျက် ကျင်းပနေခြင်း ဖြစ်သည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ကိုာသာဝင် မြန်မာလူမျိုးတိုင်း နှစ်စဉ်ကျင်းပခဲ့ကြတယ်။ ဘုရားကျောင်းကန်များ၊ အိမ်ရာ အဆောက်အဦးများတွင် ဆီးမီးရောင်စုံ့ဖင့် ထွန်းညှိပူဇော်ခဲ့ကြတယ်။ ရောင်စုံမီးဗုံးလေးတွေကိုလည်း အိမ်တိုင်း ရာတိုင်းနီးပါ ချိတ်ဆွဲအလှဆင်ပူဇော်ကြသည်။ တစ်ချို့ကတော့ မီးပုံပျံအရွယ်အစားစုံကို အမျိုးမျိုးအလှဆင်ပြီး ဘုရားရှင်ကို ပူဇော်ကြတယ်။ မီးရှူးမီးပန်းများ ပစ်ဖောက်ကာလည်း ပူဇော်ကြတယ်။ မြို့ပြဘက်တွေမှာလည်း ရောင်စုံ မာကျူရီမီးတွေနဲ့ အလှဆင် ဆင်နွှဲကြတယ်။ အားလုံးသော အလှတွေနဲ့ သီတင်းကျွတ်ညအလှက ပန်းချီကား တစ်ချပ်သဖွယ် လှပနေတယ်။
ဒီလ ဒီအချိန် ဒီရာသီမှာ ပြုလုပ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့တစ်ခု ရှိသေးတယ်။ တစ်နှစ်ပတ်လုံး လူကြီးမိဘတွေအပေါ် ကာယ၊ဝစီ၊မနော စတဲ့ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့သမျှ ဒီအချိန် ဒီလ ဒီလိုရက်တွေမှာ လက်ဆယ်ဖျာ ထိပ်မှာမိုးပြီး ရင်ထဲအသည်းထဲက ကန်တော့ တောင်းပန်ကြတာဟာလည်း ဘာသာမြန်မာလူမျိုးတွေရဲ့ ချစ်သရာ ဓလေ့လေး တစ်ခုဖြစ်ပါတယ်။ လူငယ်သားသမီးတွေက တောင်းပန်ကြ လူကြီး မိဘတွေကလည်း ခွင့်လွတ်ကြနဲ့ ပျော်စရာတွေက တိုးလို့တိုးလို့နေတယ်။ တစ်နှစ်လုံး စိတ်ထဲခုနေတာတွေ ပျောက်ကွယ်ကာ စိတ်လွတ်ကာ အပြစ်ကင်းသွားတဲ့ သူတွေကို ကြည့်ပြီး ကြည်နူးမိတယ်။ အဝေးရောက် သားသမီးတွေ မိဘရပ်ထံပြန်လာ ကန်တော့ကြတော့ မိသားစု စုံညီ ပျော်ပါးခဲ့ကြတယ်။
အားလုံးထက် ချစ်ဖို့ကောင်းတာလေးကတော့ ကလေးလေးတွေပေါ့။ တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ လူကြီး မိဘတွေကို လိုက်လံကန်တော့ မုန့်တောင်းတာလေးတွေက အပြစ်ကင်းစင်ရိုးသားတဲ့ ကလေးရဲ့ ရိုးသားမှုပေကိုး။ အိတ်ကလေးတွေ ကိုယ်စီနဲ့ ဩကာသ ကန်တော့ကျိုးလေးတွေ ဆိုကာ ရွာထဲ ရပ်ထဲ ပတ်သွားနေတဲ့ ကလေးတွေအတွက်တော့ ဒီည ဒီအချိန်က အပျော်ဆုံး ညအပျော်ဆုံး အချိန် ဖြစ်လို့နေတယ်။ ကန်တော့ခံ အိမ်တွေကလည်း ကလေးတွေအတွက် မုန်းဖိုးပေးတန်ပေး၊ မုန့်ပေးတန်ပေးကြတယ်။ ရိုးရာ မုန့်လေးတွေကို ကြိုတင်ပြင်ဆင်ထားကြတယ်။ ကလေးဆုပေးလေးတွေ ကြိုကျင်ထားကြရတာပေါ့။
အော်..... ဒီလ ဒီညကို ဘယ်လ ဘယ်ညက ဘယ်လို ယှဉ်မလဲ။ အလှတွေ စုစည်းထားတဲ့ လှ၊ာသာတွေရဲ့ ည။ ဒီလ ဒီည အလှဆုံးလ အလှဆုံးည။
