EPL ရဲ့ အပြောင်းအရွေ့ဈေးကွက်က မေလ ၁၇ ရက်နေ့မှာ စပြီးတော့ သြဂတ်လ ကိုးရက်နေ့မှာ ပိတ်ပါတယ်။ FPL ကတော့ သြဂတ်လ ၁၀ ရက်နေ့မှာ ဈေးကွက်ပိတ်ပါတယ်။ ဒီနေ့ ပေါ့။
မနေ့က အထိကို လူအလဲ အလှယ် လုပ်လို့ရပါတယ်။ ဒီနေ့က စပြီးတော့ အလဲ အလှယ် လုပ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ တစ်ပတ်ကို တစ်ယောက် အလကား လဲခွင့်ပေးထားပါတယ်။ လဲလို့ မရတော့ဘူးဆိုတာက အမှတ် အလျှော့မခံရပဲနဲ့ လဲ လို့မရတာကို ဆိုလိုတာပါ။ တစ်ယောက်ထက် ပိုပြီးလဲ ရင် လေးမှတ် အနှုတ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပတ်မလဲပဲ နေရင် နောက် အပတ်မှာ သုံးလို့ ရပါတယ်။ အများဆုံး ၂ခါလဲ ခွင့် ရှိပါတယ်။ တစ်ခါပဲလဲ ရင်တော့ ကိုယ့် ကစားသမားနဲ့ ဈေးနှုန်းတူတာကိုပဲ လဲလို့ရမှာပါ။ နှစ်ခါလဲ ရင်တော့ နှစ်ယောက်ပေါင်းရဲ့ ဈေးနှုန်းနဲ့တူတာကို လဲ လို့ရပါတယ်။ ရွေးချယ်စရာ ပိုများလာတာပေါ့။
FPL မန်နေဂျာ အဖြစ်ကစားတဲ့ အခါမှာ ဈေးကြီးပြီးတော့ အမှတ်ရဖို့ သေချာတဲ့ ကစားသမားတွေ လိုသလို ဈေးနည်းပြီးတော့ အမှတ်ရှာပေး နိုင်တဲ့ ကစားသမားတွေလဲ လိုအပ်ပါတယ်။ အဲဒီလို လူမျိုးတွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ အသင်းမှာ အဲဒီလို လူတွေကို ရွေးချယ်ပေးဖို့ လိုပါတယ်။
| Name | Team | Position | Price | Current Price |
| Wilfried Zaha | Crystal Palace | Forward | £ 7.0 m | £ 7.0 m |
| Danny Ings | Southampton | Forward | £ 5.5 m | £ 6.0 m |
| Callum Wilson | Bournemouth | Forward | £ 6.1 m | £ 8.0 m |
| James Milner | Liverpool | Midfielder | £ 5.5 m | £ 5.5 m |
| Richarlison | Everton | Midfielder | £ 6.5 m | £ 8.0 m |
| Ryan Fraser | Bournemouth | Midfielder | £ 5.5 m | £ 7.5 m |
| Ruben Neves | Wolves | Midfielder | £ 5.0 m | £ 5.5 m |
| Steve Cook | Bournemouth | Defender | £ 4.6 m | £ 5.0 m |
| Ricardo Peirera | Leicester | Defender | £ 5.0 m | £ 6.0 m |
| Andrew Robertson | Liverpool | Defender | £ 7.0 m | £ 7.0 m |
| Jose Holebas | Watford | Defender | £ 4.6 m | £ 5.0 m |
| Lukasz Fabianski | West Ham | Goal Keeper | £ 4.5 m | £ 5.0 m |
| Ben Foster | Watford | Goal Keeper | £ 4.5 m | £ 5.0 m |
ဈေးနှုန်းတွေက မူလ သတ်မှတ်ထားတဲ့ ဈေးထက် မြင့်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=135